အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Saturday 15 June 2013

ဖေ့ဘွတ် မှာ gif ဖောမတ် နဲ့  လှုပ်ရှားနေတဲ့ ပုံ တင်နည်း


ဒီတစ်ခါ ဖေ့ဘုတ်အကြောင်းနဲ့ ပက်သတ်လို့ထူးခြားတာလေးကို  တင်ပေးလိုက်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းတွေ ပါ လေ့လာလို့  ရအောင် ဘလော့ပို့ စ်အနေနဲ့  တင်လိုက်တာပါ။
ဖေ့ဘွတ်ကို Gif ပုံတွေတင်တာ နည်းလမ်းများစွာ ရှိမှာပါ။ ကျွန်တော်သိတဲ့ နည်းလမ်းလေးကို ပြောပြမှာဖြစ်ပါတယ်။


ပထမဦးဆုံး ဒီလင့်လေးကို သွားလိုက်ပါ။
 မိမိဖေ့ဘွတ်အကောက် နှင့် Log in ဝင်လိုက်ပါ။
အောက်ကပုံက Login ကို နှိပ်ပြီးသွားရင် တွေ့ ရမဲ့ပုံပါ။မိမိဖေ့ဘွတ်မှာ အသုံးပြုသော အီးမေးလ် နှင့် ပက်စ်ဝက် ကို ရိုက်ထည့်ပြီး Log In ဝင်လိုက်ပါ။

UPLOAD ANIMATED GIF ဟူသော စာသား(Buttom) လေးကို ကလစ်ပြီး မိမိကွန်ပျူတာထဲရှိ Gif ပုံကိုရွေးပြီး Upload တင်ပေးပါ။


ကွန်ပျူတာ ထဲမှာရှိတဲ့ Gif ဖောမတ်နဲ့  လှုပ်ရှားနေတဲ့ ပုံလေးကို ရွေးပြီး Open ကို နှိပ်ပါ။


DOWNLOAD AND CONVERT...ဟူပြီး ပုံကို Upload လုပ်နေပါလိမ့်မည်။


Upload တင်တာပြီးသွားရင် မိမိ Upload တင်တဲ့ ပုံလေး ပေါ်လာပါလိမ့်မည်။ အပေါ်ရှိ PUBLISH TO FACEBOOK ကိုနှိပ်လိုက်ပါ။


Loading....ခဏလုပ်နေပါလိမ့်မည်။


Poste an deine Pinnwand ဟူပြီး Box တစ်ခုကျလာပါလိမ့်မည်။ အောက်ခြေရှိ Tellen ကို နှိပ်လိုက်ပါ။


Tellen ကို နှိပ်လိုက်ရင်တော့ မိမိ ဖေ့ဘွတ် Timeline ပေါ်မှာ gif ဖောမတ်နဲ့  လှုပ်နေတဲ့ပုံလေးကို Share လုပ်ပြီးပါပြီ။ Play Buttom လေးကို နှိပ်ပြီး Gif ဖောမတ်နဲ့  ပုံလေးကို ကြည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ ဖေ့ဘွတ်စာမျက်နှာပေါ်ကို Gif ဖောမတ်နဲ့ ပုံလေးကို အောင်မြင်စွာ Upload တင်ပြီးပါပြီ။

ပြန်လည်မျှဝေပါသည်။ 
အဆင်ပြေကြပါစေ...

