မြန်မာနိုင်ငံသား/သူအပေါင်းတို့ကိုယ်စိတ်နှစ်ဖြာချမ်းသာလို့
အဝေးရောက်ခရီးသည် ဘလော့လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..တတ်စွမ်းသမျှ တွေ့ရှိသမျှလေးတွေကို ပြန်လည် မျှဝေပေးနေပါ့မယ်...အရာအားလုံးသည်ကျနော်၏ ကိုယ်ပိုင်များ မဟုတ်ပါ။ (ကျနော် အဝေးရောက်ခရီးသည် လေးသည် ၁၃.၈.၂၀၁၃ နေ့တွင် မွေးရပ်မြေကိုပြန်တော့မှာဖြစ်သည့်အတွက် ပိုစ့်အတင် နဲသွားပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါတယ်)
Showing posts with label Android နည်းပညာများ. Show all posts
Showing posts with label Android နည်းပညာများ. Show all posts
Thursday, 18 July 2013
ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်နည်းလေးပါ
အသုံးလိုတဲ့သူများ သုံးလို့ရအောင်တင်ပေးလိုက်တာပါ
Personal call, secret call အစရှိတဲ့ခေါ်ဆိုမူတွေမှာ ဖုန်းနံပါတ်တွေကိုမသိစေချင်ရင် ဖြောင့်ထား
လို့ရပါတယ်
ဒေါင်းယူပြီးရင် ဆောဝဲနှစ်ခုကို ဖုန်းတွင် install ပါ..။ ပြီးရင် ဖုန်းကို reboot (restart) လုပ်ပါ....။
ဖုန်းပြန်ပွင့်လာရင် screen မှာရှိတဲ့ Hide Caller ID ကိုဖွင့်လိုက်ပြီး enabled နဲ့ show icon ကို အမှတ်ခြစ်ပေးပါ....။
and contact number ကိုနှိပ်ပြီး add လုပ်မဲ့ဖုန်းနံပါတ်တစ်ခု ဒါမှမဟုတ် ဖုန်းထဲက နံပါတ်အားလုံး ထည့်ပေးလိုက်ပါ ....။
add မလုပ်ထားတဲ့ ဖုန်းနံပါတ်ကိုခေါ်ရင် hide လုပ်မှာလား show လုပ်မှာလားမေးလာပါမယ်..။ ကိုအသုံးပြုတဲ့အတိုင်း seleat လုပ်ပါ...။
screenshots လေးပြထားပါတယ်...။
download here
ကဲ ကျန်တာကတော့ သူငယ်ချင်းကိုယ်တိုင်ပဲ လုပ်ကြည့်လိုက်နော် ဒီလောက်ဆို သူငယ်ချင်းတို့အားလုံးနားလည်မယ်လို့ထင်ပါတယ်
Features:
★ Widget with a maximum of 6 operating modes:
★ Hide Caller ID for all calls
★ Always submit Caller ID
★ Hide Caller ID for next call only
★ Hide Caller ID for all calls except for numbers from your phone book (PRO Version)
★ Show Caller ID for selected contact groups (PRO Version)
★ Widget always shows the selected operation mode
★ you can change the GSM-Code prefix
★ Notification for the current status can be set up into notification bar
★ Visually impaired people with color-blindness can recognize symbols easily
★ Admin-UI mit many settings
★ clean the call log from the prefixes
အဆင်ပြေကြပါစေ.........

Wednesday, 17 July 2013
Youtube က Video တွေ နှေးနေလို့ ကောင်းကောင်းမကြည့်ရသူများနဲ့ အလွယ်ဆုံးဒေါင်းချင်သူများအတွက်
Youtube က Video တွေ ကြည့်ရတာ နှေးနေလို့ ကောင်းကောင်းမကြည့်ရသူများနဲ့အလွယ်ဆုံးဒေါင်းချင်သူများအတွက်ပါ..
ဘာဆော့ဝဲမှ သုံးစရာမလိုပဲ youtube videos တွေ ဒေါင်းဖို့နဲ့ အင်တာနက်အမြန်နူန်းမြင့်နည်း
ဒီ save froum net က လုပ်တဲ့ extension လေးဟာ Youtube ဖွင့်လိုက်တာနဲ့
ဒေါင်းဖို့ menu tab လေး အော်တိုပေါ်လာပါတယ်…ပြီးတော့ လိုင်းအားကို
မြင့်ပေးပြီး..youtube videos တွေကို
မထစ်စေတော့ပါဘူး..တကယ်မြန်တာပါ..စမ်းသုံးကြည့်ပါ..အပေါ်ကပုံကလေးကို နှိပ်ပြီး
မိမိတို့သုံးတဲ့ browser အလိုက် install လိုက်ပါ..
အဆင်ပြေကြပါစေ.......

