ချစ်သူ ... မင်းငါ့လက်ကိုဆုပ်ကိုင်မထားလဲ ............. ငါမင်းလက်ကိုမြဲမြဲဆုပ်ကိုင်ထားပါ့မယ်...
ချစ်သူ ... မင်းရင်ထဲမှာ ငါရှိမနေတော့ရင်လဲ ......... ငါရင်ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားထဲမှာ မင်းအတွက် နေရာရှိနေပါတယ်...
ချစ်သူ ... မင်းငါ့ရင်ကို နာကျင်အောင်လုပ်နေရင်လဲ ........ ငါမင်းရင်ထဲမှာ ဘယ်တော့မှမနာကျင်စေရပါဘူး
ချစ်သူ ... မင်းငါ့ကိုနားလည်မှု မပေးတော့ရင်လဲ ......... ငါရဲ့ နားလည်ပေးမှု အားလုံးကိုမင်းရရှိနေမှာပါ...
ချစ်သူ ... မင်းငါ့ကိုမလိုအပ်တော့ရင်လဲ ............ ငါမင်းရဲ့ အဝေးတစ်နေရာမှာ အမြဲရှိနေဦးမှာပါ...
ချစ်သူ ... မင်းငါ့ကိုမချစ်တော့ရင်လဲ .......... ငါရဲ့ ကြင်နာခြင်းတွေအားလုံး မင်းတစ်ယောက်တည်း အတွက်ဘဲဖြစ်နေစေရပါမယ်....
ချစ်သူ ... မင်းရဲ့သစ္စာတရားဟာ င့ါအတွက်မဟုတ်တော့ရင်လဲ ........ ငါ့နဲ့ပတ်သက်သမျှ အရာအားလုံး မင်းအတွက်ထာဝရဖြစ်နေမှာပါ...
ချစ်သူ ... နေ့နေ့ညည အိမ်မက်အားလုံးကို မင်းသာ အပိုင်စိုးလို့ ကိုးစားချင်ပေမဲ့
............ လောကကြီး နဲ့ လူတွေရဲ့ စိတ်ကတော့ ထာဝရပြောင်းလဲနေတယ်ဆိုတာ ကိုယ်တွေ့ကြုံမှသိခဲ့ရတယ်....ချစ်သူ အရာရာမှာ တန်ပြန်နိယာမသဘောတရားတွေရှိနေခဲ့မယ်ဆိုရင် ငါ့ဘက်ကတော့ အသေချာဆုံးကတော့ ငါမင်းအတွက်ထာဝရ ရှိနေမှာပါ .......... ချစ်သူ
No comments:
Post a Comment