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်


ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။

အသားအရေ ထိန်းနည်း (၁) အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေ တဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံ တာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ် ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ် မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေး လိပ်သောက် တာနဲ့ အရက်ကို အလွန်အ မင်းသောက် တာတွေက အသားအရေ ကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။

အသားအရေ ထိန်းနည်း (၂) မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင်စေရုံသာမက အ ရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။ အသားအရေ ထိန်းနည်း (၃) မျက်နှကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အ ရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ် ဆုံးအင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက် နှာပြင်ဆီရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။

အသားအရေ ထိန်းသိမ်းနည်း (၄) အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -
အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေနိုင်ပါတယ်။

အသားအရေထိန်းသိမ်းနည်း (၅) အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာအတွက် ပေါင်ဒါ မှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ် တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အ သားအရေအတွက် အဆီပါဝင်တဲ့ ပေါင် ဒါကို ရှောင်ပါ။

အသားအရေထိန်းသိမ်းနည်း (၆) နှုးညံ့သော မျက်ဝန်းတစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာအသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ် ဝိုက် မိတ်ကပ်လိမ်းရင်လည်း ညင်ညင်သာ သာပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက် စိယားယံနေရင် မျက်ဝန်းတစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။

အသားအရေ ထိန်းသိမ်းနည်း (၇) အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အ တားဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာ နဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေ ထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။

အသားအရေ ထိန်းသိမ်းနည်း(၈)စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်းဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာတွေကို လုပ် ဆောင်ပေးတဲ့ အတွက် အိုမင်းမှုတားဆီ ကြည်အနေနဲ့ အသုံးဝင် ပါတယ်။

ကျန်းမာပျော်ရွှင်လှပသော ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေ....

Microsoft Word 2010 အသုံးပြုနည်း Ebook



Microsoft Word 2010 အသုံးပြုနည်း လေ့လာချင်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းကို လိုအပ်မယ်လို့

ထင်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းသွားနိုင်ပါပြီ။ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

Download: Microsoft Word 2010 အသုံးပြုနည်း Ebook

Download manager နဲ့ ဒေါင်းရင်း Link Error ဖြစ်သွားခဲ့ရင်ဖြေရှင်းနည်း

ဒေါင်းလုပ် လုပ်ထားတာလေး “ခဲလေသမျှသဲရေကျ” မဖြစ်ရအောင်
          အင်တာနက် ကနေ ကိုယ်လိုချင်တဲ့ဆော့ဝဲလ် တွေ app တွေ နဲ့ ရုပ်ရှင် ဖိုင်တွေ ကို မြန်မြန်ဆန်ဆန် ဒေါင်းဖို့ အကောင်းဆုံး ကဒေါင်းလုပ်မန်နေဂျာ ပဲလေ ။ ဖိုင်ဆိုက်ကြီးကြီး တွေ ကိုဒေါင်းလုပ်ချရင် အပိုင်းတွေ    ပိုင်းပီးတင်ပေးတတ်ကြတယ် နောက်ဆုံးပိုင်းဒေါင်းနေရင်း Error တက်ပီးလင့်သေသွားခဲ့ရင် ကိုယ်အပင်ပန်းခံဒေါင်းထားတာလေး အစကပြန်ဒေါင်းလုပ်ချရရင်အချိန်ကုန်တယ်လေ။ ဒီနည်းလေးနဲ့ စမ်းသတ်ကြည့်ပါ ။
  • ဒေါင်းလုပ်လင့်(Download Link) က စတင်ဒေါင်းလုပ်ဆွဲကတည်းက Resumeရဖို့ လိုပါတယ်
အကြောင်းအမျိုးမျိုးကြောင့် ဒေါင်းလုပ်လင့်မှာ Error တက်သွားရင် ခုနည်းလေးကဆင်ပြေမှာပါ။ 10 ရက် 15 ရက်ကျော်ကျော်ထိကြာသွားလည်းပြန်ပြီးတော့ ဒေါင်းလက်စနေရာကနေ Resume ပြန်ရနိုင်ပါတယ်။
ဒီပုံလေးထဲကအတိုင်း Error ဖြစ်နေတဲ့လင့်ကို R-Click > Refresh Download Adress ကို Click လိုက်ပါ ဒါဆိုရင် မူလဒေါင်းလုပ် ယူခဲ့တဲ့ဒေါင်းလုပ် Page ကို Browser ကပွင့်လာပါလိ့မ်မယ်
  • အရေးကြီးတာက အသစ်ပြန်ဆွဲမယ့် ဒေါင်းလုပ် ကိုတန်းပြီး ဒေါင်းလုပ် မလုပ်လိုက်ပါနဲ့
ဒေါင်းလုပ်ကိုတန်းနှိပ် လိုက်ရင် ဒေါင်းလုပ်မန်နေဂျာမှာ ကိုယ်ဆွဲလက်စ 50% လောက်ရောက်နေတဲ့နေရာမှာ အစားထိုးဝင်းပီးတော့ 0% ကနေပြန်ဒေါင်းသွားမှာ အတွက်ကြောင့်ပါ။
ဥပမာ- ဒေါင်းလုပ်လင့်ကိုပဲ Copy Link Location နဲ့ ယူပီး Note pad လေးဖွင့်ပီးယာယီမှတ်ထားပါ။
နောက်အဆင့်ကလွယ်ပါတယ် ဒေါင်းလုပ်မန်နေဂျာကိုဖွင့်လိုက်ပီးတော့ စောစောက Error ဖြစ်သွားတဲ့ ဒေါင်းလုပ်ကို Dabble Click ဖွင့်လိုက်ပါ။ပီးရင် ပွင့်လာမယ့် Box ရဲ့ Adress နေရာမှာ Copy ယူထားတဲ့ ဒေါင်းလုပ်လင့် အသစ်ကို အစားထိုး ပီး OK လုပ်လိုက်ပါ။
ဒါဆိုရင် Error ဖြစ်နေတဲ့ ဒေါင်းလုပ်ဟာ ပြန်ပီး Resume လုပ်ဖို့ အသင့်ဖြစ်နေပါပီ…
R Click >Resume လုပ်လိုက်ပါ။  အိုကေသွားမှာပါ ကိုယ်ဒေါင်းလက်စ 50% မှာ Error တက်ပီး ဒေါင်းမတော့တဲ့နေရာကနေပြန်ပီး ဒေါင်းပေးပါလိမ့်မယ်။