Android Phone တွေကို Roots ဘာကြောင့် လုပ်ရတာလဲ
ဟိုနေ့က ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000 တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။ အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့ နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။
Root ဆိုတာ ဘာလဲ .......... ??
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ ....
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. သူငယ်ချင်းတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
အဆင်ပြေကြပါစေ........
Saturday, 1 June 2013
Android ဖုန်းအတွက် Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application

တကယ့်ကို ၀မ်းမြောက်စရာလေးပါဘဲ.. Pattern Lock , Passwords Lock , Pin Lock ကျနေသူများအတွက်ကတော့ လုံးဝ အဆင်ပြေသွားတာပေါ့ဗျာ။
အားလုံးဘဲအဆင်ပြေကြပါစေ။
Download=> Here
Tuesday, 14 May 2013
Fast Internet Speed Booster 1.3 Apk 600KB
မိမိတို့ ဖုန်း Internet လိုင်းနှေးကွေး လေးလံ ထိုင်မှိုင်း ထုံထိုင်း ပြီး လိပ်က တောင်
ဆရာ ခေါ်ရလောက်သည်အထိ ဆိုးရွားနေပါလား................Fast Internet Speed Booster ကို
ကလစ် တစ်ချက် နှိပ်လိုက်တာနဲ့ သိသိသာသာ တိုးတက်လာတာကို မျက်မြင် ကိုယ်တွေ့တွေ့ရမှာဖြစ်ပါတယ်
Download - Fast Internet Speed Booster
Monday, 13 May 2013
Android Device ကို Gamepad (သို့) Mouse ကဲ့သို့အသုံးပြုခြင်း

Android Device ကို PC ရဲ့ Gamepad (သို့) Mouse အဖြင့်အသုံးပြုနိုင်အောင် ကျွန်တော်တို့ DroidPad ဆိုတဲ့ Application ကိုအသုံးပြုရမှာဖြစ်ပါတယ်။အဲ့ဒီ့ DroidPad Application ကသင့် ရဲ့ Android ဖုန်းကို ကွန်ပျုတာရဲ့ Game Controller အဖြစ်နဲ့လည်း အသုံးပြုနိုင်အောင် လုပ်ပေးနိုင်သလို Mouse အဖြစ်လည်းအသုံးပြုနိုင်အောင်လုပ်ပေးနိုင်ပါတယ်။ သူ့ကို Mouse အဖြစ်အသုံးပြုမယ်ဆိုရင် Multi Mode တွေကိုထောက်ပံ့ပေးထားပြီး Game ခလုပ်အနေနဲ့ အသုံးပြုမယ်ဆိုရင် မတူညီတဲ့ Gamepad
Layout 8 ခုထောက်ပံ့ပေးထားပါတယ်။နောက်ထက် - တစ်ခုကအဲ့ဒီ့ Application ထဲမှာ ပါတဲ့ Slideshow Menu ကသင့်ရဲ့ Presentation တွေကို Laptop ကိုအသုံးမပြုပဲ Present လုပ်ပေးနိုင်ပါတယ်။

သူတို့ကိုတိုင် Auto Detect လုပ်ပြီး Connect ဖြစ်နေတဲ့ Device ကို List ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ Connect ဖြစ်နေတဲ့ Device ကိုရွေးပြီး Start ဆိုတဲ့ Button ကိုရွေးပေးလိုက်ပါ။

