အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label ရင်တွင်းဖြစ်. Show all posts
Showing posts with label ရင်တွင်းဖြစ်. Show all posts

Wednesday, 17 July 2013

ငါ့ဘဝက အချစ်တစ်ခုကလွဲပီး ဘာမှ မပြည့်စုံတာ…………။

တိမ်တွေလို လွှင့်မျှော်လိုက်ချင်တယ်
ဒါပေမယ့် ငါသူတို့လောက်မှ မပေါ့ပါးတာ
ငှက်တွေလို ပျံဝဲလိုက်ချင်ရဲ့
ဒါပေမယ့် ငါအတောင်ပံမှ မပါတာ
တစ်ခါတစ်ရံ ကျောက်ဆောင်ကျောက်သားတွေလို
မားမားမတ်မတ်ကြီး နင့်ရှေ့မှာရပ်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မမာကျောတာ
ပင်လယ်ပြင်ကြီးလိုလဲ ငြိမ်သက်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မနက်ရှိုင်းတာ
ငါလေ နင့်ကို ရင်ခွင်ထဲမှာ အမြဲထည့်ထားချင်ပါတယ်
ဒါပေမယ့် ကောင်မလေးရေ………………….
ငါ့ဘဝက အချစ်တစ်ခုကလွဲပီး
ဘာမှ မပြည့်စုံတာ…………………….။

ချစ်သောသူ သိစေဖို့

မင်းရဲ့ဘေးမှာ ကိုယ့်ထက်အစပေါင်းများစွာ
သာတဲ့လူတွေရှိနေတော့လဲ ကိုယ်လိုလူတစ်ယောက်က
 မင်းအတွက်တော့ လူပိုတစ်ယောက်ပေါ့
ရုပ်ဆိုးလို့ မုန်းတယ်တဲ့
ဂုဏ်၊ငွေမရှိလို့ မချစ်ချင်ဘူးတဲ့
ပညာမရှိလို့ မပတ်သတ်ချင်ဘူးတဲ့
ကိုယ့်မှာ မင်းလိုချင်တဲ့ အပေါ်ယံ အရေခွံတွေတော့
မရှိပါဘူးးးးးးးးးးးးး
 အကျင့်စာရိတ္တ၊ကိုယ်ကျင့်တရားနဲ့ မင်းကိုချစ်တဲ့ အချစ်တွေပဲ
                                                   ချမ်းသာတယ်လေ
                                   ဒါတွေ မင်းတစ်ယောက် သိခဲ့ရင် သိပ်ကောင်းမှာပဲ
                                                      ကောင်မလေးရယ်.....
                                                                                    aungscc@gmail.com

Saturday, 25 May 2013

မြတ်နိုးခွင့်လေး


လူတကာထက်
ဘာမှတော့ပိုမထူးဆန်းခဲ့ပါဘူး...
အဖြူထည်သက်သက် မြတ်နိုးနေရုံလေးနဲ့ 
တစ်ဘဝလုံးရင်းပြီးချစ်ခွင့်ရရုံလေးပါ။။

ရှင်သန်ခဲ့ တဲ့ ငါ့ဘဝတလျှောက်
နင့်ဆီက တကယ့်ကိုဘာမှမမျှော်လင့်ခဲ့တာအမှန်ပါ...
တကယ်လို့ များ
အဆုံးသတ်ခက်တဲ့ဇာတ်သိမ်းအတွက်
နာကျင်ရမယ်ဆိုရင်လဲ
အဲ့ ဒီနာကျင်ရမဲ့ သူက
ငါပဲဖြစ်လိုက်ချင်ပါတယ်။။


ဒီဘဝကြီးထဲ ငါဟာနင့်အတွက်
ပေးဆပ်ဖို့ သက်သက်
မွေးဖွားလာခဲ့တဲ့လူတစ်ယောက်ပါ...
နင်စေလိုရာစေဖို့ 
လိုအပ်ရင်
င့ါဘဝကိုတောင်လမ်းခင်းထားပေးခဲ ပါ့မယ်
ဒါပေမယ့်
နောက်ဆုံးထွက်သက်ထိမြတ်နိုးခွင့်လေးတော့
ငါ့ကိုပေးသနားပါ။။