အဆင်ပြေ ကြပါစေ...

ကိုယ်သိချင်တဲ့သူရဲ. လိပ်စာ IP ကိုသိချင်ရင်


ချက်တင်သုံးနေရင်းနဲ. ကိုယ်သိချင်တဲ့သူရဲ.လိပ်စာကိုသိချင်ရင်လုပ်တဲ့နည်းလေးပါ..
ပထမဆုံးအနေနဲ့ အောက်ကလင့်လေးကိုသွားလိုက်ပါနော်...

ဒီနေရာလေးကိုနှိပ်ပါ အပေါ်ကပုံထဲကအတိုင်း redirect URL မှာ လင့်တစ်ခုကို ထည့်ပေးပါ။ကျွန်တော်ကတော့ facebook လင့်ကိုထည့်ထားပါတယ်။
ထည့်ပီးရင် Link for person ဆိုတဲ့လင့်ကို ကိုယ်IP လိပ်စာသိချင်တဲ့ တဖက်လူဆီကို ကြိုက်တဲ့နည်းနဲ့ ပို့ပါ။
Link for you ဆိုတာကတော့ ကိုယ်မှတ်ထားဖို့ပါ။တဖက်လူက ကိုယ်ပေးလိုက်တဲ့လင့်ကို ဖွင့်လိုက်ပီဆိုတာနဲ့
Link for you ဆိုတဲ့လင့်လေးမှာ သူရဲ့အိုင်ပီလိပ်စာ ပေါ်နေပါလိမ့်မယ်။အဲ့IP
ကို နှိပ်လိုက်ရင်တဖက်လူဘယ်နိုင်ငံကလဲဆိုတာ
သိနိုင်ပါတယ်...

