အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label Gtalk / Gmail ဆိုင်ရာ နည်းပညာများ. Show all posts
Showing posts with label Gtalk / Gmail ဆိုင်ရာ နည်းပညာများ. Show all posts

Tuesday, 13 August 2013

G mail လုံခြုံဖို့ နည်းလမ်းလေးတွေပါ...

ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခု လုံခြုံဖို့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊
G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…

1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ
G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့
G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေ
လို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာ
သော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။
ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့
အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location
တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင်ဒီနေရာမှာကလစ်လိုက်လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။

2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ
Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု ဆိုတာ
သိပြီး ပြီးဟုတ်။ Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ် ပြီးတော့
Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process တစ်ခုလုံးကို
တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု
ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward
လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့်
အကောင့်ကို Hack ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café
တွေ မှာ Mail မစစ်ပါနဲ့၊ ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့ ) ဟီးးးး
3. ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။
Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ် Keylogger တွေ တပ်ထားမှာလည်း
ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ ကိုကြည့်ပါအုံး

Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။
အရင် အကောင့်ရဲ့ Password နဲ့ လုံဝမတူသင့်ပါဘူး။

အရင်အကောင့်နဲ့ G mail ကို Log In ၀င် Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့
တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။
ပြီးတော့ Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ Secondary Mail address ထဲကို
Auto ရောက်လာပါလိမ့်မယ်။

Public Computer မှာ Mail စစ်တဲ့ အခါတိုင်း Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ
Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့
E mail password နဲ့ user name တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။

အရေး ကြီးဆုံးက ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ
ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။

အရေးကြီးဆုံးတော့ Secondary E mail ကို Primary E mail account ရဲ့ Password recovery option မှာ
လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။

4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။
ကျွန်တော် တို့တွေ ကိုယ့် G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့ IP address ကို စစ်ကြည့်
နိုင်ပါတယ်။ IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ Account activity detail
ကို Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။

ဒါက ကျွန်တော် တို့ရဲ့ Gmail account ကို Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။
ဒါက ကျွန်တော် တို့ g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို
ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်
တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို
သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။

ဒါကို ဖြေရှင်းဖို့တော့ Sign out of all other sessions ကို Click လိုက်ပါ
G mail က တစ်ခြား Active ဖြစ်နေတဲ့ Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။
ပြီးတော့မှ Password ကို ချက်ချင်းပြောင်းလိုက်ပါ။

5. Filters တွေကိုလည်း စစ်ကြည့်ပါ
Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား
ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို
တစ်ခြား များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account
security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။
အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး
အခန်းပြန်လာတယ် သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊
အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။

သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။
ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့ G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊
သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။

6. သံသယဖြစ်ဖွယ် Link တွေကို မနှိပ်မိပါစေနဲ့
ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က ဟန်ဆောင် E mail တွေ ပို့လို့ ရတဲ့ Wedsides တွေ
ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက From address ကို customize လုပ်လို့ရတာပါ noreply@gmail.com
တို့ gmailteam@google.com တို့ပါ။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ Mr X က Webside တစ်ချို့ကို သုံးပြီး Mail တစ်ဆောင်
ကျွန်တော် ကို ပို့ပါမယ် Security Reason ကြောင့် G mail password ပြောင်းဖို့ပါ။

support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး G mail
ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊ Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ
သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့
Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။ G mail က အကြောင်းပြချက်မရှိဘဲနဲ့
အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့ Google ကနေ
ဖြစ်ဟန် ရှိပြီး ပြောလာတဲ့ မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က ဟတ် ဖို့ ကြိုးစားနေပြီ
လား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။

7. ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။
နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။ Symbols လေးတွေနဲ့ Special characters
လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…)
ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ Credit card No တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။
ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။
ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။
ကိုယ့်ရဲ့ အကောင့်ကို ဟတ် ဖို့ ကြိုးစားနေတဲ့ တစ်ယောက်က password တွေကို ခန့်မှန်းဖို့ ခက်ခဲသွားမှာပါ ။
ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်
နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။