နင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုအချစ်နဲ့ စပြီး
အချစ်နဲ့ပဲ အဆုံးသက်ချင်ခဲ့တယ် ကောင်မလေးရယ်...

aungscc@gmail.com

ချစ်သူအတွက် ထာဝရ

ချစ်သူ ... မင်းငါ့လက်ကိုဆုပ်ကိုင်မထားလဲ ............. ငါမင်းလက်ကိုမြဲမြဲဆုပ်ကိုင်ထားပါ့မယ်...
ချစ်သူ ... မင်းရင်ထဲမှာ ငါရှိမနေတော့ရင်လဲ ......... ငါရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားထဲမှာ မင်းအတွက် နေရာရှိနေပါတယ်...                                                                                                         ချစ်သူ ... မင်းငါ့ရင်ကို နာကျင်အောင်လုပ်နေရင်လဲ ........ ငါမင်းရင်ထဲမှာ ဘယ်တော့မှမနာကျင်စေရပါဘူး
ချစ်သူ ... မင်းငါ့ကိုနားလည်မှု မပေးတော့ရင်လဲ ......... ငါရဲ့ နားလည်ပေးမှု အားလုံးကိုမင်းရရှိနေမှာပါ...
ချစ်သူ ... မင်းငါ့ကိုမလိုအပ်တော့ရင်လဲ ............ ငါမင်းရဲ့ အဝေးတစ်နေရာမှာ အမြဲရှိနေဦးမှာပါ...
ချစ်သူ ... မင်းငါ့ကိုမချစ်တော့ရင်လဲ .......... ငါရဲ့ ကြင်နာခြင်းတွေအားလုံး မင်းတစ်ယောက်တည်း အတွက်ဘဲဖြစ်နေစေရပါမယ်....                                                                                                                   ချစ်သူ ... မင်းရဲ့သစ္စာတရားဟာ င့ါအတွက်မဟုတ်တော့ရင်လဲ ........ ငါ့နဲ့ပတ်သက်သမျှ အရာအားလုံး မင်းအတွက်ထာဝရဖြစ်နေမှာပါ...                                                                                                         ချစ်သူ ... နေ့နေ့ညည အိမ်မက်အားလုံးကို မင်းသာ အပိုင်စိုးလို့ ကိုးစားချင်ပေမဲ့
............ လောကကြီး နဲ့ လူတွေရဲ့ စိတ်ကတော့ ထာဝရပြောင်းလဲနေတယ်ဆိုတာ ကိုယ်တွေ့ကြုံမှသိခဲ့ရတယ်....ချစ်သူ အရာရာမှာ တန်ပြန်နိယာမသဘောတရားတွေရှိနေခဲ့မယ်ဆိုရင် ငါ့ဘက်ကတော့ အသေချာဆုံးကတော့ ငါမင်းအတွက်ထာဝရ ရှိနေမှာပါ .......... ချစ်သူ

Friday, 17 May 2013

နင့်အနားမှာ အမြဲရှိချင်တယ်


တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ
ရင်ထဲမှာ ရှိနေတာ….
အိပ်မရတဲ့ ညတွေမှာတမ်းတမ်းတတနဲ့
ရင်ထဲမှာ ရှိနေတာ….
အတိတ်ကိုပြန်တွေးမိတိုင်း မွန်းကြပ်မှုတွေနဲ့
ရင်ထဲမှာ ရှိနေတာ….
အမှတ်တရတွေ တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ….
ပျော်ရွှင်မြူးနေတဲ့ ချစ်သူတွေကို တွေ့ရတိုင်း
ရင်ထဲမှာ ရှိနေတာ…
အနာဂတ် ကို တွေးမိတိုင်း
ရင်ထဲမှာ ရှိနေတာ….

နှလုံးသား question

လူတစ်ယောက်ကို ဘ၀တစ်ခုလို ယုံကြည်ပီးတော့လဲ
ချစ်ခဲ့ဖူးတယ်..........

မျှော်လင့်ချက်တွေအားလုံး ပုံအောပီးတော့လဲ
လက်တွဲခွင့်ကို မျှော်လင့်ခဲ့ဖူးတယ်...........

နှလုံးသားတစ်ခုလုံး ဆတ်ဆတ်တုန်သွားအောင်လဲ
ဒဏ်ရာတွေအပြည့်နဲ့ နာကျင်နေခဲ့ရတယ်........

