ကျွန်တော်ဒီတစ်ခါ အဆင်သင့်အသုံးပြုနိုင်မယ့် ဘွဲ့ဝတ်စုံလေးတွေ ၊ ပြီးတော့ ၀ါးတီးကုတ်လေးတွေ
ကို PSD ဖိုင်ဖြင့်တင်ပေးလိုက်ပါတယ်။ အဲဘာတွေလုပ်ရလဲဆိုတော့ အဆင်သင့်ဘွဲ့ဝတ်စုံလေးမှာ
ကိုယ့်မျက်နှာတပ်လိုက်ရုံပါပဲ။
ကဲ..ဘယ်လောက်အဆင်ပြေလဲကြည့်ပါအုန်း။
မိမိ ပုံလေးကို ဘွဲ့ဝတ်စုံလေးနဲ့ဧည့်ခန်းမှာထားလိုက်မယ်ဆိုရင် ဟိ..ဟိ.. ဘာရယ်ဘာရယ်တော့
မဟုတ်ပါဘူး လူရှိန်တာပေါ့..။ အများကြီးမပြောတော့ဘူးနော်...အောက်မှဆွဲလိုက်..
Download Filecould | Zippyshare | Dropbox
အဆင်ပြေကြပါစေ... လေဆိပ်မှာညအိပ်မရလို့...
LCCT-၁၄-၈-၂၀၁၃ အိမ်အပြန်အမှတ်တရ...
အဝေးရောက်ခရီးသည် ဘလော့လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..တတ်စွမ်းသမျှ တွေ့ရှိသမျှလေးတွေကို ပြန်လည် မျှဝေပေးနေပါ့မယ်...အရာအားလုံးသည်ကျနော်၏ ကိုယ်ပိုင်များ မဟုတ်ပါ။ (ကျနော် အဝေးရောက်ခရီးသည် လေးသည် ၁၃.၈.၂၀၁၃ နေ့တွင် မွေးရပ်မြေကိုပြန်တော့မှာဖြစ်သည့်အတွက် ပိုစ့်အတင် နဲသွားပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါတယ်)
Showing posts with label photoshop ဆိုင်ရာ နည်းပညာ. Show all posts
Showing posts with label photoshop ဆိုင်ရာ နည်းပညာ. Show all posts
Tuesday, 13 August 2013
Thursday, 8 August 2013
5_New_Bird_Brushes ဖိုတိုရှော့အတွက်ပါ
ဖိုတိုရှော့ ဝါသနာပါသော သူငယ်ချင်းများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါသည်.။
လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးသောသူများအတွက်ကတော့ လိုအပ်ပေလိမ့်မည်။
သိသလောက်လေး တင်ပေးလိုက်ပါသည်။ဝါသနာရှိရင်တော့ အဆင်ပြေပါတယ်။
BRUSHES လေးကိုဒေါင်းပြီးဖွင့်လိုက်ပါ။5New Bird Brushes ဆိုတာလေးကိုDesktop ပေါ်သို့ 
mouse ရဲ့ လက်ငြိုးခလုတ်လေးကိုဖိပြီးခဏခွဲထုတ်ထားလိုက်ပါ။
ကွန်ပြူတာထဲမှမိမိကြိုက်နှစ်သက်ရာပုံလေးကိုဖွင့်လိုက်ပါ။
အောက်ပါပြထားသောပုံမှ Windows ကိုရွေးပြီး Brushes ကိုနှိပ်ပါ။
အောက်ပါပုံလေးပေါ်လာတာကိုတွေ့ ပါလိမ့်မည်။သုံးလို့ မရသေးဘဲအရောင်မှိန်နေပါလိမ့်မည်။
အောက်ကပုံလေးကိုတွေရမယ်။ဒါဆိုသုံးလို့ ရပြီ။
ဒီလောက်ဆိုဆက်လုပ်လို့ ရမယ်လို့ မျှော်လင့်ပါတယ်။
ဒီမှာဒေါင်းပါ။
အဆင်ပြေကြပါစေ...
Monday, 29 July 2013
Reallusion Crazytalk Animator v1.01 pro Full with key
ဒီ
Software လေးကလဲ စိတ်ဝင်စားစရာလေးပါ၊ ပုံလေးတွေ ကို ကောင်းကောင်း ကလိလို့
ရတယ်၊ ပုံအသေလေးတွေ ကို လှုပ်ရှာအောင် စကားပြောနေတဲ့ ပုံဖြစ်အောင်
ဖန်တည်းပီး Video,Gif Animate, JPG, PNG Flash file စသည့်ဖြင့်
ထုပ်လို့ရသလို ဖြတ်ညှပ်ကပ်လဲ လုပ်လို့ ရပါသေးတယ်၊Software ကအောက်ဆုံးမှာ
ယူပါ၊ မူရင်းဆိုဒ်မှာတော့ $104 နဲ့ရောင်းထားပါတယ်၊ကျွှန်တော်က တော့ အလကား
Fee ပေးစရာမလိုတဲ့ Full Version လေးပါ၊ မူရင်းလင့် http://www.reallusion.com/go/crazytalk/upgrade/special.asp
မှာသွားရောက်ကြည့်နိုင်ပါကြောင်း၊ YouTube မှာလဲ ဒီဆော့ဝဲလ်နဲ့ပါတ်သက်တဲ့
နည်းပညာတွေ လေ့လာလို့ ရပါတယ်၊ ကျွှန်တော် သိသလောက်လေး လဲပုံလေးတွေ လုပ်ပီး
ပြပေးထားပါတယ်၊ စိတ်ဝင်စားရင်တော့ လုပ်ကြည့်ပါ၊
အောက်ကပုံကတော့ စဖွင့်ရင်တွေရမဲ့ ပုံပါ

