အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label ကွန်ပျူတာအတွက် နည်းပညာများ. Show all posts
Showing posts with label ကွန်ပျူတာအတွက် နည်းပညာများ. Show all posts

Monday, 22 July 2013

ကွန်ပြူတာမြန်နှုံန်းမြင့်နည်း ၇ မျိုး

၁။ သင့် ကွန်ပြူတာ ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် ကွန်ပြူတာ ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။

အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ ကွန်ပြူတာ တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။

သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် ကွန်ပြူတာ ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။

အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။

သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။


အဆင်ပြေကြပါစေ...
Folder Option
ကျွန်တော်တို့ ကွန်ပျူတာတွေမှာ folder option ကို ရှာ မတွေ့ဘူး ဆိုရင် ပြန်ဖော်တဲ့နည်း လေး ကိုပြော ပါမယ့်။ အဲ့ဒီလို ပြန်ဖော် တဲ့ နည်းတွေ ကတော့ တစ်ယောက်နဲ့တစ်ယောက်တော့ မတူကြဘူးလို့ထင်ပါတယ်။ ကွာ ရင်တော့ နည်းနည်း ပဲ ကွာလိမ့်မယ်လို့ ထင်ပါတယ်။ အား လုံး အဆင်ပြေကြရင် ကောင်းပါတယ်။ ပထမဆုံး လုပ်ရမှာကတော့ .
Start Menu => Run => အဲဒီ ဘောက်လေးပေါ်လာပြီဆိုရင် regedit လို.ရိုက်ပြီး Enter ခေါက်။ Registry Editor ပေါ်လာပါလိမ့်မယ်။ အဲဒီအခါမှာ ကျွန်တော်ပြောတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားပါ။ Registry Editorထဲက My computer => HKEY_CURRENT_USER => software => Microsoft => windows => Current version => Policies => Explorer မှာ ညာဘက်ကလစ်နှိပ်ပြီး New => DWORD Value ဆိုတာကိုရွေးပေးပါ။ New value တစ်ခု ညာဘက်ချမ်းမှာ ပေါ်လာပါလိမ့်မယ်။ အဲဒီပေါ်မှာ ညာဘက်ကလစ်နှပ်ပြီး Modify ဆိုပြီးပြောပါ။ Value data မှာ 0 ဆိုရင် ရပါပြီ။ အဲဒါမှ Folder Option ပြန်မပေါ်လာသေးဘူး ဆိုရင် ၀င်းဒိုး Restart ချလိုက်ရင် ပြန်တက်လာတဲ့ အခါ Folder Option ကိုပြန်တွေ.ရပါလိမ့်မယ်။
Registry Editor ခေါ်လို.မရရင်
တကယ်လို.များ Run ထဲမှာ regedit လို.ရိုက်တာ Registry Editor ပေါ်မလာပဲ Error ကျလာပြီဆိုရင်တော့ Registry Editor ကို အန်နေဘယ် ပြန်လုပ်ပေးလို.ရပါတယ်။ ပြန်လုပ်ပေးဖို.ရာ။ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system ဆိုတာပေါ်မှာ select မှက်လိုက်ရင် ညာဘက်ချမ်းမှာ Pervent Access to registry editing tools ပေါ်မှာ ကလစ်နှစ်ချက်နှိပ် ပါ။ Enabled ဆိုတာကိုရွေးပေးပါ။ Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Pokicy Editor ကိုပါပိတ်လိုက်ပါ။ အဲဒါမှာ Registry ကိုခေါ်လို.မရသေးဘူးဆိုရင် ခုနက လမ်းကြောင်းအတိုင်း ပြန်ဝင်ပြီး Enabled လို.ရွေးခဲ့တဲ့နေရာမှာ Not configured ဆိုတာကိုပြန်ရွေးပေးပါ။ ဒါဆိုရင်တော့ တကယ် Registry ပြန်ခေါ်လို. ရသွားပါလိမ့်မယ်။
Task Manager ခေါ်လို့မရရင်
