အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label ကွန်ပျူတာအတွက် စော့ဝဲများ. Show all posts
Showing posts with label ကွန်ပျူတာအတွက် စော့ဝဲများ. Show all posts

Wednesday, 31 July 2013

Apply Pattern Password On Windows (ပုံနှင့်ရှင်းပြ)

ဒီတစ်ခါသူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တာက မိမိကွန်ပြူတာကို ဖုန်းတွေမှာလိုပဲ Pattern
ကုဒ်လေးနဲ့ Lock ချထားချင်တယ်ဆိုရင်တော့ဒီဆော့စ်ဝဲလေးကအကောင်းဆုံးပါပဲ။
ဝင်းဒိုးအားလုံး 32/64 အကုန်သုံးလို့ရပါတယ်။ကွန်ပြူတာအပိတ်အဖွင့်မှာ automatically အလုပ်
လုပ်ပါတယ်။ကိုယ့်ရဲ့ Pattern ကိုလည်း Back up လုပ်ထားလို့ပါတယ်။အောက်မှာပုံတွေနဲ့သေချာ
ရှင်းပြထားပါတယ်။စိတ်ဝင်စားရင်တော့လိုက်လုပ်ကြည့်ပါ။





ကိုယ်လုပ်ထားတဲ့ Pattern ကို backup လုပ်ထားလို့ရပါတယ်။ပြီးတော့ 3*3(9points)လား

4*4(16points)လား 5*5(25points)လား ကြိုက်တာရွေးပါ။ပြန်ပြောင်းချင်ရင်တော့ ResetPattern ပေါ့

General မှာကတော့ ကိုယ်ဘယ်လိုထားချင်လဲဆိုတာရွေးပေါ့။ ဒီအတိုင်းလဲရပါတယ်။
နောက်ခံပုံလေးကိုလည်းသူငယ်ချင်းတို့ဘယ်လိုထားချင်လဲရွေးလိုက်ပါအုံး။
           ဒီအတိုင်းပဲနော်ပြီးရင်တော့  Restart  your  system ..... ပေါ့နော်.......

                              Download Filecould | Zippyshare | Dropbox

အဆင်ပြေကြပါစေ...

Monday, 29 July 2013

Free Download WebCamMax 7.6.0.2 Full With Serials key and Crack File

ကင်မရာသုံးသောသူငယ်ချင်းများနှင့်notebookသုံးသောသူငယ်ချင်းများ
video chat လေးလုပ်ဖို့  webcam max လေးတော့သုံးကြပါလိမ့်မယ်။
ဒါပေမယ့် full version လေးမဟုတ်ရင်တော့ စိတ်ညစ်ရမယ်နော်....
မပူပါနဲ့ တော့ဗျာ..သူငယ်ချင်းအားလုံးအတွက် full version လေးတင်ပေး
လိုက်တယ်။crack ဖိုင်လေးပါ ပါတယ်ဗျ။crack ဖိုင်လေးထည့်တတ်ဖို့ တော့လို 
လိမ့်မယ်နော်။တစ်ခါတည်းတင်ပေးပါမယ် အဆင်ပြေပါစေနော်................

ဒီလောက်ဆိုရင်တော့ ဒေါင်းလို့ ရပါပြီ

အဆင်ပြေကြပါစေ...

Monday, 22 July 2013

စက်ရဲ့ Ram ကို ထိန်းညှိပေးမယ့်Super Ram v6.11 Full Version + Patch

Computer ရဲ့ Memory ကိုအကောင်းဆုံးထိန်းပေးတဲ့ Software တစ်ခုပါ......
ကျွန်တော်ဆို..Firefox ကိုတစ်ခါ Run ရင် Tab တွေအများကြီးဖွင့်....Window တွေချဲ့......
Firefox ဆိုတာကလည်း.....Memory ကိုအရမ်းစားပါတယ်......အဲ့လိုမျိုးသုံးလိုက်ရင်...စက်ကမတရားလေးသွားတတ်တယ်......
တချို့က..အဲ့လိုလေးတာကို...Repair Software တွေကြောင့်ဆိုပြီး.....ပြန်ဖြုတ်တတ်ပါတယ်...
တကယ်တော့.......Memory က အလုပ်တွေများပြီး........လေးသွားတာပါ.....
အဲ့ဒီ့ပြသနာကို..ဒီSoftware က ဖြေရှင်းပေးပါလိ့မ်မယ်.....
ဆောင်ထားသင့်တဲ့ Software တစ်ခုပါ....အမြဲတမ်းအသုံးပြုနိုင်အောင်...Patch ပါပါတယ်....
Patch ကိုထည့်ခါနီးကျရင်....Antivirus ကိုပိတ်ဖို့လိုမယ်ဆိုတာ....ပြောဖို့လိုမယ်မထင်တော့ပါဘူး.

Download ပြုလုပ်ရန်

အဆင်ပြေကြပါစေ...