အောက်မှာ Project ကနေပီး ပုံတွေ Video တွေ Mp3 တွေ ထည့်လို့ ရပါတယ်၊

နောက် Actors၊ သူကတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါပဲ၊ Character ကနေပုံလေးတွေ အများကြီး ရွေးနိုင်ပါတယ်၊

နောက့် Head ကနေ ခေါင်းလေးတွေ ကြီးပဲလဲ ရယူနိုင်ပါသေးတယ်၊

နောက်တခုကတော့ Body ပိုင်းပါ၊ သူကလဲ ခေါင်းမပါပဲ Body တွေကြီးပါ၊ ဒီနေရာမှာ Software မှာပါတဲ့ Head တွေ Body တွေ မသုံးချင်ရင်တောင် ကိုယ်ကိုယ်တိုင် ကြိုက်နှစ်သပ်တဲ့ ပုံတွေ ကို Photoshop နဲ့ဖြစ်စေ အဆင်ပြေတာနဲ့ ဖြတ်ညှပ်ပီး ဆက်လို့ အစားထိုးလို့ ရပါတယ်၊

နောက်တခုက Animation မှာ၊ သူကတော့ ကိုထည့်ထားတဲ့ ပုံလေး တွေ ကို လှုပ်ရှားခိုင်းမယ်၊ ကခိုင်းမယ်၊ သရုပ်ဆောင် ခိုင်းမယ်၊ လမ်းရှောက်ခိုင်း လို့ရတဲ့ အပိုင်းပါ၊

နောက် Scene ကတော့ Background ပါ၊

Special Fix တော့ စာရေးလို့ ရမယ် အသံဖိုင်နဲ့ ပါတ်သက်ပါတယ်၊

နောက် အောက်ချေက မျှားပြထားတဲ့နေရလေးကို ကလစ်ပေးလိုက်ရင် ကိုယ်ထည့်ထားတဲ့ သီချင်းတွေ Video တွေ ရဲ Timeline ပါပဲ လိုသလို ပြင်ယူနိုင်ပါတယ်၊

