အဝေးရောက်ခရီးသည် ဘလော့လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..တတ်စွမ်းသမျှ တွေ့ရှိသမျှလေးတွေကို ပြန်လည် မျှဝေပေးနေပါ့မယ်...အရာအားလုံးသည်ကျနော်၏ ကိုယ်ပိုင်များ မဟုတ်ပါ။ (ကျနော် အဝေးရောက်ခရီးသည် လေးသည် ၁၃.၈.၂၀၁၃ နေ့တွင် မွေးရပ်မြေကိုပြန်တော့မှာဖြစ်သည့်အတွက် ပိုစ့်အတင် နဲသွားပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါတယ်)
Showing posts with label ရသ ကဗျာများ. Show all posts
Showing posts with label ရသ ကဗျာများ. Show all posts
Saturday, 1 June 2013
“တောမြိုင်ခြေလမ်း”
သာယာငယ် ဆန်းတော့၊
တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊... ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။
ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
ပလွေညင်းလို့ 
သီချင်းငယ်ညာ၊
ဘာသာအလိုက်၊
နွားကျောင်းသူငယ်၊
ပျော်ရေးကြွယ်၊
တုတ်ငယ်ရိုက်လို့ ၊
ကြုံကြိုက်ရသည်အခါမှာ၊
တူမပါသက်လျာဖြန်းကို၊
အိုခင်ရဲ့ လွမ်းလှတယ်လေး။ ။
၁၂၊ ၄၊ ၂၉
မင်းသုဝဏ်
ပန်းချီ usawhlaing
Subscribe to:
Posts (Atom)

