အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label အင်တာနက် မှဒေါင်းလုပ်လုပ်နည်းများ. Show all posts
Showing posts with label အင်တာနက် မှဒေါင်းလုပ်လုပ်နည်းများ. Show all posts

Saturday, 15 June 2013

Download manager နဲ့ ဒေါင်းရင်း Link Error ဖြစ်သွားခဲ့ရင်ဖြေရှင်းနည်း

ဒေါင်းလုပ် လုပ်ထားတာလေး “ခဲလေသမျှသဲရေကျ” မဖြစ်ရအောင်
          အင်တာနက် ကနေ ကိုယ်လိုချင်တဲ့ဆော့ဝဲလ် တွေ app တွေ နဲ့ ရုပ်ရှင် ဖိုင်တွေ ကို မြန်မြန်ဆန်ဆန် ဒေါင်းဖို့ အကောင်းဆုံး ကဒေါင်းလုပ်မန်နေဂျာ ပဲလေ ။ ဖိုင်ဆိုက်ကြီးကြီး တွေ ကိုဒေါင်းလုပ်ချရင် အပိုင်းတွေ    ပိုင်းပီးတင်ပေးတတ်ကြတယ် နောက်ဆုံးပိုင်းဒေါင်းနေရင်း Error တက်ပီးလင့်သေသွားခဲ့ရင် ကိုယ်အပင်ပန်းခံဒေါင်းထားတာလေး အစကပြန်ဒေါင်းလုပ်ချရရင်အချိန်ကုန်တယ်လေ။ ဒီနည်းလေးနဲ့ စမ်းသတ်ကြည့်ပါ ။
  • ဒေါင်းလုပ်လင့်(Download Link) က စတင်ဒေါင်းလုပ်ဆွဲကတည်းက Resumeရဖို့ လိုပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ဒေါင်းလုပ်လင့်မှာ Error တက်သွားရင် ခုနည်းလေးကဆင်ပြေမှာပါ။ 10 ရက် 15 ရက်ကျော်ကျော်ထိကြာသွားလည်းပြန်ပြီးတော့ ဒေါင်းလက်စနေရာကနေ Resume ပြန်ရနိုင်ပါတယ်။
ဒီပုံလေးထဲကအတိုင်း Error ဖြစ်နေတဲ့လင့်ကို R-Click > Refresh Download Adress ကို Click လိုက်ပါ ဒါဆိုရင် မူလဒေါင်းလုပ် ယူခဲ့တဲ့ဒေါင်းလုပ် Page ကို Browser ကပွင့်လာပါလိ့မ်မယ်
  • အရေးကြီးတာက အသစ်ပြန်ဆွဲမယ့် ဒေါင်းလုပ် ကိုတန်းပြီး ဒေါင်းလုပ် မလုပ်လိုက်ပါနဲ့
ဒေါင်းလုပ်ကိုတန်းနှိပ် လိုက်ရင် ဒေါင်းလုပ်မန်နေဂျာမှာ ကိုယ်ဆွဲလက်စ 50% လောက်ရောက်နေတဲ့နေရာမှာ အစားထိုးဝင်းပီးတော့ 0% ကနေပြန်ဒေါင်းသွားမှာ အတွက်ကြောင့်ပါ။
ဥပမာ- ဒေါင်းလုပ်လင့်ကိုပဲ Copy Link Location နဲ့ ယူပီး Note pad လေးဖွင့်ပီးယာယီမှတ်ထားပါ။
နောက်အဆင့်ကလွယ်ပါတယ် ဒေါင်းလုပ်မန်နေဂျာကိုဖွင့်လိုက်ပီးတော့ စောစောက Error ဖြစ်သွားတဲ့ ဒေါင်းလုပ်ကို Dabble Click ဖွင့်လိုက်ပါ။ပီးရင် ပွင့်လာမယ့် Box ရဲ့ Adress နေရာမှာ Copy ယူထားတဲ့ ဒေါင်းလုပ်လင့် အသစ်ကို အစားထိုး ပီး OK လုပ်လိုက်ပါ။
ဒါဆိုရင် Error ဖြစ်နေတဲ့ ဒေါင်းလုပ်ဟာ ပြန်ပီး Resume လုပ်ဖို့ အသင့်ဖြစ်နေပါပီ…
R Click >Resume လုပ်လိုက်ပါ။  အိုကေသွားမှာပါ ကိုယ်ဒေါင်းလက်စ 50% မှာ Error တက်ပီး ဒေါင်းမတော့တဲ့နေရာကနေပြန်ပီး ဒေါင်းပေးပါလိမ့်မယ်။

အဆင်ပြေ ကြပါစေ...