နောက်တခါ Task Manager ပျောက်နေတာလေး ပြန်ခေါ်ချင်တယ်ဆိုရင်တော့ Start => Run ထဲမှာ gpedit.msc ဆိုပြီး Enter ခေါက်။ Group Policy Editor ပေါ်လာလိမ့်မယ်။ အဲဒီမှာ User Configuration => Administrative Templates => system => Ctrl+Alt+Del Options မှာ select လုပ်လိုက်ရင် ညာဘက်ချမ်းမှာ Remove Task Manager ဆိုတာပေါ်မှာ ကလစ်နှစ်ချက်နှိပ် Disabled ဆိုတာကို ရွေးပေးပါ။ ပြီးရင် Apply ရယ် OK ရယ်ကိုနှိပ်ပေးပါ။ Group Policy ကိုပိတ်လိုက်ပါ။ အဲဒါမှ ပြန်မပေါ်သေးဘူးဆိုရင် ခုနကလမ်းကြောင်း အတိုင်းပြန်ဝင် Remove Task Manager ကိုရောက်ရင် ကလစ်နှစ်ချက်နှိပ်ပြီး Not configured ကိုပြန်ရွေးပေးရပါမယ်။ ဒါဆိုရင်တော့ ကျိန်းသေ ပြန်ပေါ်လာပါလိမ့်မယ်။
ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ Folder ကို တခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။
ပထမဦးဆုံး ကိုယ်လုပ်မယ့် ဖိုဒါက NTFS နဲ.ပိုင်းထားတဲ့ Partation ပေါ်မှာရှိရပါမယ်။ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။ ဟိုးအောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။ ပြီးရင် OK နဲ.ထွက်။ ကဲစမယ် ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့ Tab မှာ Advance ကို ကလစ်နှိပ်။ ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။ ပြီးရင် Remove လို.ပြော။ Apply ၊ OK ၊ OK ပေါ့။ ဒါဆို ကိုလုပ်ထားတဲ့ ဖိုဒါကို ဘယ်သူမှ ဖွင့်လို.လဲရမှာ မဟုတ်သလို Delete လဲလုပ်လို.ရမှာ မဟုတ်တော့ပါဘူး။
ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ အဲဒီဖိုဒါပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင် ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။ Administrator ပေါ်မှာ select မှက်ပြီး Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။
Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။
ကိုယ်က password နဲ. သိမ်းချင်တဲ့ Microsoft word ဖိုင်ကိုဖွင့် ပြီးရင် File => Save as လို.ပြော။ Save as box ပေါ်လာရင် အဲဒီဘောက်လေးရဲ့ Title Bar ညာဘက်အောက်နားလေးမှာ Tools ဘေးက မျှားလေးကို ဖွင့်လိုက် Security Options.. ဆိုတာကိုရွေး။ password ကို ၄ ခါ ရိုက်ပေးရပါမယ်။ password ၂ မျိုးပေးထားလို.လဲရပါတယ်။
Screan Shot ယူနည်း
ပထမဦးဆုံး အနေနဲ. scream shot ယူနည်းလေး ပြောပြမယ်။ ဘယ်နေရာမှာသုံးဖို.လဲဆိုရင် ဥပမာ အခု ကိုယ့်ကွန်ပြူတာမှာ မြင်နေရတဲ့ ပုံစုံမျိုးကို အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင် မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။ ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။ Ctrl + Print Screen Sys Rq ဆိုတဲ့ ကီးလေး နှစ်ခုကို နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံ ပါပဲ။ အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။ Paint ကိုသွားဖို.ရာ start => Run => mspaint ဆိုပြီး Enter ခေါက်ပါ။ ပြီးရင် Ctrl + V ဆိုပြီး paste လုပ်ပါ။ ပြီးရင် Jpg ဖိုင်နဲ.သိမ်းလိုက်ပါ။
အဆင်ပြေကြပါစေ........