ကဲ..စမ်းကြည့်လိုက်ဦးနော်...ပျော်ရွှင်ကြပါစေ...
မူရင်းလ င့်  

Windows အားလုံးအတွက် Product Key များ

Windows 8 ကို Upgrade လုပ်လိုက်တဲ့သူတွေအတွက် Activator မသုံးခင် တောင်းတဲ့ ကီးကို ဖြည့်ပေးဖို့ ရှာဖွေ တင်ပေးလိုက်ပါတယ်.. ဒီထဲမှာ ထွက်ခဲ့သမျ Windows 8 ကီးတွေ အားလုံးနီးပါး ပါဝင်တယ်လို့ သိရပါတယ်.. Activate လုပ်တဲ့အခါတော့ Offline နဲ့သွင်းပေးရမှာဖြစ်ပါတယ်.. Online ချိတ်ထားရင်တော့ Block လုပ်ခံရမှာပါ.. ကီးနဲ့ အဆင်ပြေသွားရင်တော့ Activator လေးနဲ့ နောက်ဆုံး Activate လုပ်ဖို့ အကြံပေးချင်ပါတယ်.. ပြီးတော့ Windows Update ကို Disable လုပ်ထားဖို့ အရေးကြီးပါတယ်.. ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေက လိုင်စင်နဲ့ဝယ်သုံးတာ မဟုတ်တဲ့အတွက် Pirate Version တွေကို Update လုပ်မိရင် Windows is not Genuine ဆိုပြီး အမဲရောင် Background ဖြစ်သွားပါလိမ့်မယ်..
Windows 8 Product Key

*****************

MAK (Multiple Activation Key NEW

3HBY3-3GNXP-22R96-CCMCB-HT67C

OR

KGQND-Q2HH6-XHXHC-89VWW-82KVC

*****

Professional Procuct Key

XKY4K-2NRWR-8F6P2-448RF-CRYQH

TK8TP-9JN6P-7X7WW-RFFTV-B7QPF

9G4HW-VH26C-733KW-K6F68-J8CK4

*****

Enterprise Product Key

27NW-9KQ84-P47T8-D8GGY-CWCK7

XKY4K-29RWR-8F6P2-448RF-CRYQH

new update 06-12-2012

Windows RTM

Professional,ProfessionalN,Enterprise,EnterpriseN

Volume MAK

3HBY3-3GNXP-22R96-CCMCB-HT67C

KGQND-Q2HH6-XHXHC-89VWW-82KVC

6CNK2-RTVRV-TXYQK-86DBM-B4DHC

F2V7V-8WN76-77BPV-MKY36-MKH3P

Windows 8 RTM Core Retail

F2V7V-8WN76-77BPV-MKY36-MKH3P

3MHNP-V3YQ3-6XJYK-9P93C-749T3

48H7B-NXQ2P-YKBY6-BP74B-QJXT3

7RN69-T7DTK-WD2GF-R3MJQ-RJMQD

8N4QH-2WT9H-T7GRF-3JBKY-DPBQD

See More >> http://adf.ly/QGA1u
အဆင်ပြေကြပါစေ...

Window Shutdown ပြသနာဖြစ်နေသူများအတွက် ဖြေရှင်းနည်း

သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ။အော်..ဒါတော့ သူပြောမှလား..။
ပြောပြမယ်နော်…………..ကလိနည်းလေးပါ။

Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ Window CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။
Window System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာတဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါ။ ပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်လိုက်ပါ။
Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်စနစ်တကျရိုက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လဲ.. ရေးပြထားတဲ့ စာသားကိုကော်ပီကူးယူပြီးထည့်လိုက်ပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခုကိုတွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ.....

