အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label TRUE LOVE. Show all posts
Showing posts with label TRUE LOVE. Show all posts

Monday, 5 August 2013

ကျနော့်အတွက် အချစ်ဆိုတာ ...

ကျွန်တော် သူ့ကို အရမ်းချစ်မိနေပြီ
ဒါပေမဲ့  ဘာလို့ ချစ်တာလဲလို့ သူမေးရင်
ကျွန်တော် အတွက် အဖြေ မရှိဘူး
အချစ်ဆိုတာ ဘာလဲ သေသေချာချာ ကျွန်တော်မသိဘူး
ဒ့ါပေမဲ့  သူနဲ့  မတွေ့ ရတဲ့ နေ့  ကျွန်တော် မပျော်ဘူး
သူ နဲ့  စကားမပြောလိုက်ရရင် ကျွန်တော် ရင်တွေ မွန်းကြပ်နေတယ်
ကျွန်တော် အတွက် သူဟာ ပျော်ရွင်မှုတွေ ယူဆောင်လာပေးသူ
သူဟာကျွန်တော် အတွက် နတ်သမီးလေး တစ်ပါး
ကျွန်တော် အတွက် အချစ်ဆိုတာ ရေရေရာရာ မသိပေမဲ့ 
တွယ်တွယ်တာတာ သူ့ကို ချစ်ပြီးမှ
ပစ်ပစ်ခါခါ သူမုန်းသွားမှာ အရမ်းကြောက်တယ်
အချစ်ဆိုတာ ဆန်းကြယ်တယ်လို့  ပြောကြတာပဲ
အဲဒီ ဆန်းကြယ်တဲ့  အချစ်မှာ
ကျွန်တော် လိပ်ပြာလေး တစ်ကောင် ဖြစ်ချင်တယ်
သူ ရဲ့  နှလုံးသား ပန်းပွင့် လေး ဆီမှာ
ကျွန်တော်ဟာ တစ်သက်တာ သူ့ အနားမှာ နေခွင့် ရချင်လို့ 

Wednesday, 31 July 2013

သူ့ကိုတကယ် ချစ်မိသွားပြီဆိုရင်

အချိန်တိုင်းသူ့အကြောင်းစဉ်းစားနေတတ်ပါတယ်...

ဘယ်တော့မှ လမ်းခွဲလို့မဖြစ်ဘူးဆိုတဲ့အသိလေးတွေ
ရှိတတ်ပါတယ်...

ဝေးနေရင် သတိရနေတတ်ပြီး နီးနေရင်လဲရင်ခုန်နေ
တတ်ပါတယ်...

လှပတဲ့နေရာလေးတွေဖြစ်ဖြစ် ပျော်စရာနေရာတွေ
မှာတောင် သူနဲ့သာဆိုရင်ဆိုတဲ့အတွေးလေးတွေတွေး
နေတတ်ပါတယ်...

သူနဲ့အမြဲတမ်းဆုံတွေ့ခွင့်လေးတွေကို မျှော်လင့်နေတတ်
ပါတယ်...

အလျှားနံတိုင်းလို့မရတဲ့မာနပါးပါးလေးတွေရှိတတ်ပေမဲ့
အမုန်းဆိုတာ မရှိသလောက်ရှားနေတတ်ပါတယ်...

တစ်ယောက်ယောက်ကို သူ့အကြောင်းပြောနေရရင်
ပျော်နေတတ်ပါတယ်...

သူနဲ့ပတ်သက်တဲ့အရာအားလုံးဟာကိုယ့်အတွက်အရမ်း
တန်ဖိုးရှိနေသလို ခံစားနေရတတ်ပါတယ်...

သီချင်းလေးတွေနားထောင်ဖြစ်ရင်တောင်တိုက်ဆိုင်တဲ့
စာသားတွေဖြစ်ခဲ့ရင်တောင် သူ့ကိုသတိရနေတတ်ပါတယ်...

