အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label Window ဆိုင်ရာနည်းပညာများ. Show all posts
Showing posts with label Window ဆိုင်ရာနည်းပညာများ. Show all posts

Thursday, 1 August 2013

ဝင်းဒိုးရဲ့ data တွေကိုပြန်ရှာပေးမဲ့ Stellar Phoenix Windows Data Recovery Professional 5

Stellar Phoenix Windows Data Recovery Professional 5 With Keygen

Stellar Phoenix Windows Data Recovery is a complete data recovery solution that helps you to search, locate and recover your lost, missing, inaccessible or deleted data. This Non destructive and read-only utility helps you to recover your data lost due to accidental format, virus problems, software malfunction, file/directory deletion, unexpected shutdown, or even sabotage.
The software works with Windows 7.0, Vista, 2003, XP and 2000, and recovers complete data from FAT32, VFAT, NTFS and NTFS5 based partitions and volumes.
Stellar Phoenix Windows data recovery is powered by ‘Raw File Recovery’ feature that recognizes & recovers more than 300 file types including doc**ents, spreadsheets, web content &images. Raw file recovery feature bail you out from the most severe data loss situations. Enhanced photo recovery support for all major digital camera file formats.
Stellar Phoenix Windows Data Recovery can help you in following cases of data loss:
• Recover deleted files after recycle bin has been emptied or use of Shift+Delete key
• Recover missing and lost logical drives (volumes)
• Recover formatted hard drives (even after reinstalling operating system)
• Recover re-partitioned hard drives (even after file system has been changed)
• Recover lost files and folders

Key Features:

• Windows Support: Recover data from Windows Vista, XP, 2003, 2000, 9x. storage media.
• Advanced Search: Recover files from severly corrupted drives.
• RAW File Recovery: Recover more than 300 file types in case of severe file system corruption.
• Enhanced Photo Recovery: Recover RAW camera file formats files.
• Compressed FS Recovery: You can recover data from compressed NTFS file system.
• Create Image: Recover files from storage media having lot of bad sectors.
• File Preview: View the file contents & make assured purchase.
• Media Support: Recover data from hard drive, floppy disk, CD, DVD, USB storage media.
• Recovery Options: Recover large volume of data as compressed file or to a FTP server.
• Live Update: Receive latest product enhancements and keep your application updated.
• Save Scan: Resume recovery at a later stage, very helpful if you need to perform data recovery in phases .
    
                                                                            
    DOWNLOAD

အဆင်ပြေကြပါစေ...

