အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Wednesday 31 July 2013

Apply Pattern Password On Windows (ပုံနှင့်ရှင်းပြ)

ဒီတစ်ခါသူငယ်ချင်းတို့ကိုမိတ်ဆက်ပေးချင်တာက မိမိကွန်ပြူတာကို ဖုန်းတွေမှာလိုပဲ Pattern
ကုဒ်လေးနဲ့ Lock ချထားချင်တယ်ဆိုရင်တော့ဒီဆော့စ်ဝဲလေးကအကောင်းဆုံးပါပဲ။
ဝင်းဒိုးအားလုံး 32/64 အကုန်သုံးလို့ရပါတယ်။ကွန်ပြူတာအပိတ်အဖွင့်မှာ automatically အလုပ်
လုပ်ပါတယ်။ကိုယ့်ရဲ့ Pattern ကိုလည်း Back up လုပ်ထားလို့ပါတယ်။အောက်မှာပုံတွေနဲ့သေချာ
ရှင်းပြထားပါတယ်။စိတ်ဝင်စားရင်တော့လိုက်လုပ်ကြည့်ပါ။





ကိုယ်လုပ်ထားတဲ့ Pattern ကို backup လုပ်ထားလို့ရပါတယ်။ပြီးတော့ 3*3(9points)လား

4*4(16points)လား 5*5(25points)လား ကြိုက်တာရွေးပါ။ပြန်ပြောင်းချင်ရင်တော့ ResetPattern ပေါ့

General မှာကတော့ ကိုယ်ဘယ်လိုထားချင်လဲဆိုတာရွေးပေါ့။ ဒီအတိုင်းလဲရပါတယ်။
နောက်ခံပုံလေးကိုလည်းသူငယ်ချင်းတို့ဘယ်လိုထားချင်လဲရွေးလိုက်ပါအုံး။
           ဒီအတိုင်းပဲနော်ပြီးရင်တော့  Restart  your  system ..... ပေါ့နော်.......

                              Download Filecould | Zippyshare | Dropbox

အဆင်ပြေကြပါစေ...

မကြာခဏ နုံးချည့်ညောင်းညာတက်သူတို့ အင်အားတိုးစေမည့် နည်းလမ်းများ

             မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။


(၁) ရေများများသောက်ပေးပါ


ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။


(၂) ကဖင်းဓာတ်ကို သတိထားပါ


တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။


(၃) နံနက်စာကို ပုံမှန်စားပါ


နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။


(၄) အာဟာရပြည့်ဝအောင်စားပါ


ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက် ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝ စေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ် ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာ တတ်တာကြောင့် အဆီနည်း အသားလို သံဓာတ် ပါဝင်မှုများတဲ့ အစာ စားပေး သင့်ပါတယ်။


(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်


ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတို အတွင်း အလေးချိန် ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာ လျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့် ညောင်းညာ နိုင်ပါတယ်။


(၆) အိပ်ရေးဝဝအိပ်ပါ


တစ်ညကို ရှစ်နာရီလောက် အိပ်ချိန် ပေးသင့် ပါတယ်။ အိပ်စက် ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာ ရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။


(၇) အိပ်ဆေးမသောက်ပါနှင့်


အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့ အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။ 

 

ကျန်းမာပျော်ရွှင်သော ဘ၀လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ...

သူ့ကိုတကယ် ချစ်မိသွားပြီဆိုရင်

အချိန်တိုင်းသူ့အကြောင်းစဉ်းစားနေတတ်ပါတယ်...

ဘယ်တော့မှ လမ်းခွဲလို့မဖြစ်ဘူးဆိုတဲ့အသိလေးတွေ
ရှိတတ်ပါတယ်...

ဝေးနေရင် သတိရနေတတ်ပြီး နီးနေရင်လဲရင်ခုန်နေ
တတ်ပါတယ်...

လှပတဲ့နေရာလေးတွေဖြစ်ဖြစ် ပျော်စရာနေရာတွေ
မှာတောင် သူနဲ့သာဆိုရင်ဆိုတဲ့အတွေးလေးတွေတွေး
နေတတ်ပါတယ်...

သူနဲ့အမြဲတမ်းဆုံတွေ့ခွင့်လေးတွေကို မျှော်လင့်နေတတ်
ပါတယ်...

