အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Saturday 25 May 2013

မြတ်နိုးခွင့်လေး


လူတကာထက်
ဘာမှတော့ပိုမထူးဆန်းခဲ့ပါဘူး...
အဖြူထည်သက်သက် မြတ်နိုးနေရုံလေးနဲ့ 
တစ်ဘဝလုံးရင်းပြီးချစ်ခွင့်ရရုံလေးပါ။။

ရှင်သန်ခဲ့ တဲ့ ငါ့ဘဝတလျှောက်
နင့်ဆီက တကယ့်ကိုဘာမှမမျှော်လင့်ခဲ့တာအမှန်ပါ...
တကယ်လို့ များ
အဆုံးသတ်ခက်တဲ့ဇာတ်သိမ်းအတွက်
နာကျင်ရမယ်ဆိုရင်လဲ
အဲ့ ဒီနာကျင်ရမဲ့ သူက
ငါပဲဖြစ်လိုက်ချင်ပါတယ်။။


ဒီဘဝကြီးထဲ ငါဟာနင့်အတွက်
ပေးဆပ်ဖို့ သက်သက်
မွေးဖွားလာခဲ့တဲ့လူတစ်ယောက်ပါ...
နင်စေလိုရာစေဖို့ 
လိုအပ်ရင်
င့ါဘဝကိုတောင်လမ်းခင်းထားပေးခဲ ပါ့မယ်
ဒါပေမယ့်
နောက်ဆုံးထွက်သက်ထိမြတ်နိုးခွင့်လေးတော့
ငါ့ကိုပေးသနားပါ။။

နင်နဲ့ ပက်သက်လာရင်
အရာရာတိုင်းကိုအချစ်နဲ့ စပြီး
အချစ်နဲ့ပဲ အဆုံးသက်ချင်ခဲ့တယ် ကောင်မလေးရယ်...

aungscc@gmail.com

No comments:

Post a Comment