Monday, 22 July 2013

Window 7 Build 7600 This copy of Window is not Genuine ပြဿနာကိုဖြေရှင်းနည်း-

ဒီပြဿနာကတော့ Window 7 သုံးတဲ့လူတိုင်းနဲ့ဆိုင်ပါတယ်။ Window 7 မှာဒီပြဿနာပါတယ်။ Window Genuine ပြဿနာပါ.။ပြဿနာကကြီးကြီးမားမားတော့မဟုတ်ပါဘူး။ Background ကအမည်းရောင်ဖြစ်သွားမယ် . Window ကို Active လုပ်ခိုင်းတဲ့စာကိုအကြိမ်ကြိမ်မြင်ရမယ်. Window တက်တိုင်းပေါ့.။ ပြီးတော့ ညာဘက်ထောင့်နားမှာ Window 7 Build This copy of Windows is not genuine ဆိုတဲ့စာတန်းပေါ်လာပါလိမ့်မယ်။ အဲဒါပါပဲ။ အဲ့ပြဿနာကိုဘယ်သူကကြိုက်မှာလဲ. ။ ကိုယ်တင်ထားတဲ့ Wallpaper လေးလည်းပျောက်သွားမယ်.။ ပြီးတော့ ကိုယ့် Window ဟာ Copy ကြီးပါဆိုပြီး လူသိရှင်ကြားပြောတဲ့ စာကြောင်းလည်းပေါ်လာမယ်.။ Copy မဟုတ်တဲ့ Window( လိုင်စင် Window ) ဟာကွန်ပျူတာတစ်လုံးထက်ဈေးပိုကြီးပါတယ်.။ အဲ့ဒါကျတော့လည်းဘယ်သူက၀ယ်တော့မှာလဲ.. ။အခု Laptop တွေမှာတော့ လိုင်စင် Window တွေ သွင်းပေးလာပါတယ်. ။ ဒီနည်းကလိုင်စင် Window ကိုမ၀ယ်ချင်တဲ့လူတွေအတွက်ပါ.။
Window 7 မှာဖြစ်ပွားတက်တဲ့ Windows Genuine ပြဿနာဖြေရှင်းပေးနိုင်မယ်နည်းလမ်းဖြစ်ပါ
တယ်။ အဆိုပါ Windows Genuine ပြဿနာဟာ Windows 7 ကတစ်ဆင့် နောက်ဆုံးပေါ်
Windows Update ကိုပြုလုပ်သူများတွင် အများဆုံးဖြစ်ပွားပြီး ယင်းပြဿနာဖြစ်ပွားတဲ့အခါမှာ
Windows 7 ရဲ့ Screen ဟာအပြာရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်
desktop background ဟာလည်း အနက်ရောင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Desktop ရဲ့
ညာဘက်ဒေါင့်မှာလည်း Window 7 , Build 7600, This copy of Windows is not genuine
ဆိုတဲ့စာတန်းကို တွေ့ရမှာဖြစ်ပါတယ်။ အထက်ပါပြဿနာဖြစ်ပွားတဲ့အခါမှာ အောက်ဖောက်ပြပါနည်း
လမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။
(၁) Windows 7 စီဒီမှာပါတဲ့ Remove WAT ကိုဖွင့်ပါ။
(၂) RemoveWAT ကိုဖွင့်ပြီးတဲ့အခါမှာ application မှာရှိတဲ့ Remove WAT ခလုတ်ကိုနှိမ့်ပါ။
(၃) Reboot လုပ်ပါ။
စက်ပြန်တက်လာတဲ့အခါမှာတော့ Window 7 ,Build 7600 ,This copy of Window is not genuine စာတန်းပျောက်သွားမှာဖြစ်ပြီး Window ကို activate လုပ်ခိုင်းတဲ့မက်ဆေ့ခ်ျလည်း
ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။
ဒီနည်းလမ်းလေးဟာ Windows Genuine Advantages(WGA) နဲ့ Windows Product
Activation (WPA) တို့အစား Window 7 မှာအသုံးပြုထားတဲ့ Windows Advantage
Technology (WAT) ကိုဖယ်ရှားလိုက်ခြင်းဖြစ်ပြီး black list ဖြစ်နေတဲ့ Windows ကို
genuine ပြန်လည်ဖြစ်အောင် လုပ်ပေးခြင်းဖြစ်ပါတယ်။ WAT မရှိပေမယ့်လည်း Windows Update တွေကိုဆက်လက်ပြုလုပ်ပေးနိုင်ပါတယ်။
တကယ်လို့ Remove WAT မရှိဘူးဆိုရင် Window 7 Loader ကိုသာ Download ဆွဲလိုက်ကြပေတော့ ...
Window Loader ကိုလိုချင်ရင်တော့ ဒီကိုနှိပ်လိုက်ပါ

အဆင်ပြေကြပါစေ...

Wednesday, 17 July 2013

Windows ၏ လျှို့ဝှက်ချက်များ

Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။

အခြားကွန်ပျူတာကို Shut down လုပ်ချင်ရင်


အခြား PC ကို command prompt သုံး ပြီး shut down သို့မဟုတ် restart လုပ်လို့ရ ပါတယ်။ အဲဒီ ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားဖို့တော့ လိုမယ်။
ပထမဦးဆုံး ကိုယ်ကလှမ်းပြီး ထိန်းချုပ်ချင်တဲ့ ကွန်ပျူတာ ဖွင့်ထားသလား ကြည့်ပါ။ ပြီးတော့ network ရသလားကြည့် ပါ။ အဲဒီ ကွန်ပျူတာရဲ့ အမည် (hostname) ကို သိဖို့လိုပါတယ်။ သူ့ hostname ကို သိရင် ကိုယ့်ကွန်ပျူတာမှာ cmd ကို ဖွင့်ပြီး shutdown/i လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီ အချိန်မှာ Remote Shutdown Dialog box တစ်ခုပေါ်လာလိမ့်မယ်။ Add ကို click လုပ်လိုက်ပါ။ အဲဒီမှာ ကိုယ်လှမ်းပိတ်ရမယ့် ကွန်ပျူတာရဲ့ hostname ကို ရိုက်ထည့်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ပျော်စရာ နောက်ပြောင်လို့ရပါတယ်။ ဘာမှန်းမသိ ကွန်ပျူတာ ပိတ်သွားလို့ပါ။
Shutdown လုပ်မှာလား၊ Restart လုပ်မှာလားရွေးပါ။ ချက်ချင်းပိတ်ချင်ရင် command prompt မှာ shutdown/s/m\\ လို့ ရိုက်ပြီးရင် ကိုယ်လှမ်းပိတ်မယ့် PC ရဲ့ hostname ကို ရိုက်ထည့်ပါ။
ဥပမာ shutdown/s/m\\RobertsPC လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ဟိုဘက်က PC ကို လှမ်းပိတ်လိုက်ပါပြီ။
တကယ်လို့ Restart လုပ်ချင်ရင်တော့ Shutdown/r/m//.... ဆိုပြီး ရိုက်ထည့်နိုင်ပါတယ်။
ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Network နဲ့ PC အကြောင်း သိချင်ရင်

ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ၊ internet connection တွေ၊ website တွေ အကြောင်းသိချင်ရင် အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး စုံစမ်းနိုင်တာ command prompt နည်းပါ။ cmd ကို ခေါ် ပြီးရင် ipconfig/all ဆိုတာ ရိုက်ထည့်ကြည့်ပါ။ IP နဲ့ DNS server address တွေအားလုံး ကျလာပါလိမ့်မယ်။
ကိုယ့်ကွန်ပျူတာထဲက system ကို သိချင်ရင်လည်း ကြည့်လို့ရပါတယ်။ Install လုပ်တဲ့ နေ့စွဲ၊ boot time နဲ့ memory ဘယ်လောက်ရနိုင်သလဲဆိုတာတွေကို သိချင်ရင် systeminfo လို့ ရိုက်ထည့်ပြီး Enter ခေါက်ကြည့် လိုက်ပါ။
ပျက်နေတဲ့ System File တွေကို ပြင်ချင်ရင်

Windows က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ DLL ဖိုင်တွေပျောက်ရင် error message တွေ မကြာခဏပေါ်လာ တတ်ပါတယ်။ ဒါဆိုရင် System File Checker ကိုဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်း ခိုင်းရပါတယ်။ Command Prompt ကို ဖွင့်ပါ။ Administrator mode ထဲကို ဝင်ရပါ မယ်။ ရှေ့ပိုင်းမှာ ဝင်ပုံဝင်နည်း ပြောခဲ့ပြီးပြီ။ sfc/scannow လို့ ရိုက်ထည့်လိုက်ပါ။ ဖိုင်တွေပျက်နေတာတွေကို system ထဲဝင် ပြီးတော့ ပြင်ပေးသွားပါလိမ့်မယ်။ အနည်းဆုံး စစ်ဆေးပြင်ဆင်ချိန် မိနစ် ၂ဝ လောက် ကြာတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ စောင့်ဖို့ လိုပါတယ်။

ဟာ့ဒ်ဒစ်တွေကို defrag လုပ်ချင်ရင်

Defragmenting လုပ်တယ်ဆိုတာတော့ သိမှာပါ။ ဟာ့ဒ်ဒစ်တွေထဲက ဖိုင်တွေကို စနစ်တကျဖြစ်အောင် ပြန်ပြီး စီစဉ်တကျထားရင် ကွန်ပျူတာပိုပြီး မြန်ဆန်တတ်ပါတယ်။ မကြာမကြာလုပ်ဖို့တော့ မလိုပါဘူး။ တစ်ခါ တစ်လေ လုပ်ဖို့ပါ။ Command ထဲဝင်ပြီးရင် defrag C:/.. ဆိုပြီး ရိုက်ထည့်ပါ။ နောက်က အစက်တွေကတော့ ကိုယ် defrag လုပ်ချင် တဲ့ drive အမည်ကို ရိုက်ထည့်ဖို့ပြောတာပါ။ ဥပမာ defrag C:/d ဆိုတာမျိုးပေါ့။
အဲဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ drive ကို size ကဘယ်လောက်၊ free space က ဘယ်လောက်လိုတယ်၊ စုစုပေါင်း fragmented လုပ်ပေးမယ့် space ကဘယ် လောက်၊ defrag လုပ်ဖို့ လို-မလိုဆိုတာတွေ ကို ပြောပါ လိမ့်မယ်။
Windows Disk Defragmenter tool ဆိုတာ Windows ထဲမှာလည်း ရှိပါတယ်။ အဲဒီ application ကို တိုက်ရိုက်သုံးရင်လည်း ရပါတယ်။
Folder တစ်ခုထဲက ပါဝင်တဲ့ အကြောင်း အရာတွေကို Print လုပ်ခိုင်းချင်ရင်
Folder ထဲမှာ ဘာဖိုင်တွေရှိတယ်ဆိုတာ သိချင်ရင် လွယ်ပါတယ်။ အထူးသဖြင့် folder ထဲမှာ ဖိုင်တွေ အများကြီးထည့်ထားရင်ပေါ့။
ပထမဦးဆုံး ကိုယ်သိချင်တဲ့ folder ကို Shift အရင်နှိပ်ပြီးမှ right-click လုပ်ပါ။ “Open command window here” ဆိုတာကို ရွေးပါ။ Commanf Prompt ပေါ်လာရင် dir လို့ ရိုက်ထည့်ပါ။ အဲဒီမှာ ဖိုဒါထဲရှိတဲ့ ဖိုင် စာရင်းပေါ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် print.txt လို့ ဆက်ရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Notepd နဲ့ ဖိုင်စာရင်းပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင် print ထုတ်ကြည့်လို့ရပါပြီ။


