အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label ဖေ့ဘွတ် ဆိုင်ရာနည်းပညာများ. Show all posts
Showing posts with label ဖေ့ဘွတ် ဆိုင်ရာနည်းပညာများ. Show all posts

Monday, 5 August 2013

Facebook မှာ Movie တွေတင်ကြတဲ့အခါ သိထားရမယ့် ဖိုင်အမျိုးအစား Format အကြောင်း..


Facebook မှာ Movie တွေတင်ကြတဲ့အခါ သိထားရမယ့် ဖိုင်အမျိုးအစား Format အကြောင်းနည်းနည်း ပြောပြချင်ပါတယ်.. သိပြီးသားလည်း ဖြစ်နိုင်လောက်ပါရဲ့.. မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ. တစ်ချို့ တင်နည်း မသိလို့မေးတဲ့သူတွေလည်းရှိတယ်.. Beginner တွေဖြစ်မှာပါ..

Facebook မှာ Video Movie တွေကိုတင်တဲ့အခါ PC သုံးနေရင် Add Photos/Video ကိုနှိပ်ပြီး Upload Photos/Video ထပ်နှိပ်ပေးရပါမယ်.. ကျလာတဲ့ဘောက်ထဲမှာ ကိုယ်တင်မယ့် ဖိုင်ကို ရွေးပြီး Open ကို ရွေးလိုက်ရုံပါပဲ..
ဒီမှာ ဖိုင်အမျိုးအစားနဲ့ Resolution အကြောင်း နည်းနည်း သိတာလေး ထပ်ပြောချင်ပါတယ်.. အမြင့်ဆုံး Resolution က 1280px ထက်မပိုသင့်ပါဘူး.. ဖိုင်ဆိုဒ် ကန့်သတ်ထားတာ မရှိပေမယ့် မြန်မာ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းအတွက်တော့ တစ်ဖိုင်ကို 30 MB ထက်ပိုမတင်သင့်ပါဘူး.. Fiber Cable, WiMax နဲ့ 2mb/s ADSL နှင့်အထက် သမားတွေကတော့ နိုင်သလောက်တင်နိုင်ပါတယ်..
File Format ထဲမှာ mp4 က အကောင်းဆုံးလို့ Facebook က အကြံပြုထားပါတယ်.. AAC, MOV လည်းမဆိုးဘူးတဲ့.. အောက်က စာရင်းကတော့ Facebook မှာ တင်လို့ရတဲ့ Video Format များပဲဖြစ်ပါတယ်ခင်ဗျာ..
3g2 (Mobile Video)
3gp (Mobile Video)
3gpp (Mobile Video)
asf (Windows Media Video)
avi (AVI Video)
dat (MPEG Video)
divx (DIVX Video)
dv (DV Video)
f4v (Flash Video)
flv (Flash Video)
m2ts (M2TS Video)
m4v (MPEG-4 Video)
mkv (Matroska Format)
mod (MOD Video)
mov (QuickTime Movie)
mp4 (MPEG-4 Video)
mpe (MPEG Video)
mpeg (MPEG Video)
mpeg4 (MPEG-4 Video)
mpg (MPEG Video)
mts (AVCHD Video)
nsv (Nullsoft Video)
ogm (Ogg Media Format)
ogv (Ogg Video Format)
qt (QuickTime Movie)
tod (TOD Video)
ts (MPEG Transport Stream)
vob (DVD Video)
wmv (Windows Media Video)

ကဲ.. ဒါဆိုရင်တော့ တင်လို့မရတဲ့ ဖိုင်အမျိုးအစား Format မရှိသလောက်ဖြစ်သွားပြီ.. Error တက်တာ၊ Loading မှာရပ်နေတာကတော့ Facebook ကြောင့်ရော၊ အသုံးပြုသူရဲ့ အမှားကြောင့်ပါ မဟုတ်ပါဘူး.. လိပ်ကဲ့သို့ အလွန်တရာ မြန်ဆန်လှစွာသော မြန်မာ့ မြန်နှုန်းနှေး အင်တာနက်ကြောင့်သာ ဖြစ်နိုင်ကြောင်းပါ..

Wednesday, 17 July 2013

Facebook Account ကို Confirm Code မတောင်းအောင်ဖွင့်နည်း



အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် .. ပီးတော့
ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်

Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်.

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

youtube ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်

အဆင်ပြေကြပါစေ......

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း



လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ် သုံးနေရပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မ ယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ် သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ 
ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။ 
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ 
ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။
ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။ ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ 
မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ 
သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။ သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ 
သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။ ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။
 သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။ ဒီနေရာမှ တစ်ခု ထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြေ့တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာေ တာ့မဟုတ်ပါဘူး.. သူမေးထားတဲ့ ပုံနဲ့ လူငါယောက်ကို မှန်အောင် ဖြေ့ရပါတယ်… အချိန်အကြာကြီးယူဖြေ့လို့မရပါဘူး. အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့်  log ပွင့်မှာမဟုတ်ပါဘူး.။ 
အဆင်ပြေကြပါစေ.....

Saturday, 15 June 2013

ဖေ့ဘွတ် မှာ gif ဖောမတ် နဲ့  လှုပ်ရှားနေတဲ့ ပုံ တင်နည်း


ဒီတစ်ခါ ဖေ့ဘုတ်အကြောင်းနဲ့ ပက်သတ်လို့ထူးခြားတာလေးကို  တင်ပေးလိုက်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းတွေ ပါ လေ့လာလို့  ရအောင် ဘလော့ပို့ စ်အနေနဲ့  တင်လိုက်တာပါ။
ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။


ပထမဦးဆုံး ဒီလင့်လေးကို သွားလိုက်ပါ။
 မိမိဖေ့ဘွတ်အကောက် နှင့် Log in ဝင်လိုက်ပါ။
အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။

UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။


ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။


DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။


Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။


Loading....ခဏလုပ်နေပါလိမ့်မည်။


Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။


Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။

ပြန်လည်မျှဝေပါသည်။ 
အဆင်ပြေကြပါစေ...