Andriod မှာရှိတဲ့ Droidpad ထဲမှာ Joystick, Mouse နဲ့ Slideshow ဆိုပြီးသုံးပိုင်းပါဝင်ပါတယ်။အပိုင်းတစ်ခုချင်းစီတိုင်းမှာ User တွေအတွက်မတူညီတဲ့ Function တွေပါဝင်ပါတယ်။Joystick ဆိုတဲ့ Tab အောက်မှာ မတူညီတဲ့ Layout 8 ခုစီပါဝင်ပြီး တစ်ခုစီတိုင်းမှာ ဖေါ်ပြချက်တွေပါဝင်ပြီးသားဖြစ်ပါတယ်။ဥပမာ- Joystick ရဲ့ Layout 8 မှာ Button ပေါင်း ၈ ခုပါဝင်ပြီး Slider 5 ခုပါဝင်ပါတယ်။Mouse ဆိုတဲ့ အပိုင်းမှာဆိုရင် သင့် Computer မှာရှိတဲ့ Mouse cursor ကို Control လုပ်နိုင်ဖို့အတွက် မတူညီတဲ့ Mode သုံးခုပါဝင်ပါတယ်။ Phone နဲ့ Computer ချိတ်ဖို့အတွက်ဆိုရင် Joystick ပဲဖြစ်ဖြစ် Mouse ပဲဖြစ်ဖြစ် တစ်ခုခုကိုရွေးလိုက်ပါ။ပြီးရင် Computer မှာ Device ပေါ်လာတဲ့ အထိစောင့်ပေးပါ။Device ကိုမြင်ရပြီဆို ရင် ချိတ်ဖို့ရန် အတွက် Double Click လုပ်ပေးပါ။ ချိတ်လို့ပြီးသွားတာ နဲ့ Android app ရဲ့ ဘယ်ဘက်ထောင့်အောက်နားမှာ ‘Connected to PC’ ဆိုပြီး notification လေးတွေ့ပါလိမ့်မယ်။

သူက Joystick နဲ့ Mouse တို့လိုမဟုတ်ဘူး။သူ့မှာ Mode တစ်ခုပဲ ပါတယ်။သူ့ကို Slide Show Presenter လို့လည်းခေါ်ပါတယ်။Presentation တစ်ခုပြဖို့ရန်အတွက် လိုအပ်တဲ့ Feature တွေမှန်သမျှ သူ့မှာ အကုန်ပါတယ်။Slide တွေကို Next,Previous Start (သို့) Stop,Slideshow ရဲ့ အစကိုလည်း တန်းသွားလို့ရသလို အဆုံးကို တန်းသွားလို့ရပါတယ်။နောက်ပြီး Background ကို black နဲ့ white တောင်ပြောင်းလို့၇ပါတယ်။
Download - DroidPaid For Android
Download - DroidPad For Windows
အခုဖေါ်ပြထားတာ အနည်းငယ်ပဲ ရှိပါသေးတယ်။သူ့ကို ကလိရင်းနဲ့
အကုန်လုံးသိသွားပါလိမ့်မယ်။ဘယ်ဟာမဆို ကလိလေ သိလေပါပဲ။ဒါကြောင့်
များများကလိပေးပါ။အဆင်ပြေကြပါစေ.....
Samsung galaxy S2(GTI9100G) အား official 4.0.4 ICS တင်ခြင်း

Samsung galaxy s2(GTI 9100G) သမား
အမြင့်မှ အဆင်မပြေလို့ အနိမ့်ဆင်းချင်သူများ အတွက် စမ်းသပ်ပြီးသားလေး
တင်ပေးလိုက်ပါတယ်.. အရင်ဆုံး လိုအပ်တဲ့ဖိုင်တွေ ဒေါင်းပါမယ် …
firmware ဖိုင်အားဒေါင်းရန်
Odin 1.85 အားဒေါင်းရန်
Samsung Driver ဒေါင်းရန်
ီDriver ဒေါင်းပြီးပါက ကွန်မှာ
သွင်းထားလိုက်ပါ … firmware, Odin ဇစ်ဖြေလိုက်ပါ … ..firmware ဖိုင်
ဇစ်ဖြေရင် tar.md5 ရယ် SS.DLL ရယ်နှစ်ဖိုင်ပါပါမယ် … tar.md5 ဖိုင်ပဲ
ယူပါမယ် ..
Odin ကို ကွန်မှာရမ်းပါ ….. Odin ရဲ့ PDA မှာ အပေါ်က firmware ဇစ်ဖြည်ထားတဲ့အထဲက tar.md5 ဆိုတာလေးရွေးပေးလိုက်ပါ….
ပြီးရင် ဖုန်းပိတ် ……download mode ကို
Power home vol- နှီပ်ပြီး ၀င်ပါမယ် …ပြီးရင် vol + ဆက်နှိပ်ပါ
အောက်ပါပုံအတိုင်းဖြစ်နေရပါမယ် ..

