အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label Android ဖုန်းအတွက် လုံခြုံရေးစော့ဝဲများ. Show all posts
Showing posts with label Android ဖုန်းအတွက် လုံခြုံရေးစော့ဝဲများ. Show all posts

Monday, 22 July 2013

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး

သင့်ဖုန်းအား ခိုးယူသူ၏ ရုပ်ပုံကို ရိုက်ယူပေးမည့် Lookout လုံခြုံရေး
လုံခြုံရေး software ဖန်တီးသူများက ဖုန်းသူခိုးများကို ဖမ်းပေးနိုင်မည့် နည်းလမ်း တစ်ခုအား ၄င်းတို့၏ Lookout Android app တွင် ထည့်သွင်း ပေးလိုက်သည်။
၎င်းလုပ်ဆောင်ချက် အသစ်သည် သူစိမ်းတစ်ဦးက သင့်ဖုန်းအား unlock လုပ်ရန် ကြိုးစားမှု သုံးကြိမ် မအောင်မြင်လျှင် ဖုန်း၏ မျက်နှာပြင်ရိုက် ကင်မရာမှ အဆိုပါ သူစိမ်း၏ ပုံကို အလိုအလျှောက် ရိုက်ယူထားမည် ဖြစ်သည်။ ထို့နောက် သင့်ထံသို့ ထိုသူ၏ ပုံနှင့်တကွ သတိပေးထားသော အီးမေးတစ်စောင် ပို့ပေးမည် ဖြစ်သည်။

ထိုအခါ အသုံးပြုသူသည် Lookout.com အင်တာနက် စာမျက်နှာ၏ မိမိ အကောင့်သို့ log in ၀င်ရောက်ကာ ဖုန်းတည်နေရာနှင့် တည်နေရာ history ကို ကြည့်ရှုနိုင်သည်။ အကယ်၍ တစ်လလျှင် (၃) ဒေါ်လာခန့်နှင့် တစ်နှစ် ဒေါ်လာ (၃၀) ခန့် ကုန်ကျသော Lookout ၏ Premium service ကို ၀ယ်ယူ ထားသူများသည် အဝေးမှ မိမိဖုန်းရှိ အချက်အလက်များကို ဖျက်ပစ်ခြင်း remote wipe နှင့် အဝေးမှ လော့ခ်ချခြင်း remote lock စသည့် အပိုဆောင်း ၀န်ဆောင်မှုများကို ရနိုင်သည်။ နောက်ထပ် ဖြည့်စွက်လိုက်သော ၀န်ဆောင်မှု တစ်ခုတွင် အသုံးပြုသည် ခေါ်ဆိုရန် ဖုန်းနံပါတ် သို့မဟုတ် လိပ်စာ စသည့် မိမိ၏ custom massage ကို ဖုန်း၏ lock screen တွင် ချန်ထားနိုင်သည်။
Download - Here
အဆင်ပြေကြပါစေ......