အလျှားနံတိုင်းလို့မရတဲ့မာနပါးပါးလေးတွေရှိတတ်ပေမဲ့
အမုန်းဆိုတာ မရှိသလောက်ရှားနေတတ်ပါတယ်...

တစ်ယောက်ယောက်ကို သူ့အကြောင်းပြောနေရရင်
ပျော်နေတတ်ပါတယ်...

သူနဲ့ပတ်သက်တဲ့အရာအားလုံးဟာကိုယ့်အတွက်အရမ်း
တန်ဖိုးရှိနေသလို ခံစားနေရတတ်ပါတယ်...

သီချင်းလေးတွေနားထောင်ဖြစ်ရင်တောင်တိုက်ဆိုင်တဲ့
စာသားတွေဖြစ်ခဲ့ရင်တောင် သူ့ကိုသတိရနေတတ်ပါတယ်...

မနက်မျက်လုံးဖွင့်လိုက်တာနဲ့ သူဆိုတာကိုယ့်ခေါင်းထဲကို
အလိုလိုဝင်လာတတ်ပါတယ်...

တခြားလူနဲ့စကားပြောနေတာကအစ သ၀န်တိုတတ်လာ
ပါတယ်...

အိပ်ယာပေါ်ရောက်ရင်တောင် မျက်လုံးလေးတွေမမှိတ်သေး
ခင်အထိ သူဆိုတာခေါင်းထဲမှာရှိနေတတ်ပါတယ်...

သူပျော်နေရင် ကိုယ်လဲအလိုလိုပျော်နေတတ်ပါတယ်...
ဟန်ဆောင်ခြင်းကင်းတဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ...
(aungscc@gmail.com)13-8 2013

ဆုံးရှုံးသွားမှာ စိုးလို့ သ၀န်တိုမိတာပါ


ဒါက နင့်အတွက် ချုပ်ခြယ်သလို ဖြစ်နေရင်တော့  ငါတောင်းပန်ပါတယ်နော်.....
" .... တကယ်တော့  ငါနင်နဲ့  မခွဲနိုင်လို့ ပါ ...... "



ပိုင်ဆိုင်ချင်မိတော့ လည်း အတ္တကြီး မိတာပေါ့............
ဒါက နင့်အတွက် အနေကျုံ့သလို ဖြစ်နေရင်တော့ ငါ ဆင်ခြင်ပါ့ မယ်နော်..
" ... တကယ်တော့  ငါ နင့်ကို တခြားသူလက်ထဲအရောက်မခံနိုင်လို့ ပါ..... "


စိတ်မချမိတော့ လည်း နေရာတကာ ၀င်ပါမိပြန်တာပေါ့.......
ဒါက နင့်ကို အရှက်ရစေသလို ဖြစ်နေရင်တော့  ငါ ရှောင်ကြဉ်ပါ့ မယ်နော်...
" ..... တကယ်တော့  ငါ နင့်ကို အရမ်းချစ်မိနေလို့ ပါ.. .... "



စိတ်ဆိုးခြင်းရဲ့နောက်ကွယ်မှာ .....
အချော့ခံချင်လို့ ဆိုတာ နင်သတိထားမိမယ်ဆိုရင်တော့ 
ငါအပြုအမူတွေအတွက် နားလည်ပေးနိုင်မယ်ထင်ပါတယ်ချစ်သူရယ်..



တကယ်တော့  ကမ္ဘာပေါ်မှာရှိတဲ့ 
ချစ်တတ်တဲ့သူမှန်ရင် ၊ သ၀န်တိုတတ်တယ်...
စိတ်ကောက်တတ်တယ်. .... ၊ စိတ်မချဖြစ်တတ်ကြတယ်လေ.
....
ချစ်သောသူတွေ ကွေကွင်းခြင်းမှ ကင်းဝေးကြပါစေ...
(aungscc@gmail.com) 13-8-2013

ကြက်ဥ ဘဲဥ ၏ ကျန်းမာရေး နှင့် အဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥ တွေကို အသင့်အတင့်စားပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ် -

မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်
ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ်
တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင် လို့ပါ။
ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါ ပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။
ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှု တွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သား ကင်ဆာဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေ တာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။
ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သားတည်ဆောက်မှုကို အားကောင်းစေပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန်များနေသူ တွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနားပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


အဆင်ပြေကြပါစေ...