ပြီးရင် ဖုန်းကို USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ … ခဏကြာရင် Odin မှာ အရောင်လေး သမ်းလာပါလိမ့်မယ် ..

အထက်က ပုံအတိုင်း အရောင်လေး
သမ်းလာပြီးဆိုရင် Odin က Start ခလုတ်ကို နှိပ်လိုက်ပါ ..သူ့ဟာသူ
အလုပ်လုပ်နေပါလိမ့်မယ်… ခဏကြာရင် Odin မှာ PASS ပြပါမယ်..

အပေါ်က အတိုင်း Odin မှာ PASS ပြပြီးရင်
ဖုန်းက သူ့ဟာသူ reboot ကျသွားပါလိမ့်မယ် ….. ခဏကြာ ပြန်တက်လာရင် Samsung
galaxy s2(GTI 9100G) 4.0.4 ICS တင်ခြင်း ပြီးသွားပါပြီ …
ပြန်တက်လာချိန်မှာ samsung logO မှာ
ဝဲလည်လည် ဖြစ်နေရင် ဖုန်းကို ပိတ် recovery mode ကို vol+ power
home နှီပ်ပြီး ၀င်ပါ ..အောက်ပါပုံအတိုင်း ဖြစ်သွားပါမယ်. .

အပေါ်က ပုံအတိုင်း ဆိုရင် recovery mode
ရောက်ပါပြီ.. wipe data /factory reset ဆိုတာလေးကို vol ခလုတ်နဲ့
သွားပြီး power ခလုတ်နှိပ်လိုက်ပါ .. yes or no မေးပါမယ်. .

Yes ဆိုတာလေးကို vol ခလုတ်နဲ့ သွားပြီး
power ခလုတ်နှိပ်လိုက်ပါ … ပြီးရင်နောက်ပြန်သွားပြီး reboot system now
လုပ်ပါ.. (2-3 ) မိနစ်လောက်ရှီလို့ ပြန်တက်လာရင် အဆင်ပြေသွားပါပြီ…
Android ဖုန်းကိုအသုံးပြု၍ကိုယ်ပိုင်တိုက်ရိုက်ရုပ်သံလိုင်း ထုတ်လွှင့်ခြင်း

Android
ဖုန်းကိုအသုံးပြု၍ကိုယ်ပိုင်တိုက်ရိုက်ရုပ်သံလိုင်း
ထုတ်လွှင့်ခြင်းအကြောင်းကို ပြောပြချင်ပါတယ်။ အင်တာနက်ကနေ
ကိုယ့်ဖုန်းကင်မရာကနေတစ်ဆင့် တိုက်ရိုက်ရုပ်သံလိုင်းအနေနဲ့ live
လွှင့်လို့ရပါတယ်။ အောက်မှာဆက်လက်ဖတ်ရှုရအောင်။
မိမိတို.
ရဲ့ ဖုန်းမှာထဲ့သွင်းထားယုံနဲ့ Free Live အစီအစဉ်များကိုကြည်.
ရှုနိုင်သှ်အပြင်မိမိကိုယ်တိုင်လည်းပြန်လည်ထုတ်လွှင့်ပေးနိုင်ပါသေးတယ်။ထုတ်လွှင့်ပြီးတဲ့အခါလည်းမိမိရဲ့ထုတ်လွှင့်မှု့ကိုလည်း
Video file အဖြစ် Save ပေးထားမှာဖြစ်လို. Live မကြည်. လိုက်ရရင်တောင်
Delay အနေနဲ့ပြန်လည်ကြည်. ရှုနိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော.မိမိတို.ရဲ့
Metting,Vacation,Cemenor,Picnic,Treament ,Wedding .Birthday Party, Travel and Festival .etc…. များကိုရပ်ဝေးမြေခြားရောက်ရှိနေတဲ့မိမိတို.ရဲ့ဆွေမျိုး။မိတ်ဆွေ။ အပေါင်းအသင်းများထံသို.
ကိုယ်ပိုင်
Live Stream တခုအနေနဲ့ထုတ်လွှင့်ပြသပေးနိုင်မှာဖြစ်ပါတယ်။Screenshot
လေးတွေနဲ့လေ့လာပြီးကိုယ်ပိုင် Live Stream Channel တခုလုပ်ကြရအောင်နော…
အဆင့် (၁)။။ မိမိတို. ရဲ့ဖုန်းတွင်အင်စတောလုပ်ရန်အတွက် Ustream Live Apk အား အောက်က link မှာ download ရယူရန်
Download - Ustream Live Apk
အဆင့် (၂)။ အင်စတောလုပ်ပြီးလျှင် Open ဖြင့်ဖွင့်လိုက်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်။
အဆင့်(၄) ။။ မိမိရဲ့ ကွန်ပျုတာBrowser ပေါ်တွင်ယခုပေးသောလင့်ခ်အားဖွင့်ရပါမယ် ….. www.ustream.tv
အဆင့်(၅) ဒီပုံထဲကအတိုင်းမြင်ရပါမယ်
Log in လုပ်ပေးရပါမယ်။Log in ကိုနှိပ်လိုက်လျှင် ရခုအတိုင်းမြင်ရပါမယ်။
မိမိရဲ့ Register လုပ်ထားသောလိပ်စာဖြင့် Log in နဲ့ထပ်မံပြီး .ဝင်ပေးလိုက်ပါ။

