အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label မန်မိုရီကဒ် ပြသနာဖြေရှင်းနည်း. Show all posts
Showing posts with label မန်မိုရီကဒ် ပြသနာဖြေရှင်းနည်း. Show all posts

Monday, 22 July 2013

Memory ကတ်ကို password နဲ့ပိတ်ပြီး ကိုယ်တစ်ယောက်တည်းသုံးလိုသူတွေအတွက်



ဒီဆောစ့်ဝဲလ်လေးကိုပြောရရင် Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်

အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ

ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင်

မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး

မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင်

ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး

အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ

ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ

တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့

မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး

ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ်

သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်

http://kashu-sd.co.jp/en/ မှာ Download လုပ်နိုင်ပါတယ်

လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ

လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ

ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို

(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ


ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း

format လုပ်ခိုင်းပါမယ် လုပ်လိုက်ပါ (မလုပ်ခင် ကွန်ပျူတာရဲ့တစ်နေရာမှာ ဒေတာတွေသိမ်းထားပါ)


လုပ်ပြီးသွားရင် Password ထည့်ရပါမယ် ပြီးတော့ ok ကိုကလစ်လိုက်ပါ

အဲဒါဆို မန်မိုရီကတ်က Password ထည်ပြီးသားလေးဖြစ်ပါသွာပြီ

4G ရဲ့ မန်မိုရီက 576KB ဖြစ်သွားပါမှာ မန်မိုရီကတ်ထဲဝင်ကြည့်လိုက်ရင်



အပေါ်ဆုံးက ပုံအတိုင်း ဖိုင်သုံးဖိုင် ဒါမှမဟုတ် နှစ်ဖိုင်ကိုမြင်ရမှာပါ

(ဘယ်ကွန်ပျူတာမှာဘဲ မန်မိုရီကတ်ကို ထည့်ထည့်)

USd Enter ဆိုတဲ့ဖိုင်ကို ကလစ်လိုက်ရင်

အပေါ်ဆုံးက ဓာတ်ပုံအတိုင်း Password တောင်းတဲ့ Box လေးကိုတွေ့ရမှာဖြစ်ပါတယ်

ကိုယ်အရင်ဖြည့်ခဲ့တဲ့ Password လေးကိုရိုက်ထည့်လို၇င် 576KB ကနေ 4G အဖြစ်ပြန်လည် တွေ့ရမှာပါ

အဲဒါဆို ကိုယ်ရဲ့ ဒေတာတွေကို ကွန်ပျူတာကနေ ပြန်ပြီးတော့ မန်မိုရီကတ်ထဲကို ထည့်နိုင်ပါပြီ

ဘယ်ကွန်ပျူတာဘဲ ဖွင့်ဖွင့် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာမှာပါ

အဲဒါဆို Password ဖြည့်ပြီး အသုံးပြုနိုင်ပါတယ် အဆင်ပြေပါစေ

နောက်တစ်ခုကတော့ သုံးရတာ အလုပ်ရှုပ်တယ် စိတ်ရှုပ်တယ် မသုံးချင်တာ့ဘူဆိုရင်

ဆောစ့်ဝဲလ်လေးကို Install လုပ်ထားတဲ့ ကွန်ပျူတာထဲမှာ မန်မိုရီကတ်ကို ထည့်လိုက်ပါ

Password လေးနဲ့ဖွင့်ပြီးတော့ ဒေတာတွေကို ကွန်ပျူတာရဲ့တစ်နေရာမှာထားလိုက်ပါ

ပြီးသွားရင် မန်မိုရီကတ်ကိုဖြုတ်ပြီး ကွန်ပျူတာပြန်ထည့်ပါ ပြီးရင်

Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>Ininstall


ထဲဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း ok ကိုကလစ်ပြီးတော့ ပြန်ဖြုတ်နိုင်ပါတယ်
အဆင်ပြေကြပါစေ...

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။
- Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လွယ်တယ် Bat file နဲ့  Command ရေးပြီးရှင်းတဲ့နည်းပါ ။
-အရင်ဆုံး Notepad တခုကိုဖွင့်လိုက်ပါ။ ဖွင့်ပြီးရင်တော့ ကျွန်တော် အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူလိုက်ပါ ။
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
-Copy ယူပြီးတော့ ဖိုင်ကိုနာမည်တခုခုပေးပြီး save မယ် .bat (ဥပမာ- MemoryStick.bat)ဆိုပြီးတော့ ကိုယ် Memory Stick ထဲ
မှာ save ထားလိုက် ။ MemoryStick.bat ဆိုတဲ့ ဖိုင်လေးကိုမဖျတ်လိုက်နဲ့ နော် Stick ထိုးလိုက်တိုင် ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက် ။ အဲဒါဆိုရင်တာ့ မိမိတို့ ရဲ့ Memory Stick ထဲမှာရှိနေတဲ့ Virus တွေကို ဒီကောင်လေးကရှင်းပေးလိမ့်မယ်။
အဆင်ပြေကြပါစေ...

Sunday, 12 May 2013

memory card များ ဖွင့်မရ ပြသနာ ဖြေရှင်းနည်း

မသိရင်ခက်တယ်
သိရင်လွယ်ပါတယ်
မသိတဲ့လူတွေဒုက္ခရောက်ပါတယ် data တွေအပျက်ခံပြီး format ချလိုက်ရတာပေါ့
ခုဒီနည်းလေးကို လေ့လာကြည့်ပါ ။ virus ၀င်လာလို့
stick ကဖွင့်လိုက်တယ် အထဲက ဖိုင်တွေအားလုံးပျောက်ကုန်ပြီး
shortcut လေးတစ်ခုပဲရှိတော့တယ် ။ အဲဒါ ထပ်ဖွင့်တာ အထဲဝင်မရတော့ဘူး
အောက်ကပုံအတိုင်းလေးပေါ့

ဒီပုံလေးအတိုင်းပြနေတယ်
ဒါဆိုရင် အထဲကဖိုင်တွေဘယ်လိုလုပ်ယူမလဲ နောက်တစ်ပုံကိုကြည့်လိုက်ပါ
အပေါ်က search ဘောက်လေးမှာ *.* ဆိုပြီးရိုက်လိုက်ရင်ကို့်ယ့်ဖိုင်တွေ အကုန်လုံး
ပြန်ပေါ်လာပါတယ်

ကဲ ကဒ်ဖွင့်မရသဖြင့် ဒေတာများ ဆုံးရှုံးချင်းမှ ကင်းဝေးပါစေ...