အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Monday 13 May 2013

Android Device ကို Gamepad (သို့) Mouse ကဲ့သို့အသုံးပြုခြင်း


ယနေ့ခေတ် Smartphone တွေဟာ Computer မလိုတော့လောက်အောင် လုပ်နိုင်စွမ်းတွေရှိနေပါပြီ။ ဥပမာ- Email တွေစစ်တာ,Website တွေအမျိုးမျိုးကို Browse လုပ်တာတွေနဲ့ လူမှုကွန်ရက် Site တွေမှာ photo တွေနဲ့ Video တွေကိုမျှဝေခြင်းတွေကို Computer မပါပဲလုပ်နိုင်စွမ်းရှိနေပါပြီ။ဒါပေမယ့်လည်း တစ်ချို့အလုပ်တွေကြတော့ Computer မရှိရင်မရပြန်ဘူး။ ဥပမာ- presentation တွေ,high-quality video game တွေ,Screen အကြီးကြီးပေါ်မှာ Movie တွေကြည့်တာ Graphic နဲ့ Video တွေကို Editing လုပ်တာ စသည်ဖြင့်ပေါ့ အဲ့လို ကြီးကြီးမားမား အလုပ်လုပ်တဲ့ အခါမှာလည်း Computer တွေကိုမသုံး ရင်မရပြန်ပါဘူး။ ထားပါတော့ လိုရင်းကိုသွားရအောင်။ဟုတ်ကဲ့ကျွန်တော်တို့ ပြောပြမှာက Android Device ကို PC ရဲ့ Gamepad (သို့) Mouse အဖြင့်အသုံးပြုခြင်း ပဲဖြစ်ပါတယ်။ကြည့်ရအောင်။




Android Device ကို PC ရဲ့ Gamepad (သို့) Mouse အဖြင့်အသုံးပြုနိုင်အောင် ကျွန်တော်တို့ DroidPad ဆိုတဲ့ Application ကိုအသုံးပြုရမှာဖြစ်ပါတယ်။အဲ့ဒီ့ DroidPad Application ကသင့် ရဲ့ Android ဖုန်းကို ကွန်ပျုတာရဲ့ Game Controller အဖြစ်နဲ့လည်း အသုံးပြုနိုင်အောင် လုပ်ပေးနိုင်သလို Mouse အဖြစ်လည်းအသုံးပြုနိုင်အောင်လုပ်ပေးနိုင်ပါတယ်။ သူ့ကို Mouse အဖြစ်အသုံးပြုမယ်ဆိုရင် Multi Mode တွေကိုထောက်ပံ့ပေးထားပြီး Game ခလုပ်အနေနဲ့ အသုံးပြုမယ်ဆိုရင် မတူညီတဲ့ Gamepad
Layout 8 ခုထောက်ပံ့ပေးထားပါတယ်။နောက်ထက် - တစ်ခုကအဲ့ဒီ့ Application ထဲမှာ ပါတဲ့ Slideshow Menu ကသင့်ရဲ့ Presentation တွေကို Laptop ကိုအသုံးမပြုပဲ Present လုပ်ပေးနိုင်ပါတယ်။


ပထမဦးဆုံး Droidpad ကို Windows အတွက်တစ်ခုနှင့် Android တစ်ခု ၊ Program နှစ်ခုကို Download လုပ်ရပါမယ်။Download လုပ်ပြီးတာနဲ့ Install လုပ်ပေးပါ။Install လုပ်ပြီးသွားရင် Windows ပေါ်မှာရှိတဲ့ Droidpad နဲ့ Android ပေါ်မှာရှိတဲ့ Droidpad ကို Run ပေးလိုက်ပါ။ အဲ့ဒီ့ Program တွေကိုမ Run ခင် သင့်ရဲ့ Windows နဲ့ Android ကို တူညီတဲ့ Network တစ်ခုထဲမှာ ချိတ်ရင် ချိတ် မဟုတ်ရင် USB နဲ့ချိတ်ပေးထားရပါမယ်။ပြီးရင် အဲ့ဒီ့ Application တွေကို Run လိုက်တာနဲ့ Phone နဲ့ Windows
သူတို့ကိုတိုင် Auto Detect လုပ်ပြီး Connect ဖြစ်နေတဲ့ Device ကို  List ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ Connect ဖြစ်နေတဲ့ Device ကိုရွေးပြီး Start ဆိုတဲ့ Button ကိုရွေးပေးလိုက်ပါ။



Andriod မှာရှိတဲ့ Droidpad ထဲမှာ  Joystick, Mouse နဲ့ Slideshow ဆိုပြီးသုံးပိုင်းပါဝင်ပါတယ်။အပိုင်းတစ်ခုချင်းစီတိုင်းမှာ User တွေအတွက်မတူညီတဲ့ Function တွေပါဝင်ပါတယ်။Joystick ဆိုတဲ့ Tab အောက်မှာ မတူညီတဲ့ Layout 8 ခုစီပါဝင်ပြီး တစ်ခုစီတိုင်းမှာ ဖေါ်ပြချက်တွေပါဝင်ပြီးသားဖြစ်ပါတယ်။ဥပမာ- Joystick ရဲ့ Layout 8 မှာ Button ပေါင်း ၈ ခုပါဝင်ပြီး Slider 5 ခုပါဝင်ပါတယ်။Mouse ဆိုတဲ့ အပိုင်းမှာဆိုရင် သင့် Computer မှာရှိတဲ့ Mouse cursor ကို Control လုပ်နိုင်ဖို့အတွက် မတူညီတဲ့ Mode သုံးခုပါဝင်ပါတယ်။ Phone နဲ့ Computer ချိတ်ဖို့အတွက်ဆိုရင် Joystick ပဲဖြစ်ဖြစ် Mouse ပဲဖြစ်ဖြစ် တစ်ခုခုကိုရွေးလိုက်ပါ။ပြီးရင် Computer မှာ Device ပေါ်လာတဲ့ အထိစောင့်ပေးပါ။Device ကိုမြင်ရပြီဆို ရင် ချိတ်ဖို့ရန် အတွက် Double Click လုပ်ပေးပါ။ ချိတ်လို့ပြီးသွားတာ နဲ့ Android app ရဲ့ ဘယ်ဘက်ထောင့်အောက်နားမှာ ‘Connected to PC’ ဆိုပြီး notification လေးတွေ့ပါလိမ့်မယ်။


သူက Joystick နဲ့ Mouse တို့လိုမဟုတ်ဘူး။သူ့မှာ Mode တစ်ခုပဲ ပါတယ်။သူ့ကို Slide Show Presenter လို့လည်းခေါ်ပါတယ်။Presentation တစ်ခုပြဖို့ရန်အတွက် လိုအပ်တဲ့ Feature တွေမှန်သမျှ သူ့မှာ အကုန်ပါတယ်။Slide တွေကို Next,Previous Start (သို့) Stop,Slideshow ရဲ့ အစကိုလည်း တန်းသွားလို့ရသလို အဆုံးကို တန်းသွားလို့ရပါတယ်။နောက်ပြီး Background ကို black နဲ့ white တောင်ပြောင်းလို့၇ပါတယ်။


Download - DroidPaid For Android
အခုဖေါ်ပြထားတာ အနည်းငယ်ပဲ ရှိပါသေးတယ်။သူ့ကို ကလိရင်းနဲ့ အကုန်လုံးသိသွားပါလိမ့်မယ်။ဘယ်ဟာမဆို ကလိလေ သိလေပါပဲ။ဒါကြောင့် များများကလိပေးပါ။

အဆင်ပြေကြပါစေ.....

No comments:

Post a Comment