မနက်မျက်လုံးဖွင့်လိုက်တာနဲ့ သူဆိုတာကိုယ့်ခေါင်းထဲကို
အလိုလိုဝင်လာတတ်ပါတယ်...

တခြားလူနဲ့စကားပြောနေတာကအစ သ၀န်တိုတတ်လာ
ပါတယ်...

အိပ်ယာပေါ်ရောက်ရင်တောင် မျက်လုံးလေးတွေမမှိတ်သေး
ခင်အထိ သူဆိုတာခေါင်းထဲမှာရှိနေတတ်ပါတယ်...

သူပျော်နေရင် ကိုယ်လဲအလိုလိုပျော်နေတတ်ပါတယ်...
ဟန်ဆောင်ခြင်းကင်းတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ...
(aungscc@gmail.com)13-8 2013

ဆုံးရှုံးသွားမှာ စိုးလို့ သ၀န်တိုမိတာပါ


ဒါက နင့်အတွက် ချုပ်ခြယ်သလို ဖြစ်နေရင်တော့  ငါတောင်းပန်ပါတယ်နော်.....
" .... တကယ်တော့  ငါနင်နဲ့  မခွဲနိုင်လို့ ပါ ...... "



ပိုင်ဆိုင်ချင်မိတော့ လည်း အတ္တကြီး မိတာပေါ့............
ဒါက နင့်အတွက် အနေကျုံ့သလို ဖြစ်နေရင်တော့ ငါ ဆင်ခြင်ပါ့ မယ်နော်..
" ... တကယ်တော့  ငါ နင့်ကို တခြားသူလက်ထဲအရောက်မခံနိုင်လို့ ပါ..... "


စိတ်မချမိတော့ လည်း နေရာတကာ ၀င်ပါမိပြန်တာပေါ့.......
ဒါက နင့်ကို အရှက်ရစေသလို ဖြစ်နေရင်တော့  ငါ ရှောင်ကြဉ်ပါ့ မယ်နော်...
" ..... တကယ်တော့  ငါ နင့်ကို အရမ်းချစ်မိနေလို့ ပါ.. .... "



စိတ်ဆိုးခြင်းရဲ့နောက်ကွယ်မှာ .....
အချော့ခံချင်လို့ ဆိုတာ နင်သတိထားမိမယ်ဆိုရင်တော့ 
ငါအပြုအမူတွေအတွက် နားလည်ပေးနိုင်မယ်ထင်ပါတယ်ချစ်သူရယ်..



တကယ်တော့  ကမ္ဘာပေါ်မှာရှိတဲ့ 
ချစ်တတ်တဲ့သူမှန်ရင် ၊ သ၀န်တိုတတ်တယ်...
စိတ်ကောက်တတ်တယ်. .... ၊ စိတ်မချဖြစ်တတ်ကြတယ်လေ.
....
ချစ်သောသူတွေ ကွေကွင်းခြင်းမှ ကင်းဝေးကြပါစေ...
(aungscc@gmail.com) 13-8-2013

Saturday, 2 July 2011

အချစ်သည်....

အချစ်သည် သူ့ကို အရေးမထားတတ်သူအား နှောက်ယှက်ဖျက်ဆီးနိုင်စွမ်းမရှိ.....                                                                                                   
အချစ်သည်ဘ၀မဟုတ် ဘဝ၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။
ဘဝတွင် အချစ်မရှိလဲ အရေးမကြီး
ပညာ အလုပ် ငွေ မိဘဆွေမျိုး သူငယ်ချင်း တွေရှိနေလျှင်  ဘ၀တွင်ပျော်ရွှင်စွာနေနိုင်၏ ဟုကြွေးကြော်ကာ အချစ်ကို အရာမသွင်းအရေးမထားပဲ နေနိုင်သူများလဲရှိ၏။ အချစ်သည်ထိုသူများကို လှည့်စားဖြားယောင်းနိုင်စွမ်းမရှိ......
မတတ်သာ ပဲလက်ပိုက်ကြည့်နေရတော့၏……..