အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label လှပခြင်းဆိုင်ရာ နည်းလမ်းများ. Show all posts
Showing posts with label လှပခြင်းဆိုင်ရာ နည်းလမ်းများ. Show all posts

Thursday, 1 August 2013

ဝက်ခြံ အတွက် စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် ...

 ကောင်မလေးတစ်ယောက်ရဲ့ ဝက်ခြံပျောက်နည်း
______________________________
____

ကောင်မလေးတစ်ယောက်ဆီက ဒီလိုမက်ဆေ့တစ်စောင်ရတယ်။

ဟိုင်း အစ်မ
အစ်မ ညီမ ဆေးနည်းလေးတစ်မျိုးပေးချင်လို့ပါ (အလှူလုပ်ချင်တာပါ)
ညီမ wall ပေါ်မှာဆို fri နည်းတော့ နည်းနည်းပဲသိကြမှာ။ အဲဒါ အစ်မ ရေးပေးချင်လားလို့။ ဝက်ခြံကြောင့် အလှပျက်တဲ့သူတွေအတွက်ပါ။ သဘာဝဆေးပေါ့။

ညီမ ဝက်ခြံပေါက်တာ ၅တန်းလောက်ကတည်းကပါ။ ပေါက်လိုက် သက်သာသွားလိုက်နဲ့  အရှင်းမပျောက်ဘူး။ ရန်ကုန်မှာလည်းကုတာ ဆေးနည်းတော်တော် စုံနေပြီ။ Singaporeမှာလည်းကုတာ ဆေးတွေသာ ၆လ လောက်သောက်လိုက်ရတယ်။ တော်တော်တော့ပျောက်ပါတယ်။နည်းနည်းကြာလာရင် ပြန်ပြန်ဖြစ်တယ်။ ဒီဝက်ခြံကြောင့် ငွေတော်တော်ကုန်ပါတယ်။ အဆိုးဆုံးက ပြီးခဲ့တဲ့ May လတုန်းက ညီမမျက်နှာမှာ ဝက်ခြံထက်တောင်ဆိုးပါတယ်.. အဖုကြီးတွေဖြစ်ပြီး အိမ်ပြင်တောင် မထွက်ရဲပါဘူး။ infection တွေဝင်သလိုဖြစ်ပြီး ယားကယား ရဲကရဲ တော်တော်ကြည့်ရဆိုးပါတယ်။ ပြီးတော့ ဆေးခန်းသွားပြီး ပျောက်ချင်စိတ်နဲ့  peeling လုပ်လိုက်တာ ပိုဆိုးလာတယ်။ အိမ်ကို အလုပ်လာလုပ်ပေးတဲ့ ကောင်မလေးက ဆေးနည်းပေးလို့  လုပ်ကြည့်တာ ၄ ရက်လောက်နဲ့ တော်တော်သက်သာသွား တယ်။

ဆေးနည်းက တမာရွက်ကို ရေနဲ့ စင်အောင်ဆေးပြီး( ပိုစိတ်ချချင်ရင်တော့ ဆားရေနဲ့ဆေးပေးပါ or အသီးအအရွက်ဆေးဆပ်ပြာနဲ့ ဆေးပေးပါ)
ပြီးရင် ညက်နေအောင်ထောင်းပြီး မျက်နှာတစ်ခုလုံးပွတ်ပေးပါ။ ဝက်ခြံရှိတဲ့နေရာမှာပုံပေးရင် ပိုကောင်းတယ် အစ်မ။ ကြာကြာထားလေ ကောင်းလေပါ။ ပြီးရင်တော့ မျက်နှာသစ်ပြီး လိမ်းနေကျဆေး လိမ်းလို့ရပါတယ်။ ၁ လတိတိတော့ မှန်မှန်လုပ်ပေးပါ။ အမာရွတ်လေးတွေပါ ပါးပါးလာလိမ့်မယ် အစ်မ။ ဝက်ခြံရှိတဲ့နေရာတွေကတော့ နည်းနည်းယားလိမ့်မယ်။ ပြီးတော့ မျက်နှာသစ်ပြီးရင်လည်း နည်းနည်းနီတာရှိမယ် အစ်မ။ 15mins လောက်နေရင် ပုံမှန်ပြန်ဖြစ်ပါလိမ့်မယ် အစ်မ။