အဆင်ပြေကြပါစေ...
LCCT -လေဆိပ်မှအိမ်အပြန်ည အမှတ်တရ..၁၄-၈-၂၀၁၃

Saturday, 1 June 2013

Gtalk အကောင့် ဘယ်နိင်ငံကနေ ချက်နေလဲ သိချင်သူများ အတွက်

(၁)Gtalk settings ကိုသွားပါ။
(၂)Connection ဆိုတာလေးကို ကလစ်လိုက်ပါ။
(၃)Start monitor ကိုကလစ်ပြီး ဖိုင်တစ်ခုကျလာတဲ့အခါ OK ကို ကလစ်လိုက်ပါ။
(၄)သင်သိချင်သော သူကို Gtalk ဖုန်းခေါ်လိုက်ပါ။
သူဖုန်းကိုင်လိုက်ပြီဆိုတာနဲ့စောစောက Start monitor ကို ကလစ်လိုက်လို့ ကျလာတဲ့ဖိုင်လေးထဲမှာ စာတန်းတွေ ဂဏာန်းတွေ ကျလာပါလိမ့်မယ်။
အဲထဲက သူ့ Ip Adress ကိုယူပြီး IP Address locate မှာ သွားစစ်လိုက်ရင်...
”ဟွန့် သိချင်စုံစမ်းပေါ့ “ ဆိုတဲ့ မမတွေ ညီမတွေ 
တစ်ဆိုငိထဲမှာ ဟိုးဘတ်စွန်းနဲ့ ဒီဘက်စွန်းထိုင်နေပြီး သမီးကစလုံးကတို့ ကိုကြီးက အော်စီကဆိုတာတွေ ပေါ်ပီပေါ့...
 (သူ့ဘက်က ဖုန်းကိုင်ဖို့နဲ့  Gtalk ဟာ Proxy လုပ်မထားဖို့တော့ လိုတာ ပေါ့ဗျာ)

Friday, 17 May 2013

မိမိ gtalk မှာ စာရိုက်တုန်း smile ပုံမပေါတဲ့သူများအတွက် gtalk my theme လေးပါ../

မင်္ဂလာပါ ... 
 gtalk ဆီကို သူငယ်ချင်းတွေနဲ့ စာပြောတဲ့အခါ smile ပုံစံလေးတွေဖြစ်တဲ့
  • : - ) 
  • : - P
  • :- D
မပေါ်ချင်ဘူးလား.....
ဒါလေးများ ကွာ google.com မှာ ရှာလိုရတယ်လို ထင်ကောင်းထင်နိုင်ပေမဲ့.. လိုအပ် သူများအတွက် ရွေးပြီး တင်ပေးလိုက်တာပါ..။
ရလာတဲ့  my theme လေးကို နှစ်ချက် click လိုက်ပါ။ install အလိုလို လုပ်သွားပါလိမ့်မယ်..။
မှတ်ချက် - မိမိ gtalk ပိတ်ထားပေးပါ..။
ပြီးလျင် အောက်ပါ ပုံလေးအတိုင်း..
gtalk ကို ဖွင့် >>>> ပြီးတာနဲ setting >>>> appearance >>>> chat themes တွေမှား... my theme ကိုရွှေးပြီး
>>>> ok လုပ်ပေးလိုက်ပါ.. ဒါဆို အဆင်ပြေသွားပြီးနော်....။

တစ်ဆက်ထဲ သိသလောက် smile ပုံလုပ်နည်းလေးတွေပြောပြသွားမယ်နော်..။
  • : idea
  • : evil
  • : doubt
  • : C
  • : i
  • : arrow
  • : cry
  • : IoI
  • : oops
  • : rall
  • : shock
  • : - x
  • : -)
  • : O
  • : D
  • : P
           Download - Here      
   အစသည်ရှိသည်ဖြစ်ပေါ့ဗျာ..။
အဆင်ပြေကြပါစေ.......

