အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)
friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label Account ပြဿနာများ ဖြေရှင်းနည်း. Show all posts
Showing posts with label Account ပြဿနာများ ဖြေရှင်းနည်း. Show all posts
Friday, 31 May 2013
Facebook အကောင့် ဖွင့်မရခြင်း / Block ခံရခြင်း အကြောင်း
- Friend  Add ခြင်း
ကိုယ်တွေ့ပါ။ စာဖတ်သူ အချို့ လည်းကြုံဖူးမှာပါ Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင် ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောရောင် ပိတ်ပါတယ်။
- Message ဇွတ်ပို့ခြင်း
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။
- Like ဇွတ်လုပ်ခြင်း
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။
- Group အများအပြား ဝင်ခြင်း
user တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ပြသနာတက် တတ်ပါတယ်။
- နာမည်ရင်း အသုံးမပြုခြင်း
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါ ဘူး။ ကျနော်တို့တော့ အဆင်ပြေနေတာပဲ။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။
- Friend များလွန်းခြင်း
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ ဒါကျ ကိုယ်တိုင် မကြုံဖူးတော့ မသိသေးပါဘူး။
- နေရာ ပြောင်းသုံးလွန်းခြင်း
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန်းမတက် ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြေားများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံ ကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။
- Device ပြောင်းသုံးလွန်းခြင်း
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ဘယ်သူ သုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်တတ်ပါတယ်။
- Poke လုပ်လွန်းခြင်း
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။
- Link များ ရှဲလွန်းခြင်း
ဒါလည်း လက်တွေ့ကြုံရပါတယ်။ Blog တွေ၊ Word press တွေက လာတဲ့ Link တွေကို Facebook ပေါ်ကနေ Transfer လုပ်တာမျိုးကို သူတို့ မကြိုက်ပါဘူး။ Facebook က ဒါကို Security Attack လုပ်မယ့် သူတွေလို့ပဲ များသောအားဖြင့် သတ်မှတ်ပါတယ်။ ဒါကြောင့် Post တွေမှာပဲ ဖြစ်ဖြစ်၊ Message တွေမှာပဲ ဖြစ်ဖြစ် Link တစ်ခုတည်းကိုပဲ အားရပါးရ ပေးနေရင် Security question တွေစပါပြီ။
- အသက် ၁၈ နှစ်မပြည့်သေးရင်
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။
- Report အလုပ်ခံရများရင်
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ် ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာ ပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။
- App ဇွတ်သုံးခြင်း
သူများ ဟို App လေးတင်တော့ ကိုယ်လည်း လိုက် click ကြည့်တာပဲ။ ဟို လင့်လေးတွေ့တော့ ကလစ်ကြည့် လိုက်တာပဲနဲ့ နောက်ဆုံး အကောင့် အပိတ်ခံရတတ်ပါတယ်။
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ ကိုယ် ဖန်တီးတဲ့ app ကို ဇွတ်ကြော်ငြာနေတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့ဆိုရင်လဲ ဖြစ်တတ်ပါတယ်။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေပေးလိုက်ပါတယ်
...
အဆင်ပြေကြပါစေ...
Tuesday, 14 May 2013
မိမိ သူငယ်ချင်း gmail account တွေအားလုံးကို မိမိ အကောင့်အဟောင်းမှ အသစ်ထဲကို တစ်ပြိုင်ထဲ ပြောင်းမယ်...။
ကျတော်တို့  Gtalk မှာ လိုသလောက် အကောင့်တွေကို invite လုပ်လို့ရပေမဲ့ အချိန်ကြာမှာပါ...။
အဲဒီအတွက်. ကျတော် သိတာလေး ပြောပြမယ်နော်.. ။
ကဲ စလိုက်ကြရအောင်ဗျာ..
ပထမ မိမိ gmail (အကောင့်ဟောင်း) ကိုဖွင့်လိုက်ပါ..။  ပြီးလျင်.. အောက်ပါပုံလေးအတိုင်း
content လေးဆီသွားလိုက်ပါ..။
ပြီးတာနဲ အောက်ကပုံအတိုင်းမြင်တွေရမှာပါ..
အကောင်တွေကို all ပေးလိုက်လျင် အကုန်ကူးယူခြင်းဖြစ်ပါတယ်..