Saturday, 15 June 2013

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း




ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ဒီပိုစ့်မှာတော့ ကျနော် 276 MB ရှိတဲ့ Photoshop CS6 ဖိုင်ကို WinRAR နဲ့ ဖိုင်ခွဲပြထားပါတယ်..။ ကျနော်တို့ ရေးပေးချင်တဲ့ စာတွေကို Notepad နဲ့ ရေးပေးပြီး ဖိုင်တခုထဲကို စုပေါင်းထည့်လိုက်ပါတယ်..။ ပြီးမှ ဖိုင်အပြင်ကနေ WinRAR နဲ့ ဖိုင်ခွဲချလိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



WinRAR နဲ့ စပြီး ဖိုင်ချုပ်တဲ့ အချိန်မှာ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ် MB ကို အောက်ကအဆင့်မှာ ရွေးပေးရမှာပါ..။ မျှားပြထားတဲ့ နေရာမှာ 100 MB / 700 MB စသဖြင့် အရင်ယူလိုက်ပါတယ်..။ ပြီးမှ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ်ကို ပြန်ရေးထည့်လိုက်ပါ..။ အောက်ကပုံမှာ ကျနော်ယူထားတဲ့ 100 MB ကနေ 50 MB လို့ ပြန်ပြောင်းရေးထည့်လိုက်ပါတယ်..။



ကျနော် 50 MB စီရှိတဲ့ အပိုင်းတွေ ခွဲထုတ်မှာပါ..။ အပေါ်ပုံအတိုင်း 50 MB ပြီးရင် OK နှိပ်ပေးလိုက်ပါတယ်..။ အောက်ကပုံကတော့ စပြီး ဖိုင်တွေခွဲထုတ်ပေးနေပါပြီ..။




 အပေါ်ပုံအတိုင်း 50 MB စီရှိတဲ့ အပိုင်း ၆-ပိုင်း ထွက်လာပါတယ်..။ နောက်ဆုံးအပိုင်းကတော့ ပိုသလောက်ကိုပဲ ခွဲပေးတာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း မြင်ရမှာပါ..။


ဖိုင်တွေ ပြန်ပေါင်းရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း part1 ကနေ ဖြည်ချလိုက်ရင် ရသွားပါပြီ..။  


 ဒါဆိုရင်တော့ အားလုံးပဲ WinRAR နဲ့ ဖိုင်တွေခွဲပြီး ဖိုင်တွေ ပြန်ပေါင်းတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။
လွင်မင်းဗိုလ် ဆိုက်မှ ပြန်လည်မျှဝေပါသည် ...
စာဖတ်သူအတွက် နည်းပညာလေးတစ်ခုရသွားရင် ပြန်လည်မျှဝေရကြိုးနပ်ပါပြီ....

Friday, 31 May 2013

folderd lock software မသုံး ပဲ Hardrive ကို ဖျောက် နည်း


နည်းပညာကို ချစ်မြတ်နိုးတဲ့  သူငယ်ချင်း အပေါ်င်း တို့ရေ သိတဲ့သူတွေရှိ သလိုမသိတဲ့သူတွေလဲ ရှိ ကြမှာပါ ။ ကျွန်တော် ကတော့ မသိသေး တဲ့သူတွေအတွက်ပဲ ရည်ရွယ်ပါတယ်။
လုပ်ကြည့်မယ်ဆိုရင်တော့...
My Computer - R - click - Manage - Diskmanage - ကို ဖျောက် ချင် တဲ့ partion ကို  R- click - Change driver letter and paths - Remove - Ok ပေး ပါ ။
ကို ဖျောက် ထားတဲ့ Partion ကိုပြန်ဖော်ချင်တယ် ဆိုရင်တော့ My Computer - R - click - Manage - Diskmanage -ကို ဖော်ချင်တဲ့ Partion ကို  R- click - Add -Ok ပေး ပါ ။
ဒါပေမဲ့ အဲ့လိုလုပ်တာ ပြသနာ တခုတော့ ရှိနိုင်တယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ကိုဖျောက်မယ့်  hardrive partion က bad sector ရှိနေရင်  ဖျောက်လို့  အဆင်မပြေပါဘူး ။ ကိုယ့်hardrive ထဲမှာရှိနေတာ တွေ ပျောက်ဆုံး သွားတတ် ပါတယ် ။သတိထားပြီး သုံးကြပါ။
အဆင်ပြေကြပါစေ...

Monday, 27 May 2013

Software မပါပဲ pdf ဖိုင်ပြောင်းနည်း

မင်္ဂလာပါ...
ကျွန်တော်အသုံးပြုနေတဲ့နည်းလေးပါ .. တစ်ချို့ ပို့စ်တွေကို pdf ဖိုင်တွေအဖြစ်ပြောင်းတဲ့အခါမျိုးတွေနဲ့ ကိုယ့်မှာရှိထားတဲ့ ဓာတ်ပုံလေးတွေကို pdf စာအုပ်လေးအဖြစ်သိမ်းထားချင်တဲ့အခါမျိုးတွေမှာအသုံးဝင်မဲ့နည်းလေးပါ။ ကျွန်တော် ဒီနည်းလေးကို အသုံးပြုပါတယ် ..
ဒီနည်းအတွက် ကိုယ့်ရဲ့စက်ထဲမှာ Microsoft Office Word ဗားရှင်းတစ်ခုခုတော့ ရှိထားနှင့်ရပါမယ် .. ဒီပို့စ်မှာ ကျွန်တော်က Microsoft Office Word 2010 ကို အသုံးပြုပြီး လုပ်ပြထားပါတယ် .. တစ်ခြားဗားရှင်းတွေနဲ့လည်း Tool တွေကွာဟမှု သိပ်မရှိတဲ့အတွက် အဆင်ပြေပါတယ် ..
ကဲ .. စလိုက်ကြရအောင်နော် ...