ကွန်ပျူတာပေါ်မှာ ဘာတွေ Run နေတယ် ဆိုတာ သိချင်ရင်

ကိုယ့် PC ပေါ်မှာ ဘယ်လို ပရိုဂရမ်တွေ၊ service တွေရောက်နေတယ်ဆိုတာ သိချင်ရင် command line မှာ net start လို့ ရိုက်ထည့်ကြည့်ပါ။ ကိုယ်ဆက်ပြီး run မလုပ်စေချင်တဲ့ net stop လို့ရိုက်ပြီး နောက်က ရပ်စေ ချင်တဲ့ ပရိုဂရမ်ကို ရိုက်ထည့်ရပါ လိမ့်မယ်။ ဥပမာ net stop Superfetch စသည်ဖြင့်ပေါ့။ Administrator mode ထဲ ဝင်ပြီး လုပ်မှရပါလိမ့်မယ်။

User Password ကိုပြောင်းချင်ရင်

ကိုယ်သုံးနေတဲ့ ကွန်ပျူတာမှာ password ကိုမေ့သွားရင် Command Prompt ထဲမှာ ပြင်နိုင်ပါတယ်။ ပထမဦးဆုံး command prompt ထဲမှာ net user ဆိုပြီး ရိုက်ထည့်ရပါမယ်။ နောက်တစ်ကြိမ် net user တစ်ကြိမ် ထပ်ရိုက်ထည့်ပြီးရင် user name နဲ့ password အသစ်ကို ပေးရပါလိမ့် မယ်။ ဥပမာ net user Tin ......... လို့ ရိုက် ထည့်ပေးရမယ်။ ....... တွေကတော့ password အသစ်ကို ပြောတာပါ။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Administrator  ထဲ မှာပဲ လုပ်လို့ရတယ်။ ကိုယ်ပေးတဲ့ password ကို မှတ်ထားဖို့ လိုပါတယ်။ ကွန်ပျူတာ ပြန်ဖွင့်ရင် ပြောင်းထားတဲ့ password ကို ရိုက်ထည့်မှရပါတယ်။

Command Prompt window ကို ပုံစံပြောင်းချင်ရင်

Command Prompt က အဖြူ အမည်း ပုံစံအတိုင်းပဲတွေ့ရမှာပါ။ အဲဒါကို ရိုးတယ် ထင်လို့ ပြင်ချင်ရင် ရပါတယ်။ Command Prompt ကို ခေါ်ပြီးရင် ဘယ်ဘက် window ထိပ်နား မှာရှိတဲ့ icon ကို click လုပ်ပြီး Properties ကို ရွေးလိုက်ပါ။ Colors ဆိုတဲ့ tab ကို click ကို ရွေးလိုက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးမျိုး အရောင်တွေ၊ စာလုံးတွေ ကို ရွေးချယ်လို့ရပါတယ်။ Font အရွယ် အစား ပုံစံတွေလည်း ပြောင်းလို့ရတယ်။ Window အရွယ်အစားနဲ့ ပုံစံကိုလည်း ပြောင်းနိုင်ပါတယ်။
 
အဆင်ပြေကြပါစေ.........
 
 

Saturday, 15 June 2013

Windows အားလုံးအတွက် Product Key များ

Windows 8 ကို Upgrade လုပ်လိုက်တဲ့သူတွေအတွက် Activator မသုံးခင် တောင်းတဲ့ ကီးကို ဖြည့်ပေးဖို့ ရှာဖွေ တင်ပေးလိုက်ပါတယ်.. ဒီထဲမှာ ထွက်ခဲ့သမျ Windows 8 ကီးတွေ အားလုံးနီးပါး ပါဝင်တယ်လို့ သိရပါတယ်.. Activate လုပ်တဲ့အခါတော့ Offline နဲ့သွင်းပေးရမှာဖြစ်ပါတယ်.. Online ချိတ်ထားရင်တော့ Block လုပ်ခံရမှာပါ.. ကီးနဲ့ အဆင်ပြေသွားရင်တော့ Activator လေးနဲ့ နောက်ဆုံး Activate လုပ်ဖို့ အကြံပေးချင်ပါတယ်.. ပြီးတော့ Windows Update ကို Disable လုပ်ထားဖို့ အရေးကြီးပါတယ်.. ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေက လိုင်စင်နဲ့ဝယ်သုံးတာ မဟုတ်တဲ့အတွက် Pirate Version တွေကို Update လုပ်မိရင် Windows is not Genuine ဆိုပြီး အမဲရောင် Background ဖြစ်သွားပါလိမ့်မယ်..
Windows 8 Product Key

