ဒီတစ်ခါ ...You tube ကနေကိုယ်တိုင် ရှာရင်းဖွေရင်း နဲ့
ကြိုက်တဲ့ Movies လေးတွေကိုဒေါင်းလုပ်ချပြီး ယူထားချင်တယ် ဆိုရင်
အဆင်ပြေအောင်လို့ ပါ… အင်တာနက်ဆိုင်ကိုသွားတဲ့ အင်တာနက် သုံးတဲ့
သူတိုင်းလိုလို မစ်မိုရီစတစ် လေးတစ်ချောင်းတော့ ပါလာမှာပေါ့…
ကိုကြိုက်လို့ဒေါင်းတာလေး တွေ စတစ်လေးထည့်ပြီး
သိမ်းထားတတ်ကြတယ်လေ….ဒါပေမယ့် အင်တာနက်ဆိုင်တွေမှာက
ဒေါင်းလုပ်မန်နေဂျာကိုတင်မထားတတ်ကျဘူးဆိုတော့ ဘယ်လိုဒေါင်းကျမလဲ ပေါ့….
ကျွန်တော် အတွက်တော့ ခုပြောမဲ့နည်းလေးကအဆင်အပြေဆုံး လို့ထင်ပါတယ်။
အားသာချက် တွေ ကတော့ ကိုဒေါင်းမယ့် ဖိုင်ကို
တစ်ခါတည်းအွန်လိုင်းပေါ်မှာတင် Converter တစ်ခုအတိုင်း ကိုယ့်စိတ်ကြိုက်
Format ကိုပြောင်းနိုင်တယ် ဒေါင်းလုပ် မန်နေဂျာ တင်မထားလည်း
သာမန်ဒေါင်းလုပ် နဲ့ဒေါင်းနိုင်ပါတယ်။ ဒီဆိုက်လေးကတော့ ……
အရင်ဆုံးကိုယ်လိုချင်တဲ့ youtube ကလင့်ကို ကော်ပီယူလိုက်ပါ..အောက်ကပုံအတိုင်းပါ.
အော်မေ့သွားလို့ Clipconverter ဆိုက်ကို ကြိုတင်ပြီးအခြား Tag
တစ်ခုနဲ့ဖွင့်ထား ရင်ပိုကောင်းတယ်လေ Ready ဖြစ်မှာပေါ့.. ပြီးတော့
ကော်ပီကူးယူထားတဲ့ ယူကျူ့က လင့်ကိုအပေါ်ကပုံပါအတိုင်း လင့်ထည့်မယ့်ဗားလေးထဲ
မှာ ထည့်လိုက်ပြီး Continue ခလုပ်နိုပ် ပြီး နည်းနည်းလေးစောင့် ရမယ်
ပြီးရင် ကိုယ်ထည့်လိုက်တဲ့ Link မှာ ပါတဲ့ဖိုင်ဆိုက်အမျိုးမျိုးကို
ရွေးနိုင်ပါသေးတယ် …. Format ကို ကိုယ်စိတ်ကြိုက်ရွေးပြီး အောက်ဖက်နားက
Start Buttom လေးနိုပ် ပြီးတာနဲ့ ဒေါင်းလုပ် ရတော့မှာပါ….
စောင့်ရချိန်ကြာတာမကြာတာကတော့ ကိုရွေးချယ်လိုက်တဲ့ဖိုင်ဆိုက်ပေါ်မှာမူတည်ပြီးကြာတတ်ပါ
ဒီလိုဒေါင်းလုပ် လုပ်နိုင်မယ့်
ဘောက်လေးကျလာမှာပါဒေါင်းလုပ်လုပ်နိုင်ပါပြီ …ဒီဆိုက်ကနေ တစ်ဆင်ခံ
ဒေါင်းလုပ်ပေးတဲ့ အတွက် Resume လည်းရပါတယ် ….
ပြီးတော့
Converter ဆိုက်ကို Browser addon လုပ်ထားလိုက်ရင် လည်းရပါတယ် ဒါဆိုရင်
Youtube စခရင်မြင်ကွင်း ရဲ့ အပေါ်ဖက်နားလေး မှာ buttom တစ်ခုအနေနဲ့
ရောက်လာမှာပါ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဖိုင် ကိုလိုချင်တာနဲ့ Click
လုပ်ပေးလိုက်ရုံပါပဲ အရမ်းအဆင်ပြေသွားပါတယ်…
အားလုံးပဲအဆင်ပြေ နိုင်ကြပါစေ….
No comments:
Post a Comment