ဒီဇိုင်းလှလှမြန်မာဖောင့် 300 ကျော်

စာစီစာရိုက် လုပ်ငန်းလုပ်သော သူငယ်ချင်းများအတွက် မြန်မာစာလုံးဖောင့်
လှလှလေးတွေက အလွန်အရေးကြီးပါတယ်။ဖိတ်စာဆိုရင်လည်း ဖိတ်စာလှလှလေးရတာပေါ့
လုပ်တာချင်းတူပေမယ့် စာလုံးဖောင်းလှပသေသပ်မှုက အမှတ်ပေးသွားမှာပါ။
မြန်မာစာလုံးဖောင့်တွေကို စုံလင်အောင်ရှာဖွေစုစည်းတင်ပြလိုက်ပါတယ်

အဆင်ပြေကြပါစေ...

Connection မကောင်းတဲ့အချိန် Facebook သုံးချင်ရင်


ကော်နက်ရှင်တွေကျတဲ့အချိန် ဖေ့ဘွတ်ဝင်ရင်ဘာမှဖတ်လို့အဆင်မပြေပါဘူး။ ဒီတော့ကိုယ့်သူငယ်ချင်းတွေရဲ့စာတွေပုံတွေ ကြည့်ရ တာအခက်အခဲဖြစ်ပါတယ်။ဒီတော့ဘယ်လိုသုံးမလဲ။ မိုဘိုင်းဖုန်းမှာပေါ်တဲ့အမြင်နဲ့သုံးရပါလိမ့်မယ်။  http://m.facebook.com/ ကိုသွားပီးသုံးလို့ရပါတယ်။ဖုန်းမှာသုံးတိုင်းပုံစံအတိုင်းဖြစ်နေမှာပါ။ဒါပေမယ့်စာတွေပုံတွေဖတ်လို့ရပါတယ်။ အဆင်ပြေမှာပါ။ပို့စ်အသစ်တွေတင်တာမြင်ချင်ရင်တော့ Refresh လုပ်လုပ်ပေးပေါ့။ကီးဘုတ်ကF5ကိုနှိပ်လည်းရပါတယ်။သွားပြီးစမ်းသုံးကြည့်ကြပါ။
 အဆင်ပြေကြပါစေ...

Your Uninstaller! PRO



မင်္ဂလာပါဗျာ ဒါကတော့ Your Unistaller Pro လေးပါ လိုချင်တဲ့သူများရှင် ဒေါင်းယူလိုက်ပါဗျာ
သူ့ရဲ့လုပ်ဆောင်ချက်တွေကိုတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါဗျာ

Key features of Your Uninstaller! PRO 7.5.2013.02 DC 21.07.2013 Full + Serial:
  • Completely remove any application installed.
  • Deep scan of registry and entire disk for unused registry entries and files.
  • Remove programs that could not be removed by Add/Remove Program.
  • Uninstall screen savers. [PRO].
  • Remove internet surfing traces.
  • Backup and restore registry.
  • Registration key management.
  • Built-in Disk Cleaner helps you find and remove unnecessary files on your disk to save space and make computer faster! [PRO].
  • Built-in IE Context Menu Cleaner, cleans the context menu of Internet Explorer. [PRO].
  • Built-in Startup Manager, take full control of Window startups. [PRO].
  • Fix invalid desktop shortcuts and start menu shortcuts.
  • Get the applications detail info even if it hide itself in deep directory, especially useful for finding out "Spy" applications. [PRO].
  • Backup/restore installed-applications information.
  • Uninstall with SINGLE drag-drop! Just drop a file on Your Uninstaller! icon on the desktop to see what happens! [PRO].
  • List installed applications with appropriate icons(same as you see in the Start Menu), you can easily find the application you want to uninstall.
  • Powerful search feature allows you quickly find the program you are about to uninstall.
  • Automatic detection of invalid installations and removing them with one click.
  • Force removal of uninstall related entries in the registry(care to use!). [PRO].
  • Lighting speed at startup, 5-10 times faster than Add/Remove Program of Windows XP.
  • Export programs list to file or printer.
  • OS : Microsoft Windows 2000, Windows XP, Windows Vista, Windows 7, Windows 8.