လိုအပ်သည့် အကောင့်များကိုသာ အမှန်ခြစ် ပေးလဲ ရပါတယ်..။
ပြီးတာနဲ့ အကောင့်တွေအားလုံးကို EXPORT လုပ်လိုက်ပါ...။
 ပြီးတာနဲ အောက်က BOX လေးကျလာပါလိမ်မယ် အဲဒီမှာ ပြထားတဲ့အတိုင်း လုပ်ပြီး Export လုပ်ပြီး ဒေါင်းလိုက်ပါ..။
ကဲ ရလာတဲ့ဖိုင်လေးကို desktop မှာထားပြီး..လျင်..
မိမိထည့်မည် gmail အကောင့်အသစ်ကိုဖွင့်လိုက်ပါ...။ ပြီးလျင် ထိုသို့ အတိုင်းသွားပြီး..
အောက်ကပုံအတိုင်း Import ထဲသို့ သွင်းလိုက်ပြီး Import လုပ်လိုက်မယ်ဆိုရင် အားလုံးအဆင်ပြေသွားပြီးနော်..
gtalk ဖွင့်ကြည့်ပါက အကောင့်အသစ်ထဲသို့ အကောင့်များရောက်နေသည်ကိုတွေရပါလိမ့်မယ်..။  အားလုံးအဆင်ပြေကြပါစေ.........
Monday, 13 May 2013
facebook မှာ မိမိ online ရှိနေတာကို hide လုပ်နည်း
လုပ်နည်းကလည်း မခက်ပါဘူး ဒါကြောင့် Screenshot တွေနဲ့ မရှင်းပြတော့ပါဘူး ။
အောက်မှာပြထားတဲ့ ဖိုင်လမ်းကြောင်းအတိုင်း သွားလိုက်ပါ ။
Account ---> Privacy settings ---> Applications and Websites (At the left side at the bottom) ---> Edit your settings ---> Public search --->Edit settings ---> Leave the box "Unchecked"
 အဆင်ပြေကြပါစေ....
Thursday, 9 May 2013
မြန်မာပြည်က လူများအတွက် Gmail နဲ့ Gtalk အကောင့်ဖွင့်မရလျှင် လုပ်နည်း
ဒါကတော့ အရင်က  အကောင့်အဟောင်းတွေမှာလည်း  ဖြစ်တတ်တာပဲ ။ ဖုန်းနံပတ်
တောင်ပြီး ကုဒ်ထည့်မှ ပွင့်တာ ။နောက်တစ်ခုက အကောင့်အသစ်ဖွင့်တဲ့အခါမှာရော
ပြည်ပက သူငယ်ချင်းတယောက်ယောက် အကူညီတောင်းကြည့်ပီး  ထည့်ပေးလိုက်
အကောင့်သစ်လုပ်တာလည်း အဲ့အဆင့်ရောက်လာပီဆို မြန်မာပြည်တွင်းဖုန်းမရရင်
ပြည်ပက တယောက်ယောက်ကို အကူညီတောင်းရင် အဆင်ပြေနိုင်ပါ၏..............။
Gtalk နဲ့ Gmail မှာတင်တဲ့ ပုံများနဲ့ တင်တဲ့စာများ ကြာကြာမခံပဲပျောက်နေရင်
ဒီနည်းကတော့ လူတိုင်းမဖြစ်ကြပါဘူး ဖြစ်လာခဲ့ရင် သုံးနိုင်စေဖို့  မျှဝေလိုက်ပါတယ်
ပြဿနာကတော့   တင်လိုက်တဲ့ပုံတွေ ရေးလိုက်တဲ့စာတွေက  ကြာကြာမခံတော့ပဲ
အလိုလို ပျောက်သွားတတ်ပါတယ် ။ ဖြစ်လာခဲ့ရင် အောက်က လင့်ကနေသွားလိုက်
ပြီးရင် Goole + ဆိုတာကိုရွေးပြီး ဖျက်လိုက်ရင် ရပါတယ် ။ ဒါပေမယ့် မဖျက်ချင်ရင်
Profile ကို disable ပေးရင်လည်း ရနိုင်ပါတယ် ။  Google+ အကောင့်မှာ ဖြစ်တာဆိုတော့ ဖျက်ထုတ်ပေးလိုက်ရင်
အဆင်ပြေသွားပါတယ်..ဖြစ်လာခဲ့ရင် စမ်းကြည့်ပါ........................................။
ဒီလင့်ကနေ သွားလုပ် = https://www.google.com/settings/products
ဒီလင့်မှာ ဖတ်ကြည့် -http://productforums.google.com/forum