I Love Myanmar HD Animation Locker Theme 1 & 2 (6.58MB)

preview_2preview
preview003
မြန်မာပြည်ကိုချစ်တဲ့ မြန်မာတိုင်းအတွက် I Love Myanmar Locker Theme လေးပါ….
I Love Myanmar Locker Theme လေးတွင် အပေါ်မှာပါတဲ့ Top Bar မှာ အလံပုံလေးပါတာနဲ့ မပါတာကို နှစ်ခုခွဲပေးထားပါတယ်…
နှစ်သက်ရာအသုံးပြုကြပါခင်ဗျာ……..ဒီ Theme လေးကို Go Locker နဲ့တွဲဖက်အသုံးပြုရမှာဖြစ်သလို ..Next Launcher , Go Launcher တို့နဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်…………..
မိမိတို့  Android ဖုန်း Lock Screen မှာ Animation Locker လေးနဲ့အလှဆင်ချင်သူတွေအတွက်….” မြန်မာတိုင်းအတွက် I Love Myanmar Locker Theme ”


I Love Myanmar HD Animation Locker Theme -1 ( Top Bar တွင်အလံပါသော ...
I Love Myanmar HD Animation Locker Theme-2 ( Top Bar တွင်အလံမပါသော ...

အဆင်ပြေကြပါစေ....
ဖူးစာရှင်လေးမှ ပြန်လည်မျှဝေပါသည်......

WinRAR ဖြင့် ဖိုင်များ အပိုင်းခွဲနည်း




ဒီလုပ်နည်းက Blogger တွေအတွက်တင် မကပဲ တခြား အသုံးပြုသူများအတွက်ပါ လိုအပ်တဲ့ နည်းလေးပါ..။ ဥပမာ နိုင်ငံခြားမှာ ရိုက်ထားတဲ့ မိမိတို့ရဲ့ Video ဖိုင်လေးကို တခြားလူတွေ မသိစေချင်လို့ Gmail ကနေ ပို့မယ်ဆိုရင်တော့ အဲ့ဒီ Video ဖိုင်ကို 20 MB စီနဲ့ ခွဲပြီး ပို့ပေးလို့ ရပါတယ်..။ Gmail မှာက 25 MB ကျော်ရင် Upload တင်လို့ မရပါဘူး..။ ဒါကြောင့် Video ဖိုင်တွေကို 20 MB စီ ခွဲတင်ရမှာပါ..။
ကျနော်တို့ Blogger တွေအတွက်လည်း ဒီအတိုင်းပါပဲ..။ ကျနော်တို့ အသုံးပြုနေတဲ့ ဖရီး Upload ဆိုဒ်တွေက အများဆုံး 200 MB နဲ့ 250 MB လောက်စီပဲ ဖိုင်တွေ တင်လို့ ရတာပါ..။ ဒါကြောင့် 1 GB ရှိတဲ့ ဖိုင်တွေဆိုရင် 200 MB သို့မဟုတ် 100 MB စီခွဲပြီး တင်ပေးရတာပါ..။ ခွဲတင်ပေးထားတဲ့ ဖိုင်တွေ အားလုံးဒေါင်းယူပြီးရင်တော့ ဖိုဒါအလွတ်တခု ဖန်တီးပြီး အပိုင်းအားလုံးစုထည့် အပိုင်း-၁ (part1) ကနေ ဖိုင်ဖြည်ချပေးလိုက်ရင် ကျန်တဲ့အပိုင်းတွေပါ အလိုလို လိုက်ပြည်သွားလို့ ဖိုင်တခုလုံး ပေါင်းပြီးသားလေးကို ရရှိပါတယ်..။ ဒီနည်းနဲ့ အားလုံးအဆင်ပြေနေကျတာပါ..။ လုပ်နည်းကလည်း လွယ်ပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။

ဒီပိုစ့်မှာတော့ ကျနော် 276 MB ရှိတဲ့ Photoshop CS6 ဖိုင်ကို WinRAR နဲ့ ဖိုင်ခွဲပြထားပါတယ်..။ ကျနော်တို့ ရေးပေးချင်တဲ့ စာတွေကို Notepad နဲ့ ရေးပေးပြီး ဖိုင်တခုထဲကို စုပေါင်းထည့်လိုက်ပါတယ်..။ ပြီးမှ ဖိုင်အပြင်ကနေ WinRAR နဲ့ ဖိုင်ခွဲချလိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။