               ဆော့ဝဲလ်ဒေါင်းရန်>>
အဆင်ပြေကြပါစေ...

Photo Slideshow Creator 4.25 Full Activator




Photo Slideshow Creator 4.25 Full Activator


မင်္ဂလာပါ ဒီဆော့ဝဲလ်လေးကတော့ Photo Slideshow လုပ်ချင်တဲ့သူတွေအတွက်ပါ Effect တွေလည်းစုံပါတယ် .. အပျော်တမ်းလုပ်တဲ့သူတွေအတွက် ပိုပြီးတော့ အဆင်ပြေပါတယ်
လုပ်ရတာလည်း လွယ်ကူပါတယ်. လိုချင်တဲ့သူရှိရင် ယူသွားလိုက်ပါဗျာ
အဆင်ပြေကြပါစေ...

Scanthing OCR Apk (ဖုန်းနဲ့စာတွေကူးမယ်)

ဒါလေးကတော့တော်တော်အသုံးဝင်ပါတယ်။ကျောင်းသူတွေအတွက်ပိုပြီးအဆင်ပြေပါတယ်။
စာတွေလိုမရေးချင်ရင် သူငယ်ချင်းဆီကစာအုပ်ငှားပြီး Scanလုပ်လိုက်ရုံပဲ။
မိမိလိုချင်တဲ့စာတွေကို  Scan လုပ်ယူပြီး အမျိုးအစားလိုက်ခွဲပြီး Save ထားလို့လဲရပါတယ်။
Scan လုပ်ထားတာတွေကိုလည်းလိုသလိုပြန်ပြီးပြုပြင်လို့လည်းရပါတယ်။ ဘာသာစကား
များစွာအသုံးပြုနိုင်ပါတယ်။အောက်မှာနောက်ထပ်ပုံတွေကိုကြည့်ပါအုံး။ ပြီးတော့
သူငယ်ချင်းတို့အဆင်ပြေအောင် ဘယ်လိုအသုံးပြုရလဲဆိုတာ Movie လေးနဲ့ရှင်းပြထားပါတယ်။
ဒေါင်းလို့ရတဲ့ဖိုင်လေးကိုဖြေလိုက်ရင်အထဲမှာ Apk  ရှိပါတယ်။
Your paperless life starts here
The best and most intelligent optical character recognition OCR App
on Android Play – as recognised by our users – just read the reviews
Scanthing extracts text from pictures and documents and allows you to
search for them by keywords on your phone using OCR Optical Character
Recognition technology and now playback the text using Text-To-Speech
Technology. Its the only Document Scanner you need.
I use the app to scan newspaper and magazine articles, the conversion
to text is excellent if I need to reference the text in materials for
my students – Rachel Heath, Teacher
Just used it to translate from a menu in Dutch to English in under 20
seconds whilst sitting in the restaurant, amazing – Lucky Brekova,
Lover of Fine Dining
As a person with very poor sight Scanthing gives me a third eye
meaning I can get on with my life wherever I am – Steve Wright,
Partially Blind but very Active.
                                          Movie Tutorial
                                      movie နဲ့ရှင်းပြထားပါတယ်  ဒီမှာနှိပ်ပါ။

                                        Download Filecould | Zippyshare | Dropbox



အဆင်ပြေကြပါစေ...

Monday 29 July 2013

Free Download WebCamMax 7.6.0.2 Full With Serials key and Crack File

ကင်မရာသုံးသောသူငယ်ချင်းများနှင့်notebookသုံးသောသူငယ်ချင်းများ
video chat လေးလုပ်ဖို့  webcam max လေးတော့သုံးကြပါလိမ့်မယ်။
ဒါပေမယ့် full version လေးမဟုတ်ရင်တော့ စိတ်ညစ်ရမယ်နော်....
မပူပါနဲ့ တော့ဗျာ..သူငယ်ချင်းအားလုံးအတွက် full version လေးတင်ပေး
လိုက်တယ်။crack ဖိုင်လေးပါ ပါတယ်ဗျ။crack ဖိုင်လေးထည့်တတ်ဖို့ တော့လို 
လိမ့်မယ်နော်။တစ်ခါတည်းတင်ပေးပါမယ် အဆင်ပြေပါစေနော်................