တကယ်တော့ အချစ်ဆိုတာဘာလဲ...????

Sunday, 12 May 2013

အချစ်စစ်မှန်ခဲ့ရင် တစ်နေ့တော့ လက်တွဲခွင့်ရမှာပါ

ငါတို့ နှစ်ယောက်ချစ်နေကြတာ မယုံရပါဘူးဆိုတဲ့
အွန်လိုင်းပေါ်ကတွေ့ ဆုံခဲ့ရတဲ့ အချစ်စစ်တစ်ခုပါ.......ငါတို့ နှစ်ယောက်
ပြောနေရတဲ့ စကားလေးတွေကလဲ လေလှိုင်းလေးထဲက နေတဆင့်ပဲလေ....


ဒါပေမဲ့ ငါတို့ နှစ်ယောက် လိမ်ညာမှုမရှိပဲ ပွင့်လင်း ရိုးသားခဲ့တယ်
အတူတူ ဆုံတွေ့ ခွင့်ရမဲ့ နေ့ လေးတွေကို လက်ချိုးရေတွက်ရင်း
တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိချစ်နေကြတယ်.....


ငါ့တို့ နှလုံးသားနဲ့ ရင်းပီး ၀မ်းနည်းခဲ့ကြတဲ့ အချိန်တွေလဲရှိသလို
အပြင်မှာအတူတူ မပျော်ရွှင်ခဲ့ဖူးပေမဲ့ ထပ်တူကျတဲ့ အချစ်တွေနဲ့ 
ပျော်ခဲ့ရတဲ့ အချိန်တွေလဲရှိနေတယ်လေ..ငါတို့ တွေ.စစ်မှန်တဲ့ အချစ်စစ်နဲ့ 
ချစ်နေကြတယ်ဆိုတာကို အတူတူလက်တွဲသွားရင်း သက်သေပြလိုက်
ကြရအောင်နော်..ချစ်သူ...ကိုယ်မင်းကို....... အရမ်းချစ်တယ်.......


ဘယ်သူတွေက မယုံကြည်ရပါဘူးပြောပြော ငါတို့ ကတော့ချစ်သူတွေပဲလေ....
အွန်လိုင်းလေးထဲချစ်သူတွေလဲ အချစ်စစ်မှန်ရင်တစ်နေ့ တော့လက်တွဲခွင့်
ရကြမယ်လို့ ငါ ယုံကြည်ပါတယ်ဟာ .....

အရာအားလုံးထက် နင့်ကိုပိုချစ်တယ်

ငါမသိဘူး........
ဘာကြောင့် နင့်ကို ချစ်မိသွားမှန်း


ငါမသိဘူး.......
ဘာကြောင့် နင့်တစ်ယောက်တည်းကိုဘဲ
ချစ်နေမိမှန်း


ငါမသိဘူး......
ဘာကြောင့် ငါ့အိမ်မက်တွေက နင့်
တစ်ယောက်အတွက်ဘဲ ရှိနေမှန်း

ငါမသိဘူး.........
ဘယ်လောက်နင့်ကြောင့် ငါမျက်ရည်ကျခဲ့ပါစေ
နင့်ကိုဘဲ ငါချစ်နေခဲ့မှန်း


ငါမသိဘူး........
ဘယ်အချိန်မှာ နင့်ရင်ခွင်ထဲဝင်ပြီး အမြဲပြုံးပြီး
ပျော်နိုင်မယ်မှန်း


ထာဝရချစ်မယ်ဆိုတဲ့ စကားထက် ပိုပြီး ပြောလို့ရမယ့်

စကားရှိရင်ငါပြောလိုက်ချင်တယ် ငါက အရာအားလုံးထက်
နင့်ကို ပိုချစ်တယ်.....

Thursday, 11 April 2013

သင်သူ့ကို တကယ်ချစ်တယ်ဆိုရင်...

          သင်သူ့ကို တကယ်ချစ်တယ်ဆိုရင်...                                                                                                 ၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။

၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။


၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။


၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)


၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။


၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။


၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။


၈။ သူ့အပ်ါကို တန်ဖိုးထားပါ။


၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။


၁၀။ သူ့အတွက် အချိန်ပေးပါ။


၁၁။ သဘောထားကြီးပါ။


၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေ ကို မမေ့မပျောက်အောင် မှတ်သားပါ။


၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။


၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။


၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။


၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။


၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။


အဲဒီအချစ်ဆိုတဲ့နေရာမှာ ၁၅၀၀ အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း

အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်
အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်
ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်.....