WinRAR နဲ့ စပြီး ဖိုင်ချုပ်တဲ့ အချိန်မှာ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ် MB ကို အောက်ကအဆင့်မှာ ရွေးပေးရမှာပါ..။ မျှားပြထားတဲ့ နေရာမှာ 100 MB / 700 MB စသဖြင့် အရင်ယူလိုက်ပါတယ်..။ ပြီးမှ မိမိတို့ ခွဲထုတ်ချင်တဲ့ ဖိုင်ဆိုဒ်ကို ပြန်ရေးထည့်လိုက်ပါ..။ အောက်ကပုံမှာ ကျနော်ယူထားတဲ့ 100 MB ကနေ 50 MB လို့ ပြန်ပြောင်းရေးထည့်လိုက်ပါတယ်..။



ကျနော် 50 MB စီရှိတဲ့ အပိုင်းတွေ ခွဲထုတ်မှာပါ..။ အပေါ်ပုံအတိုင်း 50 MB ပြီးရင် OK နှိပ်ပေးလိုက်ပါတယ်..။ အောက်ကပုံကတော့ စပြီး ဖိုင်တွေခွဲထုတ်ပေးနေပါပြီ..။




 အပေါ်ပုံအတိုင်း 50 MB စီရှိတဲ့ အပိုင်း ၆-ပိုင်း ထွက်လာပါတယ်..။ နောက်ဆုံးအပိုင်းကတော့ ပိုသလောက်ကိုပဲ ခွဲပေးတာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း မြင်ရမှာပါ..။


ဖိုင်တွေ ပြန်ပေါင်းရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း part1 ကနေ ဖြည်ချလိုက်ရင် ရသွားပါပြီ..။  


 ဒါဆိုရင်တော့ အားလုံးပဲ WinRAR နဲ့ ဖိုင်တွေခွဲပြီး ဖိုင်တွေ ပြန်ပေါင်းတတ်သွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။
လွင်မင်းဗိုလ် ဆိုက်မှ ပြန်လည်မျှဝေပါသည် ...
စာဖတ်သူအတွက် နည်းပညာလေးတစ်ခုရသွားရင် ပြန်လည်မျှဝေရကြိုးနပ်ပါပြီ....

Thursday 6 June 2013

ကွန်ပျူတာကို ကိုယ့်မျက်နှာလေးနဲ့ password ပေးမယ်

ကိုယ့်မျက်နှာချောချောလေးကိုကြည့်ပြီးမှ ကွန်ပြူတာကိုဖွင့်ပေးမယ့်ဆော့ဝဲလ်လေးပါ ... ၀င်းဒိုးအတက်မှာ ကိုယ်ပေးထားတဲ့ password နှိပ်ဝင်ရသလို ကိုယ်မျက်နှာလေးပြမှဝင်လို့ရတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ် ... ပုံမှာပြထားသလိုလေးပါ ဘာရယ်မဟုတ်ဘူးလူရှိန်တာပေါ့ ... အသုံပြုမယ့်ကွန်ပြူတာမှာတော့ webcam လေးတပ်ထားရပါမယ် ...စမ်းသုံးချင်တဲ့သူငယ်ချင်းများ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ် ...