ဒီလောက်ဆိုရင်တော့ ဒေါင်းလို့ ရပါပြီ

အဆင်ပြေကြပါစေ...

စာရိုက်တာ မြန်ဆန် မှန်ကန်စေရန်(keyboard tutorial and test)

ကျွှန်တော်တို့တွေ Keyboard ပေါ်မှာ အင်္ဂလိပ်စာလက်ကွက်ကို မှန်မှန်ကန်ကန် နဲ့ မြန်ဆန်ပီး keyboard ကိုမကြည့်ပဲရိုက်နိုင်တဲ့ တကယ့် professional တယောက်လိုဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ Free online typing ဆိုဒ်လေးတခုကို ဖော်ပြလိုက်ပါတယ်၊ အရမ်းမိုက်ပါတယ်။ Keyboard ပေါ်မှာ လက်ကိုမရွေ့စေပဲ့ ဘယ်စာလုံးကို ဘယ်လက်ချောင်လေးတွေနဲ့ ရိုက်ရမလဲဆိုတာကိုပါ ဖော်ပြထားပါတယ်၊ ဘယ်လက်နဲ့ပဲရိုက်ရိုက် ရိုက်လို့တော့ရပါတယ်၊ ဒါပေမဲ့လဲ မြန်မြန်နဲ့ ကြည့်ကောင်းအောင် keyboard ကိုတည်ထွင်ထားတဲ့သူကိုယ်က ခုလိုလေးလက်ကွက်ရိုက်အောင် လုပ်ထားတာပါ၊ အောက်မှာ ပုံလေးတွေနဲ့ကျွှန်တော် ပြထားပါ တယ်၊ လေ့ကျင့်ချင်တဲ့ သူများကအောက်ကလင့်လေးမှာသွားလိုက်ပါ၊
အောက်ကစာမျက်နှာမှာ LESSONS,MY TEXT နဲ့ BBC NEWSလို့တွေပါမယ်၊ LESSONS ကိုကလစ်လိုက်ပါ။
အောက်မှာလေ့ကျင့်ခန်းတွေပါ
တခုေ၇ွးလိုက်ပါ။ အောက်မှာ 1 က ကိုယ်ရိုက်တာမှန်ရင် NICE လို့ဖော်ပြနေမှာပါ၊ 2 ကစာတွေကိုကြည့်ပီးရိုက်ရမှာဖြစ်ပါတယ်၊ (Keyboard ကိုမကြည့်ပဲလေ့ကျင့်ပါ၊) လက်နှစ်ဖက်လုံးက Keyboard ပေါ်မှာတင်ထားရမှာဖြစ်ပီး F နဲ့ J ကို ဘယ်လက် F ညာလက် J ကို၇ိုက်၇မှာပါ၊ 3 နေရာကတော့ ကိုယ်ရိုက်နေတဲ့ Results ဖြစ်ပါတယ်၊ကိုယ်ဘယ်လောက် ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်သလဲဆိုတာ ပြပေးမှာပါ၊
ကိုယ်ရိုက်တာမှားရင် အောက်ကလိုပြပါတယ်၊ အဲလိုပဲ LESSONS တွေကိုလေ့ကျင့်ပီး ကျွမ်းကျင်သွားပီးဆိုရင် My text ကိုသွာျးနိုင်ပါတယ်၊
အောက်က My text ပါ၊ကိုယ်ရေးချင်တာရေးပီး စမ်းနိုင်ပါတယ်၊
ဒါတွေ ကောင်းကောင်းလုပ်နိုင်ပီးဆိုရင်တော့ BBC NEWS ကိုလေ့ကျင့်နိုင်ပါပီ၊
 
အဆင်ပြေကြပါစေ...