Thursday, 16 May 2013

Gmail ကိုဝင်ရပြီး Gtalk ပဲ ၀င်လို့ မရတဲ့ ပြဿနာ အကြောင်း




ဒီပြဿနာမျိုးက အဖြစ်များတယ်လို့  မတွေ့ ရပါဘူး။

အနီးနားက သူငယ်ချင်းတွေဆီမှာ  ဖြစ်ခဲ့တဲ့ပြဿနာ

လေးပါ ။ အဲ့လိုဖြစ်နေတယ် ။ ကူညီပါအုံးလို့ ပြောရင် နာရီရက်စွဲ မှန်လားအရင်ကြည့်

မမှန်ဘူးဆို သေချာတယ် အဲ့ပြဿနာ။  စာဖတ်ပြီးလုပ်မယ်ဆိုရင်လည်းရနေပါတယ်

Error messageမှာရေးပြထားတယ်။သတိမမူလို့ လည်းဖြစ်နိုင်သလိုဘာသာပြန်ရမှာ

ပျင်းတာလည်းဖြစ်နိုင်ပါတယ် ။   ဖြစ်ခဲ့သော်ရှိ သုံးရအောင် မှတ်တမ်းတင်ပြီး

ရေးသားသမှု ပြုလိုက်ရပါတယ်....................................။

Gtalk ကနေ Mail ပုံလေးကို နှိပ်ရင် Mozila firefox နဲ့  ပွင့်အောင်လုပ်နည်း



ဒီပြဿနာကတော့ အဖြစ်နဲတယ်လို့ ထင်တာပဲ ။ ဒီပို့စ်လေးကို တိုက်ဆိုင်သူ

ရှိလာပါက အသုံးပြုနိုင်ရန် တင်ထားလိုက်ပါတယ် ။Internet Explorer မှာက

မြန်မာဖောင့် ပြောင်းမထားတော့ အခက်တွေ့ တာပါ။အကယ်၍ ပြောင်းထားမယ်ဆို

ဘာနဲ့  ပွင့်လာပွင့်လာ ပြဿနာ မဟုတ်ပါဘူး ဒါပေမယ့် မြန်မာဝက်ဆိုဒ် အများစုက

Firefox နဲ့ ဖွင့်ဖတ်တာဟာ အဆင်ပြေဆုံး  ဖြစ်တာကြောင့် Gtalk က Mail ပုံကိုနှိပ်

ရင် Mozila ပွင့်သင့်သလို Default အဖြစ်သာ ထားသင့်ပါကြောင်း....................။

Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင့်ဆင့်



Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့်

ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်းပြီးပို့  ရပါတယ် တဖက်လူက

အင်စတောလုပ်ဖို့ အတွက် ဖိုင်နာမည်ကို .exe ဆိုပြီး ပြန်ပြောင်းမှသာ အဆင်ပြေမှာ

ပြီးတော့ Gmail က 25MB အထိပဲ လက်ခံတာဆိုတော့ ကြီးနေရင်ဖိုင်ခွဲဖို့ လိုပါတယ်

အဲ့တော့ 25 အထက်ပို့ ရင်အလုပ်ပိုများပါတယ် Hosting link တစ်ခုခုမှာတင်လိုက်ပြီး

ဒေါင်းခိုင်းရင်လည်းရပါတယ် ပို့ နည်းပေါင်းများစွာရှိပါတယ် သို့ သော်လည်း မေးက

ပိုချင်ရင်တော့ မိမိဆော့ဝဲရဲ့ ဖိုင်နာမည်ကို ပြောင်းလိုက်ပါ ဆော့ဝဲမှာ .exe နဲ့ ဆုံးနေ

တာတွေကို ဖိုင်နာမည် mp3 ဘာညာသရကာပေးပြီးပို့ ရမှာပါ မပြောင်းခင်လုပ်ရမှာ

ရှိပါသေးတယ် Folder Option မှာ သွားပြင်ရမှာ။Control pennel ထဲက သွားလုပ်ရင်

လည်းရသလို အဆင်ပြေတဲ့  နေရာကသွားပါ ။ Folder option မှာ အမှန်ချစ်ဖြုတ်ရမဲ့

စာလေးက Hide extension for know file types ဆိုတာလေးပါ ပြီးရင် Apply = ok

အဲ့တာဆိုရင် Mail ထဲကနေ attach file နဲ့ ပို့ နိုင်ပြီးဖြစ်ပါကြောင်း.........................။

မူရင်းလင့် - http://hacking-class.blogspot.com/2011/07/how-to-send-exe   

အဆင်ပြေပါစေ.......