Download -  Here

Saturday 1 June 2013

Gtalk အကောင့် ဘယ်နိင်ငံကနေ ချက်နေလဲ သိချင်သူများ အတွက်

(၁)Gtalk settings ကိုသွားပါ။
(၂)Connection ဆိုတာလေးကို ကလစ်လိုက်ပါ။
(၃)Start monitor ကိုကလစ်ပြီး ဖိုင်တစ်ခုကျလာတဲ့အခါ OK ကို ကလစ်လိုက်ပါ။
(၄)သင်သိချင်သော သူကို Gtalk ဖုန်းခေါ်လိုက်ပါ။
သူဖုန်းကိုင်လိုက်ပြီဆိုတာနဲ့စောစောက Start monitor ကို ကလစ်လိုက်လို့ ကျလာတဲ့ဖိုင်လေးထဲမှာ စာတန်းတွေ ဂဏာန်းတွေ ကျလာပါလိမ့်မယ်။
အဲထဲက သူ့ Ip Adress ကိုယူပြီး IP Address locate မှာ သွားစစ်လိုက်ရင်...
”ဟွန့် သိချင်စုံစမ်းပေါ့ “ ဆိုတဲ့ မမတွေ ညီမတွေ 
တစ်ဆိုငိထဲမှာ ဟိုးဘတ်စွန်းနဲ့ ဒီဘက်စွန်းထိုင်နေပြီး သမီးကစလုံးကတို့ ကိုကြီးက အော်စီကဆိုတာတွေ ပေါ်ပီပေါ့...
 (သူ့ဘက်က ဖုန်းကိုင်ဖို့နဲ့  Gtalk ဟာ Proxy လုပ်မထားဖို့တော့ လိုတာ ပေါ့ဗျာ)

“တောမြိုင်ခြေလမ်း”



သာယာငယ် ဆန်းတော့၊
တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊
... ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။

ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
ပလွေညင်းလို့ 
သီချင်းငယ်ညာ၊
ဘာသာအလိုက်၊
နွားကျောင်းသူငယ်၊
ပျော်ရေးကြွယ်၊
တုတ်ငယ်ရိုက်လို့ ၊
ကြုံကြိုက်ရသည်အခါမှာ၊
တူမပါသက်လျာဖြန်းကို၊
အိုခင်ရဲ့ လွမ်းလှတယ်လေး။ ။


၁၂၊ ၄၊ ၂၉
မင်းသုဝဏ်
ပန်းချီ usawhlaing

Zawgyi နဲ့ Unicode Font မလိုဘဲ မြန်မာလိုဖတ်နိုင်တဲ့Browser 4 MM v1.2 For Android




အခုအသစ်ထွက်တဲ့ Browser လေးကတော့ ဇော်ဂျီ နဲ့ ယူနီကုတ်မရှိလည်း Internet က စာသားတွေကို
မြန်မာလိုကောင်းမွန်စွာဖတ်နိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Browser လေးကို 1st Myanmar Group ကရေး
သားထားတာဖြစ်ပါတယ်ဗျာ။ အခု Browser လေးမှာ မြန်မာဖောင့် မမှန်တာတွေလည်း မဖြစ်တော့ပါဘူး
Zawgyi ရော Unicode ကိုပါ support လုပ်တဲ့အတွက် Internet ပေါ်မှာ သတင်းတွေဖတ်သူများအတွက်
အကြိုက်တွေ့စေမှာဖြစ်ပါတယ်ဗျာ။ အခု Browser ကိုအသုံးပြုဖို့အတွက် Root ဖောက်စရာလည်းမလိုပါ
ဘူး။ Android OS 2.2 နှင့်အထက်ဖုန်းများမှာသာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ မြန်မာလိုဖတ်လို့ရတယ်
ဆိုတာက Internet နဲ့ Web Page တွေပေါ်မှာဘဲ ဖတ်လို့ရမှာပါဗျာ။


Download  - Here

Android ဖုန်းအတွက် Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application



 
မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application လေးတင်ပေးလိုက်ပါတယ်... ပေးထားတဲ့ဖိုင်ကိုဒေါင်းပြီး ရလာတဲ့ ZIP ဖိုင်ကို SD Card ထဲသို့ ထည့်ကာ CWM (Recovery Mode ) သို့ဝင်ပြီး Install လုပ်ပေးလိုက်ရုံဖြင့် အဆင်ပြေသွားမှာပါ....
  တကယ့်ကို ၀မ်းမြောက်စရာလေးပါဘဲ.. Pattern Lock , Passwords Lock , Pin Lock ကျနေသူများအတွက်ကတော့ လုံးဝ အဆင်ပြေသွားတာပေါ့ဗျာ။


အားလုံးဘဲအဆင်ပြေကြပါစေ။

Download=> Here