
Samsung galaxy s2(GTI 9100G) သမား
အမြင့်မှ အဆင်မပြေလို့ အနိမ့်ဆင်းချင်သူများ အတွက် စမ်းသပ်ပြီးသားလေး
တင်ပေးလိုက်ပါတယ်.. အရင်ဆုံး လိုအပ်တဲ့ဖိုင်တွေ ဒေါင်းပါမယ် …
firmware ဖိုင်အားဒေါင်းရန်
Odin 1.85 အားဒေါင်းရန်
Samsung Driver ဒေါင်းရန်
ီDriver ဒေါင်းပြီးပါက ကွန်မှာ
သွင်းထားလိုက်ပါ … firmware, Odin ဇစ်ဖြေလိုက်ပါ … ..firmware ဖိုင်
ဇစ်ဖြေရင် tar.md5 ရယ် SS.DLL ရယ်နှစ်ဖိုင်ပါပါမယ် … tar.md5 ဖိုင်ပဲ
ယူပါမယ် ..
Odin ကို ကွန်မှာရမ်းပါ ….. Odin ရဲ့ PDA မှာ အပေါ်က firmware ဇစ်ဖြည်ထားတဲ့အထဲက tar.md5 ဆိုတာလေးရွေးပေးလိုက်ပါ….
ပြီးရင် ဖုန်းပိတ် ……download mode ကို
Power home vol- နှီပ်ပြီး ၀င်ပါမယ် …ပြီးရင် vol + ဆက်နှိပ်ပါ
အောက်ပါပုံအတိုင်းဖြစ်နေရပါမယ် ..

ပြီးရင် ဖုန်းကို USB ကြိုးနဲ့ ကွန်မှာ ထိုးလိုက်ပါ … ခဏကြာရင် Odin မှာ အရောင်လေး သမ်းလာပါလိမ့်မယ် ..

အထက်က ပုံအတိုင်း အရောင်လေး
သမ်းလာပြီးဆိုရင် Odin က Start ခလုတ်ကို နှိပ်လိုက်ပါ ..သူ့ဟာသူ
အလုပ်လုပ်နေပါလိမ့်မယ်… ခဏကြာရင် Odin မှာ PASS ပြပါမယ်..

အပေါ်က အတိုင်း Odin မှာ PASS ပြပြီးရင်
ဖုန်းက သူ့ဟာသူ reboot ကျသွားပါလိမ့်မယ် ….. ခဏကြာ ပြန်တက်လာရင် Samsung
galaxy s2(GTI 9100G) 4.0.4 ICS တင်ခြင်း ပြီးသွားပါပြီ …
ပြန်တက်လာချိန်မှာ samsung logO မှာ
ဝဲလည်လည် ဖြစ်နေရင် ဖုန်းကို ပိတ် recovery mode ကို vol+ power
home နှီပ်ပြီး ၀င်ပါ ..အောက်ပါပုံအတိုင်း ဖြစ်သွားပါမယ်. .

အပေါ်က ပုံအတိုင်း ဆိုရင် recovery mode
ရောက်ပါပြီ.. wipe data /factory reset ဆိုတာလေးကို vol ခလုတ်နဲ့
သွားပြီး power ခလုတ်နှိပ်လိုက်ပါ .. yes or no မေးပါမယ်. .

Yes ဆိုတာလေးကို vol ခလုတ်နဲ့ သွားပြီး
power ခလုတ်နှိပ်လိုက်ပါ … ပြီးရင်နောက်ပြန်သွားပြီး reboot system now
လုပ်ပါ.. (2-3 ) မိနစ်လောက်ရှီလို့ ပြန်တက်လာရင် အဆင်ပြေသွားပါပြီ…
No comments:
Post a Comment