အဆင့်(၆)။။ ယခုကဲ့သို.မိမိရဲ့Name နဲ့ ထပ်မံမြင်ရပါမယ်။
မြင်ပြီးလျှင် အဝိုင်းပြထားတဲ့ Down arrow လေးကိုနှိပ်ပေးလိုက်ပါ။။မိမိရဲ့
Name ကိုနှိပ်ပေးလိုက်လျှင်မိမိရဲ့ကိုယ်ပိုင် Live Stream Channel တခုကို
ပုံပါအတိုင်းရရှိပြီးမိမိကြည်. စေလိုတဲ့ မိဘ၊မိတ်ဆွေ၊

အဆင့်(၇) မိမိဖုန်းတွင်
ပုံထဲကပြထားတဲ့အတိုင်း RECORDING ကိုနှိပ်ပေးလိုက်တာနဲ့စတင်ထုတ်လွှင့်နိုင်ပြီဖြစ်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ.........
Android ဖုန်း အစစ် ဟုတ်မဟုတ် အလွယ်တကူသိရှိနိုင်တဲ့နည်း.....
Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ
ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီး ထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင် ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsets တွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြ ပါဘူး။ Androidအစစ်ကို အသုံးပြု ထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့ မရအောင် တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့ အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်း တွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာ လေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အဆင်ပြေကြပါစေ.........