Saturday, 11 May 2013

You Tube မှအကောင်းဆုံး ဒေါင်းလုပ်လုပ်နည်း

  ဒီတစ်ခါ ...You tube ကနေကိုယ်တိုင် ရှာရင်းဖွေရင်း နဲ့ ကြိုက်တဲ့ Movies လေးတွေကိုဒေါင်းလုပ်ချပြီး ယူထားချင်တယ် ဆိုရင် အဆင်ပြေအောင်လို့ ပါ…  အင်တာနက်ဆိုင်ကိုသွားတဲ့    အင်တာနက် သုံးတဲ့ သူတိုင်းလိုလို မစ်မိုရီစတစ် လေးတစ်ချောင်းတော့ ပါလာမှာပေါ့… ကိုကြိုက်လို့ဒေါင်းတာလေး တွေ စတစ်လေးထည့်ပြီး သိမ်းထားတတ်ကြတယ်လေ….ဒါပေမယ့် အင်တာနက်ဆိုင်တွေမှာက ဒေါင်းလုပ်မန်နေဂျာကိုတင်မထားတတ်ကျဘူးဆိုတော့ ဘယ်လိုဒေါင်းကျမလဲ    ပေါ့….  ကျွန်တော် အတွက်တော့ ခုပြောမဲ့နည်းလေးကအဆင်အပြေဆုံး လို့ထင်ပါတယ်။
             အားသာချက် တွေ ကတော့ ကိုဒေါင်းမယ့် ဖိုင်ကို တစ်ခါတည်းအွန်လိုင်းပေါ်မှာတင် Converter     တစ်ခုအတိုင်း ကိုယ့်စိတ်ကြိုက် Format ကိုပြောင်းနိုင်တယ်  ဒေါင်းလုပ် မန်နေဂျာ တင်မထားလည်း သာမန်ဒေါင်းလုပ် နဲ့ဒေါင်းနိုင်ပါတယ်။ ဒီဆိုက်လေးကတော့ ……
          အရင်ဆုံးကိုယ်လိုချင်တဲ့ youtube ကလင့်ကို ကော်ပီယူလိုက်ပါ..အောက်ကပုံအတိုင်းပါ.
      အော်မေ့သွားလို့ Clipconverter ဆိုက်ကို ကြိုတင်ပြီးအခြား Tag တစ်ခုနဲ့ဖွင့်ထား ရင်ပိုကောင်းတယ်လေ Ready ဖြစ်မှာပေါ့.. ပြီးတော့ ကော်ပီကူးယူထားတဲ့ ယူကျူ့က လင့်ကိုအပေါ်ကပုံပါအတိုင်း လင့်ထည့်မယ့်ဗားလေးထဲ မှာ ထည့်လိုက်ပြီး Continue ခလုပ်နိုပ် ပြီး နည်းနည်းလေးစောင့် ရမယ် ပြီးရင် ကိုယ်ထည့်လိုက်တဲ့ Link မှာ ပါတဲ့ဖိုင်ဆိုက်အမျိုးမျိုးကို ရွေးနိုင်ပါသေးတယ်  …. Format ကို ကိုယ်စိတ်ကြိုက်ရွေးပြီး အောက်ဖက်နားက Start Buttom လေးနိုပ် ပြီးတာနဲ့ ဒေါင်းလုပ် ရတော့မှာပါ….
        စောင့်ရချိန်ကြာတာမကြာတာကတော့ ကိုရွေးချယ်လိုက်တဲ့ဖိုင်ဆိုက်ပေါ်မှာမူတည်ပြီးကြာတတ်ပါ
ဒီလိုဒေါင်းလုပ် လုပ်နိုင်မယ့် ဘောက်လေးကျလာမှာပါဒေါင်းလုပ်လုပ်နိုင်ပါပြီ …ဒီဆိုက်ကနေ တစ်ဆင်ခံ ဒေါင်းလုပ်ပေးတဲ့ အတွက် Resume လည်းရပါတယ် ….
ပြီးတော့ Converter ဆိုက်ကို Browser addon  လုပ်ထားလိုက်ရင် လည်းရပါတယ်  ဒါဆိုရင် Youtube စခရင်မြင်ကွင်း ရဲ့ အပေါ်ဖက်နားလေး မှာ buttom တစ်ခုအနေနဲ့ ရောက်လာမှာပါ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဖိုင် ကိုလိုချင်တာနဲ့  Click လုပ်ပေးလိုက်ရုံပါပဲ အရမ်းအဆင်ပြေသွားပါတယ်…
      အားလုံးပဲအဆင်ပြေ နိုင်ကြပါစေ….                                                   

Thursday, 9 May 2013

You Tube မှ အလွယ်ကူဆုံး ဒေါင်းနည်း


Youtube URL လိပ်စာေ၇ှ့မှာ ss ထပ်ပေါင်းပေးလိုက်ရုံပါပဲ…
ဥပမာ
ဒီအောက်ဟာလေးက ဒေါင်းချင်တဲ့ Youtube URL ဆိုပါတော့

http://www.youtube.com/watch?v=Glny4jSciVI ဆိုပါစို့
အပေါ်က ဘားတန်းမှာ အဲဒိ လိပ်စာရှေ့နားမှာ SS ဆိုတာလေး ကို ထည့်လိုက်ဗျာ
ဒီလိုလေးပေါ့နော် http://www.ssyoutube.com/watch?v=Glny4jSciVI
ပီးရင် အန်းတား နှိပ်ဗျာ။
Enter နှိပ်လိုက်တဲ့အခါ ဒါမျိုး widow တစ်ခု ပေါ်လာပါလိမ့်မယ်….အဲ့မှာ ကိုယ်ဒေါင်းချင်တဲ့ format ရွေးပြီး ဒေါင်းရုံပါပဲ….