ပထမဆုံး Office Word ကိုဖွင့်လိုက်ပါတယ် .. စာမျက်နှာအသစ်တစ်ခုကျလာတဲ့အခါ .. Home ရဲ့ ညာဖက်မှာရှိတဲ့ Insert ဆိုတာလေးကို နှိပ်လိုက်ပါတယ် ..
ပြီးတော့ ပွင့်လာတဲ့ထဲက Shape ကိုနှိပ်ပြီး ကျလာတဲ့ Shape ပုံစံတွေထဲက ကိုယ်ကြိုက်တဲ့ပုံတစ်ခုကို ရွေးလိုက်ပါ ..
အဲဒီလိုရွေးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ Mouse Pointer လေးဟာ အပေါင်း လက္ခဏာ ပုံလေး ဖြစ်သွားပါမယ် ..
စာရွက်ပေါ်မှာ ကိုယ်လိုချင်သလောက်ကို ချိန်ချပြီး ဆွဲယူလိုက်တာနဲ့
စတုဂံပုံလေးတစ်ခု ရလာပါမယ် .. (စတုရန်းဖြစ်ချင်ရင် Shift ကီးလေးနှိပ်ထားရင်း ဆွဲပါ)
ပြီးရင်တော့ .. အပေါ် ဘားတန်းမှာရှိတဲ့ Drawing Tools ရဲ့အောက်က Format သူ့ရဲ့အောက်ကမှ
Shape Fill ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်းကျလာပါမယ် ..
အဲဒီထဲကမှ Picture ကိုရွေးလိုက်ရင် ကွန်ပြူတာထဲက Image တွေကိုရှာဖို့ Browse Box တက်လာပါမယ် ..ကိုယ်လိုချင်တဲ့ပုံကို ကလစ်ပေးပြီး Insert ကိုနှိပ်လိုက်တာနဲ့ ကျွန်တော်တို့ဆွဲထားတဲ့ စတုဂံကွက်လေးထဲကို ပုံလေးဝင်လာပါမယ် .. (ပုံအကြီးအကိုတော့ စတုဂံရဲ့ ဘောင်တွေကို တိုးလျှော့လုပ်ပြီး အဆင်ပြေအောင် ချိန်ပေးနိုင်ပါသေးတယ် .. )

ပုံနဲ့ဘေးပတ်ပတ်လည်က ဘောင်တွေကို မပါစေချင်ဘူးဆိုရင်တော့ Shape fill ရဲ့အောက်က Shape Outline ကိုနှိပ်ပြီး ကျလာတဲ့ထဲက No outline ကိုရွေးပေးလိုက်ရင် ဘေးဘောင်တွေပျောက်သွားပါမယ် ..
နောက်ထပ်ပုံတွေကိုလည်း အဲဒီနည်းအတိုင်းပဲ Shape တစ်ခုဆွဲလိုက် ပုံတစ်ပုံ Insert လုပ်လိုက်နဲ့ ကိုယ်ကြိုက်သလောက် လုပ်ယူသွားရုံပါပဲ ..
အားလုံးပြီးပြီဆိုရင်တော့ ဘယ်ဖက်အပေါ်ဆုံးထောင့်မှာရှိတဲ့ File ကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက Save as ကိုနှိပ်ပေးလိုက်ပါ ..
အဲဒီထဲက File name မှာ ကြိုက်တဲ့နာမည်ပေး .. Type of file မှာတော့ pdf ကိုရွေးပေးပါ ..
ကိုယ်သိမ်းချင်တဲ့နေရာကို သတ်မှတ်ပေးပြီး Save ကိုနှိပ်ပေးလိုက်တာနဲ့ ကျွန်တော်တို့လို့ချင်တဲ့ အရည်အသွေးမကျတဲ့ Image တွေနဲ့ဖန်တီးထားတဲ့ pdf ဖိုင်လေးကို ရရှိသွားမှာ ဖြစ်ပါတယ် ..
အပေါ်ကရေးပြထားတာတွေက ပုံတွေအတွက်ပါ.. PDF စာအုပ်တွေရေးချင်တယ်ဆိုရင်တော့ shape တွေ
ရွေးစရာမလိုပါဘူး Microsoft Word ကိုဖွင့်ပြီးတော့ မိမိရေးချင်တဲ့ စာတွေကိုရေး... ကိုယ်သိမ်းဆည်းထားချင်တဲ့
စာတွေကို select မှတ်ပြီးတော့ copy ကူးပါ.. ပြီးရင် Word page မှာ paste လုပ်ပါ.. ပြီးရင် Pdf အဖြစ်ထုတ်ယူတဲ့ပုံစံကတော့ အပေါ်ကအတိုင်းပါပဲ.. အားလုံးအတူတူပါပဲ... အားလုံးပဲအဆင်ပြေကြပါစေ...