Friday, 10 May 2013
ဖုန်းအလကားပြောချင်သူများအတွက် ဆော့ဝဲကောင်းလေးတစ်ခု Viber
ဒီဆော့ဝဲလေးကတော့ အသုံးတည့်လို့  သုံးနေကြသူတွေ အများကြီးရှိပါတယ်
မသိသေးသူတွေ သုံးရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ် ။ ဖုန်းထဲမှာ Viber
ဆော့ဝဲထည့်ထားရင် ဆော့ဝဲရှိတဲ့ ဖုန်းအချင်းချင်း Gtalk ပြောသလိုပြောလို့ 
အဆင်ပြေတယ် ။အင်တာနက်တော့ ချိတ်ထားရမယ် ။ အဲ့ဆိုရင် ဖုန်းထဲက
ပိုက်ဆံ စားမသွားဘူး ။ မြန်မာပြည်ကလူတွေ ပြည်ပကို ခေါ်ချင်ရင်လည်း
အဆင်ပြေနိုင်သလို ၊ ပြည်ပကလူတွေ မြန်မာပြည်ကဖုန်းကို ခေါ်ဖို့ လည်း
ပိုက်ဆံကုန်သက်သာပါတယ် ။အဓိက အရေးကြီးတာက ဖုန်း၂လုံး စလုံးမှာ
အင်တာနက်ချိတ်ဖို့ နဲ့  ဆော့ဝဲရှိဖို့ ပဲလိုတယ် ။ ချက်တင်တွေလည်း ရသလို
ပုံတွေပို့ ရင်လည်း မြန်တယ် ။ ဖုန်းတိုင်းတော့မရပါဘူး ။ နောက်ပေါ်တဲ့ ဖုန်း
တွေမှာ ပိုအဆင်ပြေပါတယ် ။ Android နဲ့  IOS တွေ မှာ ပိုအဆင်ပြေတယ်
Samsung နဲ့  Iphone တွေမှာတော့ အဆင်ပြေနေကြတာ ။ကျန်တာတွေကို
ဆက်လက့်လေ့လာကြည့်ပေါ့ အဆင်ပြေနေတဲ့ ချစ်သူ ခင်သူတွေကတော့
ပိုပြီးကိုင်သင့်ပါတယ်။ ဖုန်းခလည်းသက်သာတယ် ။
ဒီမှာ Download ယူ - http://www.viber.com/
Download For - Samsung Model
Download For - Iphone ( IOS)
Download For - Balckberry
Computer ကို Viber ထည့်ပြီး Viber ရှိသောဖုန်းတွေနဲ့ ပြောချင်ရင်
စမ်းသုံးချင်သောသူတွေ အဆင်ပြေစွာသုံးနိုင်ဖို့  နည်းလမ်းတွေကို ရေးပြပါ့မယ်
Viber ထည့်ထားသော ကွန်ပျုတာကနေ မြန်မာပြည်က ဖုန်းတွေနဲ့ ပြောချင်ရင်
အဆင်ပြေပါတယ် အကယ်၍ ကိုယ်ဝယ်ထားတဲ့ဖုန်းက Viber မရဘူးဆိုရင်တောင်
ကိုယ့်ကွန်ပျုတာမှာ ထည့်ထားရင် ပြောရတာ အဆင်ပြေမှာပါ ။ မြန်မာပြည်ကလူ
တွေအနေနဲ့  Viber ကနေ လှမ်းခေါ်ဖို့ အဆင်ပြေပါတယ် ။ ပုံမှန် ဖုန်းအထွက်က
ခေါ်မယ်ဆိုရင် ပိုက်ဆံတွေ အများကြီးကုန်ကျပါမယ်။ Viber ထည့်ထားလိုက်ရင်
ပြည်ပက ကိုယ့်ချစ်သူခင်သူ သူငယ်ချင်းတွေနဲ့  ပြောလို့ ရပါပြီ
Viber ထည့်ထားတဲ့ ဖုန်းကနေ ကွန်ပျုတာကို ခေါ်ချင်တာပဲဖြစ်ဖြစ် Computer
Viber ကနေ ဖုန်းကိုခေါ်တာပဲဖြစ်ဖြစ် အဆင်ပြေမှာပါ ...............................။
Desktop ပေါ်မှာ App ဆိုတဲ့ဖိုင်လေး ရောက်နေပါလိမ့်မယ် အထဲမှာ Viber ရှိနေပါပြီ
လိုင်းကောင်းဖို့ တော့လိုပါတယ်
Android Phone များ Root လုပ်ခြင်း နှင့် Talk 2 Voice Call ထည့်သွင်းနည်း
Root လုပ်နည်းအဆင့်ဆင့်
၂။extract လုပ်ထားပြီး superoneclick ကိုဖွင်လိုက်ပါ။ဘောက်တခုတက်လာ ရင် Donate
Later ကိုနှိပ်ပါ။
၃။Root လုပ်မဲ့ Android ဖုန်းကို usb cable ဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
ဖုန်းရဲ့ Menu>Setting>Application> Development မှာ USB Debugging ကိုအမှန်ခြစ်ပေးပါ။
နောက် Menu> setting> SD Card & Phone Storage ကိုဝင်ပြီး unmount ဟုတ်မဟုတ်စစ်ပါ။
၎။ဖုန်းကို Volume Down နဲ့ Home Buttom ကို၁၀-စက္ကန်မျှ နှိပ်ထားပါ။Warning လို့တက်လာရင်