*****************

MAK (Multiple Activation Key NEW

3HBY3-3GNXP-22R96-CCMCB-HT67C

OR

KGQND-Q2HH6-XHXHC-89VWW-82KVC

*****

Professional Procuct Key

XKY4K-2NRWR-8F6P2-448RF-CRYQH

TK8TP-9JN6P-7X7WW-RFFTV-B7QPF

9G4HW-VH26C-733KW-K6F68-J8CK4

*****

Enterprise Product Key

27NW-9KQ84-P47T8-D8GGY-CWCK7

XKY4K-29RWR-8F6P2-448RF-CRYQH

new update 06-12-2012

Windows RTM

Professional,ProfessionalN,Enterprise,EnterpriseN

Volume MAK

3HBY3-3GNXP-22R96-CCMCB-HT67C

KGQND-Q2HH6-XHXHC-89VWW-82KVC

6CNK2-RTVRV-TXYQK-86DBM-B4DHC

F2V7V-8WN76-77BPV-MKY36-MKH3P

Windows 8 RTM Core Retail

F2V7V-8WN76-77BPV-MKY36-MKH3P

3MHNP-V3YQ3-6XJYK-9P93C-749T3

48H7B-NXQ2P-YKBY6-BP74B-QJXT3

7RN69-T7DTK-WD2GF-R3MJQ-RJMQD

8N4QH-2WT9H-T7GRF-3JBKY-DPBQD

See More >> http://adf.ly/QGA1u
အဆင်ပြေကြပါစေ...

Window Shutdown ပြသနာဖြစ်နေသူများအတွက် ဖြေရှင်းနည်း

သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ။အော်..ဒါတော့ သူပြောမှလား..။
ပြောပြမယ်နော်…………..ကလိနည်းလေးပါ။

Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ Window CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။
Window System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာတဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါ။ ပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်လိုက်ပါ။
Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်စနစ်တကျရိုက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လဲ.. ရေးပြထားတဲ့ စာသားကိုကော်ပီကူးယူပြီးထည့်လိုက်ပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခုကိုတွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ.....

Tuesday, 14 May 2013

Windows 8 ရဲ့ Desktop icon မြန်မာလိုမပေါ်သူများအတွက်

Windows 8 မှာ Desktop မှာ icon font တွေ ကိုမြန်မာလိုမပေါ်တဲ့သူတွေ ရှိကောင်းရှိမှာပါ
ကို က  Windows 8 ကိုသုံးနေပြီး Windows 8 ရဲ့ Desktop ပေါ်မှာ Folder နာမည်လေးတွေကို မြန်မာလိုပေးလို့မရတဲ့သူတွေအတွက်
ဒီ post လေးကိုတင်ပေးတာပါ ..
                   http://www.mediafire.com/?ffhdspoppapkna
           ဒီ အပေါ်က link ကနေ ဖိုင်လေးကိုဒေါင်းပါ ပြီးရင် အဲ့ ထဲ က iconfont application ကို Run ပါ သူက Current icon font ကို အပေါ်မှာပြပြီးအောက်မှာ မိမိ အသုံးပြုချင်တဲ့ font name ကို ရိုက်ထည့်ခိုင်းပါလိမ့်မယ်...မှန်အောင်တော့ရိုက်ထည့်ရပါလိမ့်မည်။
Zawgyi-One ပေါ့ ...ပြီးရင် စက်ကို log out လုပ်ပါ ပြန်ဝင်ကြည့်ပါ။                                               အားလုံးအဆင်ပြေကြပါစေ......

Monday, 13 May 2013

Windows 8 မှာ BIOS ထဲဝင်နည်း


ကျွန်တော်တို့ အရင် Windows တွေတုံးကဆိုရင်
BIOS ထဲဝင်ဖို့ F2 (သို့) Del ကိုနှိပ်ပြီးဝင်လို့ရပေ
မယ့်။အခု Windows 8 မှဆိုရင် အဲ့ဒီ Key တွေကို
နှိပ်ပြီးဝင်လို့မရတော့ပါဘူး။F2 (သို့) Del ကိုနှိပ်ပြီး
ဝင်လို့ရ ရ မယ့်အစားသူ့ကို BIOS ထဲကိုဝင်လို့
ရအောင် Windows 8 ရဲ့ boot options menu
မှာထားပေးထားပါတယ်။








အများအားဖြင့် Computer တော်တော်များများ မှာ BIOS ထဲကိုဝင်ဖို့ computer ကိုဖွင့်လိုက်တဲ့အချိန်မှာ
“Press F2 to enter setup” လို Message ကိုတွေ့ရပေမယ့်၊အခုနောက်ပိုင်းထွက်လာတဲ့ Windows 8
အသင့်သွင်းပြီးသား Computer တွေမှာ ဆိုရင် MAC Computer တွေလို UEFI Firmware ကိုအသုံးပြုလာကြပါတယ်။



