အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Saturday 18 May 2013

CD Drive ပျောက်နေရင် ပေါ်အောင်လုပ်နည်း


တစ်ခါတစ်လေ ဗိုင်းရပ်ရှိတဲ့ ခွေထည့်မိလို့ပဲဖြစ်ဖြစ် တခြားဘာကြောင့်ပဲဖြစ်ဖြစ် CD ထည့်တဲ့နေရာက CD Drive တစ်ခုလုံးပျောက်သွားတတ်ပါတယ် ။ အဲဒါလေးကိုဖြေရှင်းတဲ့နည်းလေးပါ လွယ်လွယ်လေးပါ။ ကဲစလိုက်ရအောင်..............
ပထမ ဆုံး Start ကနေ Run ကို သွားပြီး regedit ဆို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..... box တစ်ခုကျလာလိမ့်မယ်။

အဲဒီ box လေးကျလာရင် သုံးခုမြောက်ပေါ့ HKEY_LOCAL_MACHINE ဆိုတဲ့စာတန်းလေးရဲ့ ဘယ်ဘက်ဘေးက မြှားလေးကို ကလစ်လိုက်ပါ။
အဲဒီ အထဲက အောက်ဆုံးတစ်ခု SYSTEM ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်......အောက်ကအတိုင်းဖြစ်လိမ့်မယ်
SYSTEM ခေါင်းစဉ်အောက်က သုံးခု မြောက်မှာ Current Control Set ဆိုတဲ့ ဘေးကမြှားလေးကို ထပ်ကလစ်လိုက်ပါ.......
ပြီးရင် Current Control Set အောက်က Control ဆိုတဲ့ ဘေးက မြှားလေးကို ထပ်ကလစ်ပါ.........  ပြီးရင် Control ခေါင်းစဉ် အောက်က ခြောက်ခုမြောက် က Class ဆိုတာလေးရဲ့ ဘေးကမြှားလေးကို ကလစ်လိုက်........
ပြီးရင် သူ့အောက်က 4D36E965-E325-11CE-BFC1-08002BE10318 ဆိုတဲ့ စာတန်းလေးကို ရှာပြီတော့ ကလစ်လိုက်
Class ခေါင်းစဉ်အောက်က ၁၀ ကြောင်းမြောက်လို့ ထင်ပါတယ်....... အပေါ်က စာတန်းနဲ့ ပြန်တိုက်ကြည့်ပေါ့ ဟုတ်ရင် ကလစ်လိုက်...........
ဒီလိုမြင်ရပါမယ် ညာဘက်မှာ DVD/CD-ROM devices အဲလိုပေါ်နေရမယ် ..........
အဲလိုပေါ်သွားပြီဆိုရင် ညာဘက်အကွက် ထဲမှာ "Upper Filter" ဆိုတာလိုက်ရှာ တွေ့ရင်ဖျက်
"Upper Filter" ဆိုတာမတွေ့ ရင် "Lower Filter" ကို ရှာ တွေ့ရင်ဖျက် ...."Lower Filter" ကိုမတွေ့ရင် " File Filter " ကိုရှာ တွေ့ရင်ဖျက် တကယ်လို့ သုံးခုလုံးတွေ့ရင်လဲဖျက်............
အဲလို ဖျက်ပြီးသွားရင်တော့ အဲဒါကိုပိတ်လိုက်တော့ ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ ပြီးရင်ပြန်ဖွင့်ကြည့် ပါ။
အဆင်ပြေပါစေနော်...

No comments:

Post a Comment