Wednesday, 10 April 2013

အွန်လိုင်းချစ်သူ

ချစ်သူ ....
အွန်လိုင်းပေါ်မှာ ဖြစ်တည်ခဲ့တဲ့အချစ်ဆိုပေမဲ့
ကိုယ့်နှလုံးသားမှာ မင်းတစ်ယောက်တည်းသာရှိပြီး
ရင်ခုန်သံတိုင်းကို မင်းတစ်ယောက်ပဲစိုးမိုးနေခဲ့တာပါချစ်သူ .....
ကိုယ့်အတွက်မင်းရဲ့ အကောင့်လေးရှိခြင်း/မရှိခြင်းဆိုတာ
အရေးအကြီးဆုံးအရာဖြစ်ပေမဲ့
ချစ်သူအတွက်တော့ ကိုယ့်အကောင့်လေးဟာ
လိုအပ်ချိန်မှအသုံးချခံရတဲ့ အရာမျိုးလေးဖြစ်ချင်ဖြစ်နေမှာပဲနော်
နားလည်ပေးပါ့မယ်ချစ်သူ .....
တစ်ဖက်သက် ချစ်မိနေတဲ့ ကိုယ့်ရဲ့ချင်းခြင်းတွေအတွက်
ဒီလောက်တော့ ကိုယ်ခံစားရမှာပေါ့ ....
တစ်ခါတစ်လေစဉ်းစားမိတယ်ချစ်သူ
ငါ့ရင်ထဲမှာ ချစ်သူကိုတက်မက်စွာချစ်နေမိပေမဲ့
ချစ်သူရဲ့နှလုံးသားထဲမှာ ကိုဟာ မြူခိုးငွေ့ပမာဏတောင်
ရှိနေပါ့မလားလို့ပေါ့ ....
အားနာလိုက်တာချစ်သူရယ် ....
တကယ်လို့ ချစ်သူအတွက်ငါဟာ
စိတ်ရှုတ်စရာဖြစ်ခဲ့မယ်ဆိုရင်ပေါ့ ....
အားငယ်မိတာတော့အမှန်ပဲချစ်သူ ...
ချစ်သူအနားမှာ ချစ်သူရဲ့ချစ်ခြင်းတွေကို
တောင်းခံနေတဲ့သူတိုင်းဟာ
ကိုယ့်ထက်အရာရာမှာ သာလွန်ပြီးပြည့်စုံတဲ့သူတွေပဲလေ
ဒါပေမဲ့ချစ်သူ
ချစ်သူအပေါ်ထားရှိတဲ့ ကိုယ့်ရင်ထဲက
ဖြူစင်တဲ့ ချစ်ခြင်းတွေကတော့ ဘယ်သူမှလိုက်လို့မမှီနိုင်ဘူးဆိုတာ
ကိုယ့်အသက်နဲ့အတူ ကိုယ့်ဘ၀နဲ့ရင်းပြီး
အာမခံရဲပါတယ် .....
ဆုံးဖြတ်ပါချစ်သူ
အရာရာမှာ ချစ်သူအတွက်ပျော်ရွှင်စေမယ်ဆိုရင်
ကိုယ့်နှလုံးသားကို ချစ်သူရဲ့ခြေတောရင်းမှာ
ခံစားလို့ ကိုယ့်ဘ၀အနာဂါတ်တွေကို
ချစ်သူတို့အတွက် လမ်းတံတားဖြစ်စေပေးမှာပါ ....
သြော် .....
အချစ်ဆိုတဲ့အရာကို စတင်တွေ့ရှိချိန်မှာပဲ
အချစ်ဆိုတာကို ကိုနားလည်ပေးခဲ့ရတယ်နော် ....
ကျေနပ်ပါတယ်ချစ်သူ
ချစ်သူနဲ့အခုလို ကြုံဆုံခွင့်ပေးတဲ့
လောကကြီးမှာ ကိုဟာ လူတစ်ယောက်အဖြစ်
ရှင်သန်မွေးဖွားလာရတာကိုပေါ့ .....