အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Friday 31 May 2013

ဆီချိုရောဂါသည်များအတွက် ကျန်းမာစေမည့် အမူအကျင့်များ



၁။ အချိန်မှန်စားပါ။ စားချိန်ကျော်လွန်မှ စားခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။

၂။ လမ်းလျှောက်ပြီး၊ ပင်ပန်းပြီး ချက်ချင်း မ...စားပါနှင့်။

၃။ အချိုပေါ့သော အစားအစာများကိုသာ စားသုံးပါ။

၎။ အစာကို ခပ်မြန်မြန် မစားပါနှင့်။ ကြေညပ်အောင် ဝါးပြီးမှ စားပါ။

၅။ ရေများများသောက်ပါ။ (ရေဓာတ်ကြောင့် ကိုယ်တွင်းမှ အချိုဓာတ်နှင့် အဆိပ်များကို လျော့ကျသန့်ရှင်းစေသည်)

၆။ အကြော်အလှော်၊ အဆီအစိမ့်နှင့် အသင့်စား အစားအစာများကို ရှောင်ကြဉ်ပါ။

၇။ အစားစားတိုင်း စိမ်းစိမ်းစိုစို အရွက်ပါ တွဲဖက်စားသုံးပါ။

၈။ နေ့စဉ် ကြက်သွန်နီ အစိမ်း ၂၀ မှ ၂၅ ဂရမ် ပမာဏခန့် စားသုံးပါ။

၉။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း အနည်းဆုံး ၁ နာရီ ပြုလုပ်ပါ။

၁၀။ ကိုယ်တွင်း ဖိုက်ဘာဓာတ် တိုးမြင့်စေရန် ဂျုံမှုန့်နှင့် ဖွဲနုဆန် တစ်ဝက်ဆီ ရောစပ် စားသုံးပါ။


ကျန်းမာပျော်ရွှင်သော ဘ၀လေးတွေပိုင်ဆိုင် နိုင်ကြပါစေ....

No comments:

Post a Comment