Windows 8 Hardware vs. Old Computers With Windows 8

ဒီနည်းကို UEFI ကိုသုံးထားတဲ့အတွက်ကြောင့် Windows 8 အသင့်သွင်းပြီးသား Computer တွေမှာပဲ
အသုံးပြုလို့ရမယ်လို့ဆိုထားပေမယ့် ဒီနည်းကို တစ်ချို့ Computer အဟောင်းတွေမှာလည်း သုံးလို့ရပါတယ်။တစ်ချို့ ပုံမှန် BIOS ကိုသုံးထားတဲ့ စက်တွေမှာ ဆိုရင် F2 (သို့) Delete key ကိုနှိပ်ပြီး
ဝင်လို့ရပါတယ်။တယ်ကယ်လို့ F2 (သို့) Delete ကိုနှိပ်ပြီးဝင်လို့မရင် UEFI နည်းကိုသုံးကြည့်ပါ။
တစ်ခုမဟုတ်တစ်ခုကတော့ အဆင်ပြေပါလိမ့်မယ်။

Boot Option ထဲဝင်ခြင်း

Windows 8 ရဲ့ Boot Option Menu ထဲကိုဝင်ဖို့ နည်းတွေအများကြီး ရှိပါတယ်။အလွယ်ဆုံးကတော့
PC Setting Application ကနေ၀င်နည်းပဲဖြစ်ပါတယ်။ဝင်ဖို့အတွက် Shortcut Windows Key + C ကိုတွဲ
နှိပ်ပေးပါ။Charms bar ပေါ်လာပြီ ဆိုရင် Setting ကိုနှိပ်ပြီး Change PC settings ကိုရွေးပေးပါ။

PC Settings application ထဲမှာ အောက်ပုံမှာ ပြထားတဲ့အတိုင်း General ကိုရွေးပေးပါ။ပြီးရင် Advanced startup အောက်မှာရှိတဲ့ "Restart" ကိုနှိပ်ပေးပါ။အဲ့ဒီ့ အချိန်မှ သင့်ရဲ့ Computer က Restart ဖြစ်သွားပြီး
Windows 8 ရဲ့ Boot Option menu ထဲကိုရောင်သွားပါလိမ့်မယ်။အဲ့ဒီ ကနေ UEFI BIOS ထဲကိုဝင်လို့
ပါပြီ။

Command-Line Geek တွေအတွက် သတင်းကောင်းတစ်ခု special shutdown.exe command
ကို Run ပြီးသင်တို့ Computer ကို Direct boot option menu ထဲကိုဝင်နိုင်ပါတယ်။

Shutdown.exe /r /o

UEFI BIOS ထဲကိုဝင်ခြင်း

Boot Option Menu ထဲမှာ သင်ဟာ USB Drive,CD,DVD (သို့) တစ်ခြား Device တွေကနေ Boot တတ်ချင်ရင် USE A Device ကိုသုံးပြီးတတ်နိုင်ပါတယ်။

တကယ်လို့ အဲ့ဒီမှာ သင်ဟာ UEFI BIOS ထဲကို ၀င်ဖို့သက်သက် ဆိုရင် Troubleshoot ကိုရွေးပေးလိုက်ပါ။

Troubleshoot ကိုနှိပ်လိုက်ပြီးဆိုတာ နဲ့ Advanced Options Menu ထဲကိုရောက်သွားပါလိမ့်မယ်။
Unified Extensible Firmware Interface လို့ခေါ်တဲ့ UEFI BIOS ထဲကိုဝင်ချင်ရင် UEFI Firmware Settings ကိုနှိပ်ပြီး ၀င်လို့ရပါပြီ။Advanced Options Menu ထဲမှာလည်း တော်တော်အသုံးဝင်တဲ့
Tool အမျိုးမျိုးကိုတွေ့ပါလိမ့်မယ်။(UEFI BIOS နဲ့ ရိုးရိုး BIOS နဲ့အတူတူပါပဲ။)

နောက်တစ်ခု- တကယ်လို့သင်ဟာ ပေါ်ပုံမှာ ပြထားတဲ့အတိုင်း UEFI Firmware Settings လို့မပေါ်ရင်
သင့်ရဲ့ Computer ကို ပုံမှန် BIOS ထဲဝင်နေကျအတိုင်း F2 (သို့) Delete ကိုနှိပ်ပြီးဝင်ရမှာဖြစ်ပါတယ်။
( F2 (သို့) Delete ပုံသေ BIOS ထဲကိုဝင်ရတဲ့ Key များမဟုတ်ပါ။တစ်ချို့စက်တွေမှာ BIOS ထဲဝင်ဖို့
တစ်ခြား Key တွေကို နှိပ်ပြီးဝင်ရတာလည်းရှိပါတယ်။တိတိကျကျသိချင်ရင် Computer ရဲ့ Manual မှာကြည့်နိုင်ပါတယ်။)