Gtalk မှာပုံတွေအလိုလိုပြောင်းစေတဲ့Gtalk shell


Gtalk မှာ တင်ထားတဲ့ ပုံလေးတွေကို တစ်ပုံပြီး တစ်ပုံပြောင်းချင်တယ် 
ဆိုရင် Gtalk Shell ကိုအင်စတောလုပ်ပါ ပြီးရင်တော့ အပေါ်မှာပါတဲ့ 
Shell ဆိုတာလေးကို နိုပ်လိုက်ပါ Options ကိုသွား ဘယ်ဘက်မှာ 
Avatar ဆိုတာကို နိုပ်ပြီး Add ကိုနိုပ်ပါ ပြီးရင် ပုံရှိတဲ့ နေရာကနေ ပုံ 
ထည့်ချင်တဲ့ပုံများကိုယူပြီး ok ပေးလိုက်ပါ ပြီးရင်တော့ ကို Gtalk မှာ 
ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းနေတာတွေရမှာပါ…
ရိုးရိုးGtalk ရော Gtalk Shell ရောဆိုတော့2ကောင့်ဖွင်လို့ ရတာပေါ့


ဆော့ဝဲကိုဒီမှာDownload - http://download.cnet.com/

Phone အတွက်ရော ကွန်ပျုတာအတွက်ပါ စွယ်စုံသုံးလို့ ရတဲ့ imo



ဒါလေးကတော့ Phone အတွက်ရော ကွန်ပျုတာအတွက်ပါ များကြီးအသုံးဝင်တယ်

ကွန်ပျုတာမှာလည်း အကောင့်နှစ်ခုဖွင့်ချင်ရင် Gmail ကနေတစ်ကောင့် imo ကနေ

နောက်တစ်ကောင့် တပြိုင်နက်ထဲဖွင့်ရတယ် ပုံပို့ တာပဲဖြစ်ဖြစ် Video Call တွေ နဲ့ 

Voice Call အကုန်အထောက်ကူပြုပါတယ် ဖုန်းထဲမှာလည်း Gtalk ရှိပေမယ့် တခြား

Instant Messager တွေ အများကြီး ထည့်လို့ ရတယ် တစ်ခုမရ တစ်ခု သုံးချင်သူများ

တစ်လိုင်းမတက် တစ်လိုင်းတက် သုံးချင်သူများအတွက် စမ်းသပ်ကြည့်စရာပါ.....။




Computer Browser ကတဆင့် ဖွင့်ရန် - https://imo.im/

Androit Phone တွင် ထည့်သုံးရန် - https://imo.im/android

Iphone တွင် ထည့်သုံးရန် - https://imo.im/iphone

Ipod တွင် ထည့်သုံးရန် - https://imo.im/ipad

Nokia တွင် ထည့်သုံးရန် -  https://imo.im/nokia

Black Berry တွင် ထည့်သုံးရန် -https://imo.im/blackberry

What Can I Do With imo?

အလုပ်ပါး အလုပ်များ ချင်ယောင်ဆောင်သူများအတွက် Gtalk Auto စာပြန်စနစ်




ဒီဆော့ဝဲလေးကတော့  အလုပ်များသောသူများအတွက်  သင့်တော်တဲ့  ဆော့ဝဲပါ

အလိုလျှောက် စာပြန်ပေးမယ့် စနစ်တစ်ခုပါ ကိုယ်မအားတဲ့အခါ ရေးချင်တဲ့စာရေး

ပြီး Save and Enable Autoreply နှိပ်လိုက် တစ်ယောက်ယောက်က စာလာခဲ့ရင်

ကိုယ်ပြန်စေချင်တာလေးကို အော်တို ပြန်နေပါလိမ့်မယ် အလုပ်အရမ်းများနေခဲ့ရင်

ကွန်ပျုတာနားမရှိရင် ဒီလိုအော်တိုစာပြန်စနစ်လေး  ထည့်ထားလိုက်အဆင်ပြေပါတယ်

စာရေးနေစဉ်မှာ မြန်မာစာအတုံးလေးတွေပေါ်မယ် ။ ဒါပေမယ့် အဆင်ပြေပါတယ်

ကဲစမ်းချင်သူတွေအတွက်

ဒီလင့်မှာ Download ယူပါ -  Gtalk Auto Reply

မူရင်လင့် -http://www.technixupdate.com/automatic-reply-to-friend