Saturday, 18 May 2013

CD Drive ပျောက်နေရင် ပေါ်အောင်လုပ်နည်း


တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက CD Drive တစ်ခုလုံးပျောက်သွားတတ်ပါတယ် ။ အဲဒါလေးကိုဖြေရှင်းတဲ့နည်းလေးပါ လွယ်လွယ်လေးပါ။ ကဲစလိုက်ရအောင်..............
ပထမ ဆုံး Start ကနေ Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ်။

အဲဒီ box လေးကျလာရင် သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်ပါ။
အဲဒီ အထဲက အောက်ဆုံးတစ်ခု SYSTEM ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်......အောက်ကအတိုင်းဖြစ်လိမ့်မယ်
SYSTEM ခေါင်းစဉ်အောက်က သုံးခု မြောက်မှာ Current Control Set ဆိုတဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ.......
ပြီးရင် Current Control Set အောက်က Control ဆိုတဲ့ ဘေးက မြှားလေးကို ထပ်ကလစ်ပါ.........  ပြီးရင် Control ခေါင်းစဉ် အောက်က ခြောက်ခုမြောက် က Class ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ကလစ်လိုက်........
ပြီးရင် သူ့အောက်က 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ စာတန်းလေးကို ရှာပြီတော့ ကလစ်လိုက်
Class ခေါင်းစဉ်အောက်က ၁၀ ကြောင်းမြောက်လို့ ထင်ပါတယ်....... အပေါ်က စာတန်းနဲ့ ပြန်တိုက်ကြည့်ပေါ့ ဟုတ်ရင် ကလစ်လိုက်...........
ဒီလိုမြင်ရပါမယ် ညာဘက်မှာ DVD/CD-ROM devices အဲလိုပေါ်နေရမယ် ..........
အဲလိုပေါ်သွားပြီဆိုရင် ညာဘက်အကွက် ထဲမှာ "Upper Filter" ဆိုတာလိုက်ရှာ တွေ့ရင်ဖျက်
"Upper Filter" ဆိုတာမတွေ့ ရင် "Lower Filter" ကို ရှာ တွေ့ရင်ဖျက် ...."Lower Filter" ကိုမတွေ့ရင် " File Filter " ကိုရှာ တွေ့ရင်ဖျက် တကယ်လို့ သုံးခုလုံးတွေ့ရင်လဲဖျက်............
အဲလို ဖျက်ပြီးသွားရင်တော့ အဲဒါကိုပိတ်လိုက်တော့ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ ပြီးရင်ပြန်ဖွင့်ကြည့် ပါ။
အဆင်ပြေပါစေနော်...

Sunday, 12 May 2013

Bluestacks App Player offline Installer For Windows XP/7

      ကဲ ....Android ပုံစံလေးကွ....။ကျွန်တော်တော့ ...တော်တော်လေးသဘောကျသွားတယ်။ Desktop
ပေါ်မှာပဲ Phone သုံးနေသလိုပဲ။ App တွေထပ်ထည့် လို့ ရသေးတယ်။လိုချင်တဲ့ သူများ...အောက်မှာ Down လိုက်ဗျာ။

                        အော်...ပြောမို့ ......သူက Window XP/7 လို့ တော့ ပြောတယ်။ဒါပေမယ်Window XP မှာ မရဘူးဗျ။ Window 7 မှာတော့ ရတယ်။

                        Myanmar Mobile App Website ကရတာပါ။

                     
                                                                 
                                                                        Download -  Link ကဒီမှာပါ။