အားလုံးအဆင်ပြေကြပါစေ။

Windows 8 တင်နည်း


မင်္ဂလာပါ။ဒီတစ်ခါ ကျွန်တော်တို့ Windows 8 ကို Install လုပ်နည်း ကိုပုံနဲ့ တကွရှင်းပြမှာ ဖြစ်
ပါတယ်။တကယ်လို့ သင်ဟာ Windows 8 သွင်းမယ်လို့ ဆုံးဖြတ်လိုက်ပြီး ဆိုရင် ဒီ Post ကသင့်အတွက် လုံးဝ အသုံးဝင်မယ်လို့ အာမခံပါတယ်။ကဲ  Windows 8 ကိုဘယ်လို တင်ရလဲဆိုတာကို ကြည့်ရအောင်။




သင့်ရဲ့ File များကို Backup အရင်လုပ်ပါ။

ဟုတ်ကဲ့ Window 8 ကိုမတင်ခင် သင့်ရဲ့ အရေးကြီးတဲ့ File များကို  Backup အရင်လုပ်ထားသင့်ပါတယ်။
ဥပမာ-သင့် Computer ရဲ့ Partition တစ်ခုခုထဲ ပဲဖြစ်ဖြစ် ၊ External Hard Disk ထဲပဲဖြစ်ဖြစ် ဒါမှမဟုတ်
DVD အခွေတွေထဲမှာ သင့်ရဲ့ အရေးကြီး တဲ့ Data တွေကို Backup လုပ်ထားသင့်ပါတယ်။

ကဲ Windows 8 ကို တင်ရအောင်။

သင့်ရဲ့ PC ကို Restart ချပါ။ စက်ပြန်တတ်တတ်ချင်း F2 (သို့) Delete ကိုနှိပ် ပြီးရင် First Boot Device မှာ သင့်ရဲ့ DVD Drive ကိုထားပါ။ဒါမှမဟုတ် F12 ကိုနှိပ်ပြီး DVD Drive ကိုရွေးပါ။ပြီးရင်
ပုံ  မှာပြထားတဲ့ ပေါ်လာပြီး အဲ့ဒီနေရာမှာ Second အနည်းငယ်ကြပါလိမ့်မယ်။


မိနစ် အနည်းငယ်ကြာတဲအခါမှာ ပုံ မှာပြထားတဲ့ အတိုင်းပေါ်လာပြီး ပေါ်လာတဲ့ အထဲမှာ ဘာမှာ
မပြောင်းလဲ ပဲ Next ကိုနှိပ်ပါ။

Next Button ကိုနှိပ်ပြီး သွားရင် ပုံ မှာပြထားတဲ့ အတိုင်း Windows Setup Screen ပေါ်လာပါလိမ့်မယ်။
Install Now ကိုနှိပ်ပါ။

Install Now Button ကိုနှိပ်ပြီးသွားရင် ပုံ  မှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်။အဲ့ဒီ မှာ Product Key
ကိုထည့်ပြီး Next ကိုနှိပ်ပါ။


ပြီးရင် Microsoft ရဲ့ Software License Agreement Windows ကိုမြင်ရပါလိမ့်မယ်။လေးထောင့် အကွက်မှာ အမှန်ခြစ်ပြီး Next ကိုနှိပ်ပါ။

Next ကိုနှိပ်ပြီး သွားရင် ရွေးချယ်စရာ နှစ်ခုကို တွေ့ရပါလိမ့်မယ်။အခု ကျွန်တော်တို့က Windows ကိုလုံးဝ
အသစ်သွင်းမှာ ဆိုတော့ Custom ကိုရွေးရမှာဖြစ်ပါတယ်။(တကယ်လို့ သင်ဟာ အရင် ရှိပြီးသား Windows ပေါ်မှာ ပဲ Windows 8 ကို Install လုပ်မယ်ဆိုရင် Upgrade ကိုရွေးပါ။)