Clean Disk Security 8.03 Full + Crack






မင်္ဂလာပါ ဒီဆော့ဝဲလ်လေးကတော့ Clean Disk Secrity V8.03 ပဲဖြစ်ပါတယ်။ အဓိကလုပ်ဆောင်ချက်ကတော့ ဖိုင်တွေစိတ်ပူစရာမလိုအောင်ကိုဖျက်ပေးနိုင်တယ်လို့တော့ ဆိုထားပါတယ်။ မလိုအပ်တဲ့ဖိုင်တွေကို အစအနမကျန်အောင် ဖျက်ပေးနိုင်ပါတယ်။ သတိထားစရာကတော့ မိမိဖျက်အရာကို မဖျက်ခင် သေချာအောင် စစ်ဆေးဖို့တော့လိုပါလိမ့်မယ်.. ဖျက်ပြီးသွားရင်တော့ ပြန်လည်၍ Recovery လုပ်လို့မရတော့ပါဘူး လုံးဝအရှင်းကို ဖျက်ပေးလိုက်တဲ့အတွက် အရေးကြီးတဲ့ data တွေကိုဖျက်တဲ့နေရာမှာ. အသုံးဝင်လှပါတယ်။ သူရဲ့လုပ်ဆောင်ချက်တွေကိုတော့ အောက်မှာ ဖတ်ကြည့်လိုက်ပါ.. ကြိုက်တယ်ဆိုရင်တော့ ပေးထားတဲ့လင့်မှာ ဒေါင်းယူလိုက်ပါဗျာ

Features of Clean Disk Security 8.03 Full + Crack
  • Secure file deletion.


  • Make already-deleted files unrecoverable. Clean free disk space.


  • Wipe Internet browser cache, browsing history, and cookies (from Internet Explorer, Firefox, etc).


  • Wipe lists of names of recently used files, URLs, and email addresses.


  • Wipe the Windows swap file.


  • Hundreds of plugins included to wipe the tracks of hundreds of different applications, such as Windows Media Player, Emule, Paintshop, etc.


  • Removes unneeded temporary files, releasing more disk space.


  • Special support for Firefox.


  • Create your own plugins to clean anything you like using the accompanying Plugin Editor.


  • Direct Disk Viewer so you can see exactly what is on your disk.


  • OS : Win98/ME/NT/2000, WinXP, Vista, Windows 7 and Windows 8, both 32 bit & 64 bit.
               
                   

                      ဒေါင်းရန်>>>  (MediafireZippyshare)

အဆင်ပြေကြပါစေ...

Reallusion Crazytalk Animator v1.01 pro Full with key

ဒီ Software လေးကလဲ စိတ်ဝင်စားစရာလေးပါ၊ ပုံလေးတွေ ကို ကောင်းကောင်း ကလိလို့ ရတယ်၊ ပုံအသေလေးတွေ ကို လှုပ်ရှာအောင် စကားပြောနေတဲ့ ပုံဖြစ်အောင်  ဖန်တည်းပီး Video,Gif Animate, JPG, PNG Flash file စသည့်ဖြင့် ထုပ်လို့ရသလို ဖြတ်ညှပ်ကပ်လဲ လုပ်လို့ ရပါသေးတယ်၊Software ကအောက်ဆုံးမှာ ယူပါ၊ မူရင်းဆိုဒ်မှာတော့ $104 နဲ့ရောင်းထားပါတယ်၊ကျွှန်တော်က တော့ အလကား Fee ပေးစရာမလိုတဲ့ Full Version လေးပါ၊ မူရင်းလင့် http://www.reallusion.com/go/crazytalk/upgrade/special.asp မှာသွားရောက်ကြည့်နိုင်ပါကြောင်း၊ YouTube မှာလဲ ဒီဆော့ဝဲလ်နဲ့ပါတ်သက်တဲ့ နည်းပညာတွေ လေ့လာလို့ ရပါတယ်၊ ကျွှန်တော် သိသလောက်လေး လဲပုံလေးတွေ လုပ်ပီး ပြပေးထားပါတယ်၊ စိတ်ဝင်စားရင်တော့ လုပ်ကြည့်ပါ၊

အောက်ကပုံကတော့ စဖွင့်ရင်တွေရမဲ့ ပုံပါ



အောက်မှာ Project ကနေပီး ပုံတွေ Video တွေ Mp3 တွေ ထည့်လို့ ရပါတယ်၊



နောက် Actors၊ သူကတော့ သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါပဲ၊ Character ကနေပုံလေးတွေ အများကြီး ရွေးနိုင်ပါတယ်၊