နောက်တစ်နည်းက ညီမမေမေပေးတဲ့နည်းပါ။ တမာရွက်ကိုပြုတ်ပြီး အအေးခံပြီး မျက်နှာသစ်ပါ။ ညီမကတော့ ၃ ရက်လောက်လုပ်လိုက်ပါတယ်။ နှစ်မျိုးလုံးဆို
ဝက်ခြံများတဲ့သူအတွက်ပို ထိရောက်ပါတယ်။

အားလုံးဝက်ခြံကင်းစင်တဲ့ မျက်နှာပိုင်ဆိုင်နိုင်ကြပါစေ။
မှတ်ချက်။      ။ဖေ့ဘွတ်မှပြန်လည်မျှဝေပါသည်။

Saturday, 15 June 2013

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်


ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။

အသားအရေ ထိန်းနည်း (၁) အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေ တဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံ တာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ် ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ် မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေး လိပ်သောက် တာနဲ့ အရက်ကို အလွန်အ မင်းသောက် တာတွေက အသားအရေ ကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။

အသားအရေ ထိန်းနည်း (၂) မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အ ရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။ အသားအရေ ထိန်းနည်း (၃) မျက်နှကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အ ရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ် ဆုံးအင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။

အသားအရေ ထိန်းသိမ်းနည်း (၄) အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -
အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေနိုင်ပါတယ်။

အသားအရေထိန်းသိမ်းနည်း (၅) အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါ မှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ် တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အ သားအရေအတွက် အဆီပါဝင်တဲ့ ပေါင် ဒါကို ရှောင်ပါ။

အသားအရေထိန်းသိမ်းနည်း (၆) နှုးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာအသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ် ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာ သာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက် စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။

အသားအရေ ထိန်းသိမ်းနည်း (၇) အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အ တားဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာ နဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။

အသားအရေ ထိန်းသိမ်းနည်း(၈)စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာတွေကို လုပ် ဆောင်ပေးတဲ့ အတွက် အိုမင်းမှုတားဆီ ကြည်အနေနဲ့ အသုံးဝင် ပါတယ်။

ကျန်းမာပျော်ရွှင်လှပသော ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ....

Sunday, 19 May 2013

"မှဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက် မှဲ့ခြောက်နဲ့ တင်းတိပ် ကုသနည်း"


မှဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက် .....
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။

ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။

မျက်မှာပေါ်က အမဲစက် ပျောက်နည်း
-----------------------------------------
မျက်နှာပေါ်မှာ အမည်းစက်ရှိလို့ စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခုကို ထပ်ပေးပါမယ်။

တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီနေ့ ခေတ်မှာတော့   ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်း သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည်ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ
ဆေးနည်းကောင်း လေးပါ။

ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။

သာယာလှပသော ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ...

Friday, 17 May 2013

မျက်ကွင်းညိုခြင်း အကြောင်းများ နှင့် ကာကွယ်နည်းများ

မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေက အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်(Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။
မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။

၁။ မျိုးရိုးလိုက်ခြင်း

၂။အိုမင်းရင့်ရော်လာခြင်း

၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း

၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း

၅။ စိတ်ဖိစီးမှုများခြင်း

၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း

၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း

၈။ရေဓါတ်ခန်းခြောက်ခြင်း

၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။

ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင် တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။ တခါသောက် (Ready made) လက်ဖက်ခြောက်ထုပ် လေးများကိုလည်း လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင် မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။

အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက  မျက်ကွင်းညိုခြင်းကို လျော့ကျပျောက်ကင်းစေနိုင်ပါတယ်...။
အဆင်ပြေကြပါစေ........

မည်းနေတဲ့ဒူးခေါင်း . တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့တော့ (အဆင်ပြေပါစေ)


ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။
ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။