ဘယ် Partition မှာ သွင်းမှာ လဲ ဆိုပြီး ပုံ  မှာပြထားတဲ့ အတိုင်းတွေ့ရပြီ ဆိုရင် သင် Install လုပ်ချင်တဲ့
Partition ကို Click တစ်ချက်နှိပ် ပြီးရင် Drive Options (Advanced) ဆိုတဲ့ စာသားကို Click တစ်ချက်နှိပ်
Format ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့ဒီ Format ကိုနှိပ်ပြီး Partition ကို Format လုပ်မှာဖြစ်ပါတယ်။Format ကိုနှိပ်လိုက်ရင် Windows တစ်ခုပေါ်လာပြီး Format တကယ်လုပ်မှာ လို့မေးလိမ့်မယ်။
(အရေးအကြီးဆုံး သင် Format လုပ်တဲ့အခါမှာ Partition တွေမမှား ပါစေနဲ့။)

Partition ကို Format လုပ်ပြီးသွားရင် Next ကိုနှိပ်ပါ။ ပုံ  မှာပြထားတဲ့ Windows file တွေကို Hard Drive မှာ Copy လုပ်ပြီး Windows 8 ကိုသင့်ရဲ့ PC မှာတင်နေပါပြီ။နည်းနည်းတော့ ကြာလိမ့်မယ်။

ပြီးရင် Restart ကြသွားလိမ့်မယ်။


Restart ပြန်တတ်လာ တဲ့အခါ ပုံ  မှာပြထားတဲ့ အတိုင်းမြင်ရပြီး။Restart နောက်တစ်ခါ ကြသွားလိမ့်မယ်။

Restart ကနေပြန်တတ်လာတဲ့ အခါ အောက်ပုံတွေမှာ ပြထားတဲ့ အတိုင်း အရောင်ရွေး ၊ နာမည် ပေးပြီး Next ကိုနှိပ်ပါ။နောက်ခု Setting ဆိုပြီးပေါ်လာလိမ့်မယ်။ Use Express Setting ကိုနှိပ်ပါ။

နောက်ပြီး Sign in ဆိုပြီးပေါ်လာလိမ့်မယ်။သင်ရဲ့ email address ကိုထည့်ပါ။(ကြိုက်တဲ့ Email Address)

ကဲ အောက်မှာ ပြထားတဲ့ ပုံတွေ ထဲကအတိုင်းပေါ်လာရင် သင့်ရဲ့ PC မှာ Windows 8 ကိုသွင်းလို့ပြီးသွားပါပြီ။




အားလုံးအဆင်ပြေကြပါစေ။

Windows 8 ရဲ့သိသင့်သော Shortcut များ


Windows Key + D                        Show Desktop


Windows Key + C                        Open Charms Menu



Windows + F                               Charms Menu - Search



Windows + H                              Charms Menu - Share



Windows + K                               Charms Menu - Device



Windows + I                                Charms Menu - Settings



Windows + Q                               Search For Installed Apps



Windows + Tab                            Cycle Through Modern UI Apps



Windows + Tabs + Shift                Cycle through open Modern UI Apps in reverse order



Windows + .                               Snaps app to the right (split screen multitasking)



Windows + Shift + .                    Snaps app to the left (split screen multitasking)



Windows + ,                               Temporarily view desktop



ALT + A4                                    Quit Modern UI Apps



Windows + E                                 Launch Windows Explorer Window



Windows + L                                 Lock PC and go to lock screen



Windows + T                                Cycle through icons on taskbar



Windows + X                                Show Advanced Windows Settings Menu



Windows + Page Down                 Moves Start screen and apps to secondary monitor on the right



Windows + M                              Minimize all Windows



Windows + Shift + M                   Restore all minimized Windows



Windows + R                             Open Run dialog box



Windows + Up Arrow                  Maximize current window



Windows + Down Arrow             Minimize current window



Windows + Left Arrow               Maximize current window to left side of the screen



Windows + Right Arrow             Maximize current window to right side of the screen



Ctrl + Shift + Esc                      Open Task Manager



Windows + Print Screen            Takes a Print Screen and saves it to your Pictures folder



Windows + Page Up                 Moves Start screen and apps to secondary monitor on the left



Windows + Pause Break          Display System Properties

Shift + Delete                         Permanently delete files without sending it to Recycle Bin



Windows + F1                        Open Windows Help and Support



Windows + V                          Cycle through notifications



Windows + Shift + V               Cycle through notifications in reverse order



Ctrl + 0 to 9                           Launch/show app pinned to taskbar at indicated number



Windows + Shift + 0 to 9        Launch new instance of app pinned to taskbar at indicated number



Alt + Enter                            Display Properties of selected item in File Explorer



Alt + Up Arrow                     View upper level folder of current folder in File Explorer



Altl + Right Arrow                View next folder in File Explorer



Altl + Left Arrow                  View previous folder in File Explorer



Windows + P                       Choose secondary display modes



Windows + U                       Open Ease of Access Center



Alt + Print Screen                Print Screen focused Window only



Windows + Spacebar         Switch input language and keyboard layout



Windows + Shift +            Switch to previous input language and keyboard layout

Spacebar