 နောက့် Head ကနေ ခေါင်းလေးတွေ ကြီးပဲလဲ ရယူနိုင်ပါသေးတယ်၊



နောက်တခုကတော့ Body ပိုင်းပါ၊ သူကလဲ ခေါင်းမပါပဲ Body တွေကြီးပါ၊ ဒီနေရာမှာ Software မှာပါတဲ့ Head တွေ Body တွေ မသုံးချင်ရင်တောင် ကိုယ်ကိုယ်တိုင် ကြိုက်နှစ်သပ်တဲ့ ပုံတွေ ကို Photoshop နဲ့ဖြစ်စေ အဆင်ပြေတာနဲ့ ဖြတ်ညှပ်ပီး ဆက်လို့ အစားထိုးလို့ ရပါတယ်၊



နောက်တခုက Animation မှာ၊ သူကတော့ ကိုထည့်ထားတဲ့ ပုံလေး တွေ ကို လှုပ်ရှားခိုင်းမယ်၊ ကခိုင်းမယ်၊ သရုပ်ဆောင် ခိုင်းမယ်၊ လမ်းရှောက်ခိုင်း လို့ရတဲ့ အပိုင်းပါ၊



နောက် Scene ကတော့ Background ပါ၊



 Special Fix တော့ စာရေးလို့ ရမယ် အသံဖိုင်နဲ့ ပါတ်သက်ပါတယ်၊



နောက် အောက်ချေက မျှားပြထားတဲ့နေရလေးကို ကလစ်ပေးလိုက်ရင် ကိုယ်ထည့်ထားတဲ့ သီချင်းတွေ Video တွေ ရဲ Timeline ပါပဲ လိုသလို ပြင်ယူနိုင်ပါတယ်၊



အောက်ကပုံကတော့  ကိုကြိုက်တဲ့ ပုံတွေ နောက်ခံတွေ ထည့်ပီးရင် ပုံလေးတွေကို လှုပ်ရှားလာအောင် လုပ်ယူမဲ့ ပုံပါ၊ 1 ကို ကလစ်လိုက်ရင် 2 နဲ့ 3 ပြထားတဲ့ ဘောက်လေး ပေါ်လာပီး ကြိုက်ရာရွေးနိုင်ပါတယ်၊ ပုံကိုတော့ Select လုပ်ထားရပါမယ်၊


 အောက်က 1 နေရာကို ကလစ်လိုက်ရင် ပါးစပ်တွေ ခေါင်းတွေ မျက်လုံးတွေ လှုပ်ရှားအောင် လုပ်ဆောင်ပေးပါတယ်၊ ကိုယ်လိုချင်တဲ့ အတိုင်းယူပီး မောက်နဲ့ ကစားပေးရပါမယ်၊ဒါမှာ မျက်လုံးတွေ ပါးစပ်တွေ က လှုပ်ရှားမှာပါ၊ ဒီနေရာမှာ ကိုယ်ဖန်းတည်းထားတဲ့ ပုံကို အတည်ယူမယ်ဆိုရင် Record ကို ကလစ်ပေးပီး Space Bar ကိုပုတ်မှ Record လုပ်မှာပါ၊ ဒါမှာ Play လိုက်ရင် ကိုယ်လုပ်ထားတဲ့ ပုံက လှုပ်ရှားပမယ်၊






အောက်ကတော့ အားလုံးပီးရင် Save ပါမယ်၊ Video, Image , flash ဖိုင် စသည့်ဖြင့် သိမ်းယူနိုင်ပါတယ်၊



ဒီလောက်ဆိုရင် အဆင်ပြေမှာပါ၊ ကုန်အောင်လုပ်ပြရင်တော့ ပုံတွေ အများကြီး ထွက်တော့ မှာ၊ ကိုယ်ဘာသာပဲ ကလိတော့ နော.. အဆင်ပြေပါစေဗျာ၊ Software ကအောက်မှာ ယူပါ၊ ဒီဆော့ ၀ဲကို သုံးရင် ကျွှန်တော်တော့ လိုင်းပိတ်ထားရပါတယ်၊ ဘာလို့ လဲဆိုတော့ Illegal လိုင်စင် မို့လားမသိပါ.. လိုင်ဖွင့်ပီး သုံးရင် ပိုက်ပိုက်တောင်းပါတယ်၊ လိုင်းပိတ်သုံးရင် 100% Working ပါ၊  Full Version အထဲမှာ လိုင်စင် Keys ပါပါတယ်၊
 အဆင်ပြေကြပါစေ...