အောက်ကပုံကတော့ ကိုကြိုက်တဲ့ ပုံတွေ နောက်ခံတွေ ထည့်ပီးရင် ပုံလေးတွေကို လှုပ်ရှားလာအောင် လုပ်ယူမဲ့ ပုံပါ၊ 1 ကို ကလစ်လိုက်ရင် 2 နဲ့ 3 ပြထားတဲ့ ဘောက်လေး ပေါ်လာပီး ကြိုက်ရာရွေးနိုင်ပါတယ်၊ ပုံကိုတော့ Select လုပ်ထားရပါမယ်၊
အောက်က 1 နေရာကို ကလစ်လိုက်ရင် ပါးစပ်တွေ ခေါင်းတွေ မျက်လုံးတွေ လှုပ်ရှားအောင် လုပ်ဆောင်ပေးပါတယ်၊ ကိုယ်လိုချင်တဲ့ အတိုင်းယူပီး မောက်နဲ့ ကစားပေးရပါမယ်၊ဒါမှာ မျက်လုံးတွေ ပါးစပ်တွေ က လှုပ်ရှားမှာပါ၊ ဒီနေရာမှာ ကိုယ်ဖန်းတည်းထားတဲ့ ပုံကို အတည်ယူမယ်ဆိုရင် Record ကို ကလစ်ပေးပီး Space Bar ကိုပုတ်မှ Record လုပ်မှာပါ၊ ဒါမှာ Play လိုက်ရင် ကိုယ်လုပ်ထားတဲ့ ပုံက လှုပ်ရှားပမယ်၊

အောက်ကတော့ အားလုံးပီးရင် Save ပါမယ်၊ Video, Image , flash ဖိုင် စသည့်ဖြင့် သိမ်းယူနိုင်ပါတယ်၊

ဒီလောက်ဆိုရင် အဆင်ပြေမှာပါ၊ ကုန်အောင်လုပ်ပြရင်တော့ ပုံတွေ အများကြီး ထွက်တော့ မှာ၊ ကိုယ်ဘာသာပဲ ကလိတော့ နော.. အဆင်ပြေပါစေဗျာ၊ Software ကအောက်မှာ ယူပါ၊ ဒီဆော့ ၀ဲကို သုံးရင် ကျွှန်တော်တော့ လိုင်းပိတ်ထားရပါတယ်၊ ဘာလို့ လဲဆိုတော့ Illegal လိုင်စင် မို့လားမသိပါ.. လိုင်ဖွင့်ပီး သုံးရင် ပိုက်ပိုက်တောင်းပါတယ်၊ လိုင်းပိတ်သုံးရင် 100% Working ပါ၊ Full Version အထဲမှာ လိုင်စင် Keys ပါပါတယ်၊

Tuesday, 14 May 2013
Photoshop Cs 5 အသုံးပြုနည်း ( E-Book )
ကျွန်တော်တို့ Photoshop ကိုတော့ အားလုံးလိုလို စိတ်ပါဝင်စား ရှိကြပါတယ်။ တစ်ချို့ကလည်း
လုပ်ငန်း ပိုင်းအတွက် အသုံးဝင်သလို တစ်ချို့ကလည်း စီးပွားရေးအတွက် လိုအပ်ကြပါတယ် ။
တစ်ချို့ကြတော့ မိမိချစ်သူ သူငယ်ချင်း တွေအတွက် အပျော် လုပ်ချင် ကြတာမျိုးလည်း ရှိကြပါတယ် ။
အခုတင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Adoble Photoshop Cs 5
အသုံးပြုနည်းကို Tool တစ်ခုချင်း စီအလိုက် ရှင်းပြထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် ..
လိုအပ်တဲ့ သူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ အားလုံး အဆင်ပြေကြပါစေ..။
Download - Photoshop Cs5 အသုံးပြုနည်း ( E - Book)
ရောင်စုံ စာသားလေးနဲ့ GIF ပုံလေးရေးချင်လုပ်ချင်ရင်
မင်္ဂလာပါသူငယ်ချင်းအားလုံး ဒီအောက်က ပုံမျိုးလေးကို ဘယ်လိုလုပ် လဲဆိုတာ ကြည့်ရအောင်နော်....