Wednesday, 17 July 2013

ဝင်းဒိုးအားလုံးအတွက် အရေးပေါ်သုံး Program

ဒီနေ့တော့ သူငယ်ချင်းတို့ကို ဆော့ဝဲသေးသေးလေးတစ်ခု မျှဝေပေးမှာပါ ..
ဒီဆော့ဝဲကိုတော့ ဘယ်သူမှ မမြင်ဖူးသေးမှာ သေချာပါတယ် ..
ဆော့ဝဲလေးက ဖိုင်ဆိုဒ်လည်းသေးသေးလေးပါ ...
ဘယ်နေရာမှာ သုံးရတာလဲဆိုတော့လည်း သူ့ကိုအသုံးပြုစရာနေရာကလည်း
ရံဖန်ရံခါမျိုးမှာပဲ ရှိလာမှာပါ ...
ဘယ်လိုအခါမျိုးတွေမှ ဒီဆော့ဝဲလေးကို သုံးရမှာလဲဆိုတော့ ကျွန်တော်တို့တွေဟာ
ကွန်ပြူတာသုံးနေရင်းနဲ့ အရေးတကြီးသွားစရာရှိလာတဲ့အခါမျိုးမှာ လောလောဆည်
ဖွင့်သုံးထားတဲ့ Program တွေကို တစ်ခုချင်းလိုက်ပိတ်နေရပြီး တစ်ချို့ Program ဆိုရင်
Run နေဆဲမှာပိတ်မိတဲ့အခါ Error Message တွေတက်ပြီး ကွန်ပြူတာကို Shutdown
ချဖို့ပါ ခက်သွားတဲ့အချိန်မျိုးတွေ ကြုံရတတ်ပါတယ် ..

နောက်ပြီး Flash Drive လေးတစ်ခု စက်မှာတပ်ပြီး ကူးစရာရှိတာကူး .. ထည့်စရာရှိတာထည့်ပေါ့
Flash Drive ကို ဖြုတ်မယ်လည်းလုပ်ရော .. In Use ဖြစ်နေလို့ ဖြုတ်လို့မရပါဘူးဆိုတဲ့
Message ကတက်လာပါလေရော .. အဲဒီတော့ ကိုယ်တွေကလည်း စိတ်က လက်တစ်ဆစ်ဆိုတော့
ဆွဲဖြုတ်ပစ်လိုက်ရော .. ဟော .. အဲဒီလို လုပ်ပါများလာတော့ Flash Drive ကြီးတစ်ခုလုံး
Die ဖြစ်သွားပါလေရော .. Flash Drive တွေ Write Protected ဖြစ်တာ .. Bad Sector ဖြစ်တာ
အဲဒီလိုပြဿနာ တော်တော်များများဟာ ဒီလိုဖြစ်ရပ်တွေကြောင့်ပဲ အများဆုံး ဖြစ်တတ်တာပါ
အဲဒါတွေက ပြောပလောက်တဲ့ ပြဿနာတွေတော့ မဟုတ်သေးပါဘူး ..
ပြဿနာအစစ်က .. ဒီလိုပါ ..
တစ်ခါတစ်ခါမှာ ကျွန်တော်တို့ဟာ ဆော့ဝဲတစ်ခုကို အွန်လိုင်းကနေရလာလို့ပဲဖြစ်ဖြစ်
တစ်နေရာရာကနေ ရလာလို့ပဲဖြစ်ဖြစ် .. စမ်းသုံးကြည့်ချင်တာနဲ့ Install / Run လိုက်မိပါရော
အဲဒီမှာ ကံမကောင်းလို့ပဲဖြစ်ဖြစ် တမင်ကြံစည်ထားတာကြောင့်ပဲဖြစ်ဖြစ် အဲဒီဆော့ဝဲနဲ့အတူ
ကပ်ပါလာတဲ့ ဗိုင်းရပ်လို ပရိုဂရမ်တွေက အလုပ်လုပ်ကုန်ပါလေရော ..
စက်ကြီးက ရုတ်တရက်ကြီး Hang သွားတယ် .. CPU ကလည်း ရာခိုင်နှုန်းအများကြီး
အခိုင်းခံနေရတယ် ...
ဗိုင်းရပ်ပဲလို့ သံသယရှိသွားတော့ Run နေတဲ့ ပရိုဂရမ်တွေကို ပိတ်ဖို့ကြိုးစားတယ် ..
ဒါပေမယ့် .. အချည်းနှီးပါပဲ ..
ဘာကြောင့်လဲဆိုတော့ Run စေချင်လို့ရေးထားတဲ့ Program ကုဒ်ဆိုမှတော့ ..
Run တာကို ရပ်စေမယ့် Function တွေတော်တော်များများကို လှည့်စားပြီး ရေးထားမှာပေါ့
အဲဒီတော့ .. ကျွန်တော်တို့ဘာလုပ်သလဲ .. ဟုတ်ကဲ့ .. UPS ကို ပိတ်ချပစ်လိုက်တယ်..
ဒါမှမဟုတ်ရင် ပါဝါကို တနည်းနည်းနဲ့ ပိတ်ပစ်လိုက်တယ် .. အေးရော
နောက်ဆက်တွဲပြဿနာက စနစ်တကျ Shutdown ချတာမဟုတ်တဲ့အတွက် ၀င်းဒိုးမှာ
Error ၀င်သွားပြီး နောက်တစ်ကြိမ် Boot တက်တဲ့အခါမှာ တိုင်တွေပတ်ကုန်ပါတယ် ..
အဲဒီတော့ ဘယ်လို ပရိုဂရမ်မျိုးတွေ Run နေတာပဲဖြစ်ဖြစ် .. လုံးဝ Stop ဖြစ်သွားအောင်
Command ပေးနိုင်မယ့် ဆော့ဝဲလေးတစ်ခုလောက်များ .. Desktop ပေါ်မျာ တင်ထားလိုက်ရင်
အလားတူပြဿနာမျိုးတွေ ကြုံလာလို့ Running ဖြစ်နေတဲ့ ပရိုဂရမ်တွေကို အရေးတကြီး
ပိတ်ပစ်ရတော့မယ်ဆိုရင် အဲဒီဆော့ဝဲလေးကို Double Click နှိပ်ပေးလိုက်တာနဲ့
Close All ဖြစ်သွားမှာပေါ့ ..
အဲဒီတော့မှ ၀င်းဒိုးကို စနစ်တကျ Shutdown ချပေးလိုက်တော့ ကိုယ့်ရဲ့ ၀င်းဒိုးလေး ကျန်းမာရေး
မဖောက်တော့ဘူးပေါ့ဗျာ ...
ကဲ .. အဲဒီလိုကြုံလာတဲ့အခါမှာ သုံးနိုင်ဖို့ ကျွန်တော်မျှဝေပေးမယ် ဆော့ဝဲလေးက Close All ပါတဲ့
လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ



ဒေါင်းလို့ပြီးသွားရင် အထဲမှာ 32bit နဲ့ 64bit ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ် ..
ကိုယ်နဲ့သက်ဆိုင်တဲ့ ဆော့ဝဲကို Desktop ပေါ်မှာ ဆွဲတင်ထားလိုက်ရုံပါပဲ ...
Install လုပ်စရာမလိုပါဘူး .. Desktop ပေါ်ရောက်တဲ့အခါမှာ ကြက်ခြေခပ်ပုံ ပရိုဂရမ်လေးအဖြစ်
ပြောင်းသွားပါလိမ့်မယ် ..
ဒီဆော့ဝဲလေးရဲ့လုပ်ဆောင်ချက်ကတော့ လောလောဆည် Run နေသမျှ ပရိုဂရမ်မှန်သမျှကို
Windows system ကလွဲပြီး ရပ်သွားအောင် Command ပေးနိုင်ပါတယ် ...
ကဲ .. စက်ထဲမှာ မလိုလားအပ်တဲ့ ပရိုဂရမ်တွေ Run နေတာ ပိတ်လို့မရ ဖြစ်နေတယ်ဆိုင်ရင်
Desktop ပေါ်မှာ တင်ထားတဲ့ Close All ပရိုဂရမ်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ
သူကပဲ .. Running Program အားလုံးကို အမိန့်ပေးလိုက်ပါလိမ့်မယ်
အဆင်ပြေကြပါစေ........

ဖိတ်စာ လိပ်စာ ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကတ် လှလှလေးတွေ လုပ်ချင်ရင်





မူရင်းဆိုဒ်ကိုလဲ သွားရောက်လေ့လာနိုင်ပါသည်...။
Download - Photo Collage Maker Pro with key

Thursday, 6 June 2013

ကွန်ပျူတာကို ကိုယ့်မျက်နှာလေးနဲ့ password ပေးမယ်

ကိုယ့်မျက်နှာချောချောလေးကိုကြည့်ပြီးမှ ကွန်ပြူတာကိုဖွင့်ပေးမယ့်ဆော့ဝဲလ်လေးပါ ... ၀င်းဒိုးအတက်မှာ ကိုယ်ပေးထားတဲ့ password နှိပ်ဝင်ရသလို ကိုယ်မျက်နှာလေးပြမှဝင်လို့ရတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် ... ပုံမှာပြထားသလိုလေးပါ ဘာရယ်မဟုတ်ဘူးလူရှိန်တာပေါ့ ... အသုံပြုမယ့်ကွန်ပြူတာမှာတော့ webcam လေးတပ်ထားရပါမယ် ...စမ်းသုံးချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ် ...

Download -  Here

Wednesday, 29 May 2013

super copier (copy မြန်မြန်ကူးမယ်)


super copier2.2 ပါ

copy ကူတဲ့ အခါမြန်ဖို့ အတွက်သုံးတာပါ........

အချိန်တို တို နဲ့ မြန်မြန် ကူးမယ့် ၊ ရွှေ့ မယ့် သူများအတွက်တော့အဆင်ပြေပါတယ်.....

file size (495.66 KB)ကလည်းသိပ်မကြီးတဲ့ အတွက် ဒေါင်း ရတာပါအဆင်ပြေမှာပါ။

အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်.....

ဒေါင်းလုတ်လုပ်ရန် - Supercopier.exe