Volume Up နဲ့ Enter Download Mode ကိုဝင်ပါ။
၅။ဖုန်းကအသင့်ဖြစ်ရင် ကွန်ပြူတာမှာဖွင့်ထားတဲ့ superoneclick ဘောက်မှ Root ကိုကလစ်ပေးပါ။
Message တခုခုတက်လာလျှင် Ok ဘဲနှိပ်ပါ။
၆။Root ပြီးသွားရင် Process စာတန်းပေါ်လာပြီး Reboot လုပ်ခိုင်းပါမယ်။Reboot လုပ်လိုက်ပါ။
၇.ပါဝါပြန်ပွင့်လာတဲ့အခါ Screen မှာ Superuser ကိုတွေရင် Root လုပ်တာOK ပါပြီ။
သူငယ်ချင်းများကိုနည်းတခုပြောပြချင်ပါတယ် အခုကျနော်တို့ ဖုန်းတွင်အများဆုံး
သုံးနေကြတဲ့Gtalk ဆိုတာပါပဲ..။မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalkကို
ရိုးရိုးချက်တင်လောက်ပဲရကြပါတယ် ။call ချင်ရင်တော့ Vtalk တို့
Nimbuzz တို့ဖုန်းထဲinstallရပါတယ်။Vtalk က Voice and Video call ရပေမဲ့ချက်တင်နဲ့တခါတည်းတွဲသုံးမရတဲ့အတွက် နဲနဲရှုပ်ရပါတယ်..။
ဖုန်းကို rest setting လုပ်ရင်လည်းအဲကောင်တွေကပြုတ်ထွက်ပြီး
ပြန်အင်စတောရပါတယ.။အခုကျနော်ပုံမှာပြတဲ့နည်းက ဘယ်တော့မှ
မပြောက်ထွက်တော့ဘူး...။sumsang ဖုန်း S2 ၀ယ်ရင် အပြီးပါလာတဲ့ Talk ပုံစံမျိုးပါ..။ကဲကျနော်တို့မော်ဒယ်နိမ့်တဲ့ galaxy W/Y/ACE/ACE Plus
အစရှိတဲ့ဖုန်းတွင် လုပ်ကြရအောင်..။
အရင်ဆုံးမိမိဖုန်းကို root လုပ်ရပါမည်...။root နည်းကဖုန်းတလုံးနှင့်
တလုံးမတူတဲ့အတွက် တခုချင်းလိုက်ပြီးကျနော်မရှင်းပြတော့ပါဘူး...။ မိမိဖုန်းမော်ဒယ်နဲ့အွန်လိုင်းမှာရှာရင်လည်းအများ
ကြီးပါ...။root ပြီးရင်
ကျနော်တို့စလုပ်ကြရအောင်....။အရင်ဆုံးအောက်
ကဆော့ဝဲ ၃ ခုကိုဒေါင်းရအောင်.....။
Root Explorer .apk
Talk 2 .apk
libtalk ini.so
ဒေါင်းပြီးရင်အရင်ဆုံးRootExplorerကိုinstallပါ...။ပြီးရင်ဆောဝဲကိုRun ပီး
အောက်ကပုံကိုကြည့်ပြီးဆက်သွား
အရင်ဆုံးမျှားပြထားတဲ့အတိုင်း system ကိုသွား...။မ၀င်ခင်အပေါ်က
Mount R/W ကို နှိပ်လိုက်ပါ R/O ဖြစ်သွားပါမယ်...။
system/app/ကိုဝင်ပြီးမျှားပြထားတဲ့ Talk.apk/Talk.cdex ကို delete လိုက်ပါ...။
ပြီးရင် ခုနကဒေါင်းထားတဲ့ Talk2.apk ကို system/app/ ထဲဝင်ပြီး paste ချပါ.။
အပေါ်ကပုံလိုတွေ့မှာပါ...။ နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့
libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။
နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို
systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။ပြီးရင်ဖုန်းကို restart ချလိုက်ပါ.....။ ဖုန်းပြန်ပွင့်လာရင် မိမိGtalkဟာ အပေါ်ဆုံးမှာပြထားတဲ့ပုံလို ဖြစ်သွားပါပြီ...။
နီးစပ်ရာသို့အကောင့်ကိုခေါ်စမ်းကြည့်ပါ..Voice ရော Video call ပါရပြီ။.
Android Phone ထဲရှိ Icon တွေကို နှစ်သက်ရာပုံနဲ့ မြန်မာလို ပြောင်းနည်း
သက်ကြီးရွယ်အိုတွေနဲ့  အခုမှစကိုင်ခါစ လူတွေအတွက် ၊ ကလေးတွေအတွက်ဆို
သင့်တော်ရာ ပုံနဲ့  မြန်မာလို ပြောင်းပေးထားချင်ရင် ဆော့ဝဲလေးယူထည့်လိုက်ပါ
ဒီလင့်မှာ Download ယူ- http://www.mediafire.com/download.php?8ivdahm4ifebvog
Subscribe to:
Posts (Atom)