Open မှာကလစ်ပြီး မိမိနှစ်သက်ရာပုံ(၁)ပုံထည့်ပါ

TOOL (သို့မဟုတ်) T ပုံလေးကိုကလစ်ပါ

မိမိထည့်ထားတဲ့ပုံအပေါ်ကိုအခုလေးဆွဲလိုက်ပါ

မိမိနှစ်သက်ရာစာရေးပါ ရေးပြီးရင် အပေါ်မှာကြည့်လိုက်ပါ အနီရောင်ပြထားတဲ့နေရာမှာဖောင့်ပြောင်းပါ
အပြာရောင်ပြထားတဲ့နေရာမှာ ဖောင့်ဆိုဒ်ပြောင်းပါ ပြီးသွားရင် ညာဘက်နားအနီရောင်ဝိုင်းပြထားတဲ့ အမှန်ခြစ်လေးနှိပ်ပါ
နောက် Tool V (သို့မဟုတ်) အနက်ရောင်ပြထားတဲ့နေရာမှာ ကလစ်ပြီး စာကြောင်းလေးမိမိလိုရာဆွဲနိုင်ကြောင်း

စာရေးပြီးသွားပြီဆိုရင် Window ကိုကလစ်ပြီး Animation ကိုရွေးကလစ်ပါ

အောက်နားမှာကြည့်လိုက်ပါတုတ်လေးပြထားတဲ့ဟာလေးကိုကလစ်ပြီးframes 5 ခုလောက်လုပ်လိုက်ပါ

ပထမ နံပါတ်တစ်ကနေစမယ် (1) ကိုကလစ်နှိပ်ပါ(အနီရောင်မျဉ်းပြထားနေရာ)
ပြီးသွားရင်ညာဘက်အောက်နားကတုတ်လေးထောက်ပြထားတဲ့ FX ဆိုတာလေးကလစ်ပါ ဘာ too ညာ tool ပြောတော့ဘူးနော်
ပုံမှာကြည့်လိုက်

FX ဆိုတာကလစ်ပြီးပေါ်လာတဲ့အထဲက storke ကိုကလစ်လိုက်ပါ

ဒီလိုမျိုးပေါ်လာမယ် မိမိကြိုက်ရာအရောင်ရွေးပါ ပြီးရင် OK ပါ

နောက်ထက် FX ကိုကလစ်ပြီး color overlay ကိုရွေးပါ

မိမိနှိစ်သက်ရာ အရောင်ရွေးပါ အပေါ်မှာပြောခဲ့တဲ့အရောင်နဲ့ မတူညီတာကိုရွေးပါ

ဒီလိုပါပဲ feames 1 ကနေ 5 အထိ ကလစ်နှိပ်ပြီး အပေါ်မှာပြခဲ့သလိုအရောင်လေးတွေပြောင်းလိုက်ပါ
ပြီးသွားရင် တုတ်ထောက်ပြထားတဲ့နေရာက်မှာ play ကြည့်လိုက်ပါ

အားလုံးအာလုံး OK သွားပြီးဆိုရင် သိမ်းပါ့မယ်
FILE ကိုကလစ်နှိပ်ပြီး save for& web devices ကိုရွေးကလစ်ပါ

SAVE ပါ အနီရောင်ဝိုင်းပြထားတဲ့နေရာမှာ GIF ကိုထားပါ

ဖိုင်နာမည်ရေးပြီး SAVE လိုက်ပါပြီးပါပြီ
သူငယ်ချင်းအားလုံးပျော်ရွှင်နိုင်ပါစေ...
Subscribe to:
Posts (Atom)