အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
Showing posts with label Android ဖုန်းအတွက် စော့ဝဲများ. Show all posts
Showing posts with label Android ဖုန်းအတွက် စော့ဝဲများ. Show all posts

Wednesday, 31 July 2013

Scanthing OCR Apk (ဖုန်းနဲ့စာတွေကူးမယ်)

ဒါလေးကတော့တော်တော်အသုံးဝင်ပါတယ်။ကျောင်းသူတွေအတွက်ပိုပြီးအဆင်ပြေပါတယ်။
စာတွေလိုမရေးချင်ရင် သူငယ်ချင်းဆီကစာအုပ်ငှားပြီး Scanလုပ်လိုက်ရုံပဲ။
မိမိလိုချင်တဲ့စာတွေကို  Scan လုပ်ယူပြီး အမျိုးအစားလိုက်ခွဲပြီး Save ထားလို့လဲရပါတယ်။
Scan လုပ်ထားတာတွေကိုလည်းလိုသလိုပြန်ပြီးပြုပြင်လို့လည်းရပါတယ်။ ဘာသာစကား
များစွာအသုံးပြုနိုင်ပါတယ်။အောက်မှာနောက်ထပ်ပုံတွေကိုကြည့်ပါအုံး။ ပြီးတော့
သူငယ်ချင်းတို့အဆင်ပြေအောင် ဘယ်လိုအသုံးပြုရလဲဆိုတာ Movie လေးနဲ့ရှင်းပြထားပါတယ်။
ဒေါင်းလို့ရတဲ့ဖိုင်လေးကိုဖြေလိုက်ရင်အထဲမှာ Apk  ရှိပါတယ်။
Your paperless life starts here
The best and most intelligent optical character recognition OCR App
on Android Play – as recognised by our users – just read the reviews
Scanthing extracts text from pictures and documents and allows you to
search for them by keywords on your phone using OCR Optical Character
Recognition technology and now playback the text using Text-To-Speech
Technology. Its the only Document Scanner you need.
I use the app to scan newspaper and magazine articles, the conversion
to text is excellent if I need to reference the text in materials for
my students – Rachel Heath, Teacher
Just used it to translate from a menu in Dutch to English in under 20
seconds whilst sitting in the restaurant, amazing – Lucky Brekova,
Lover of Fine Dining
As a person with very poor sight Scanthing gives me a third eye
meaning I can get on with my life wherever I am – Steve Wright,
Partially Blind but very Active.
                                          Movie Tutorial
                                      movie နဲ့ရှင်းပြထားပါတယ်  ဒီမှာနှိပ်ပါ။

                                        Download Filecould | Zippyshare | Dropbox



အဆင်ပြေကြပါစေ...

Monday, 29 July 2013

Android ဖုန်းလေးနဲ့ နှလုံးခုန်နှုန်းကိုတိုင်းပေးမယ့် Heart Beat Rate apk

မိမိရဲ့နှလုံးခုန်နှုန်းလေးကို Heart Beat Rate က တိုင်းပေးပါတယ် ကင်မရာရဲ့ မှန်ဘီလူးကို လက်ကလေးတင်ထားလိုက်ရုံပါပဲနော်

Download
ဖုန်းထဲမှာလည်း တခါတည်း download လုပ်လို့ရပါတယ် အရင်ဆုံး Google Play ထဲမှာလည်း Heart Beat Rate ကိုရိုက်လိုက်ပါ ဒါဆို ဖုန်းထဲမှာလည်း တခါတည်းဒေါင်းလို့ရပါတယ်

အရင်ဆုံး download ပီးရင်ဖုန်းထဲလုပ်ပါ ကြိုထည့်ပြီး Install လုပ်ပြီးတာနဲ့ သုံးလို့ရပါပြီ
ပုံလေးကတော့ ဒီပုံလေးပေါ့   ပြီးရင် Install လုပ်ပြီးသားလေးကိုဖွင့်လိုက်ပါ Measure ကိုနှိပ်လိုက်ပါ ဖုန်းရဲ့ကင်မရာလေးကို လက်ညှိုးလေးတင်လိုက်တာနဲ့ ဘယ်ဘက်ခြမ်းမှာတွေ့ရမဲ့ပုံလေးအတိုင်း လှိုင်းလေးတွေက လှုပ်နေမယ် ဂဏန်းလေးတွေ သွားနေတဲ့အချိန်မှာ အသဲပုံက ရပ်နေမယ်နော် အသဲပုံလေးက လှုပ်ရှားနေပြီဆိုရင် သွားနေတဲ့ ဂဏန်းလေးက ရပ်တော့မယ့်ဆိုတဲ့ အဓိပ္ပါယ်ပေါ့ ပြီးရင် နှလုံးခုန်နှုန်းဘယ်လောက်ရှိတယ်ဆိုတာ အမဲရောင် အကွက်လေးနဲ့ ပြောပြလိမ့်မယ်

သူငယ်ချင်းလုပ်ကြည့်ရတာ လွယ်အောင်လို့ Video ဖိုင်လေးပါ ထည့်ပေးလိုက်မယ်နော် အောက်မှာတွေ့ရမဲ့ လင့်လေးကိုဖွင့်ကြည့်လိုက်ပါ Video  ဖိုင်လေးကို အောက်မှာ ပုံလေးနဲ့ပြပေးထားပါတယ်
https://play.google.com/store/apps/details?id=si.modula.android.ins...

ကဲ သူငယ်ချင်းတို့ သဘောကျတယ်ဆိုရင် ယူသွားလိုက်နော် 
အဆင်ပြေကြပါစေ...

Wednesday, 17 July 2013

မြန်မာ apk များစုစည်းမှု ( ၅၉ ခု = 110.24 MB )


Android ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုကြတဲ့၊ လူကြိုက်များတဲ့ မြန်မာ apk လေးတွေကို စုစည်းတင်ပေး လိုက်ပါတယ်။ သီတင်းတွေ၊ keyboard တွေ၊ ငတက်ပြား game တွေ၊ browser တွေ၊ ပြက္ခဒိန်တွေ၊ သီချင်း site တွေ၊ ငွေလဲနှုန်းတွေ၊ နည်းပညာတွေနဲ့ မြန်မာဂျာနယ် Site တွေပေါ့ဗျာ။ ကျွန်တော် ရှာတွေ့သမျှ သိမ်းထားတဲ့ apk လေးတွေကို တင်ပေးလိုက်တာပါ။ ပြန်ရှဲတယ်ဆိုပါတော့။ ကြိုက်ကြမယ်ထင်ပါ တယ်။ Size တော့နည်းနည်းကြီးတယ်။ သီးခံပြီးစိတ်ရှည်ရှည် Down ကြပါ။ လိုချင်ရင် အောက်က Link မှာ Down ပြီး Unzip လုပ်၊ Phone မှာ Install လုပ်ပြီး သုံးနိုင်ပါပြီဗျာ...
ဟောဒီမှာယူဗျာ 
အဆင်ပြေကြပါစေ.......

Android ဖုန်းအတွက်ဆော့ဝဲလ်လေးတွေပါ


သူငယ်ချင်းများအားလုံးမင်္ဂလာပါ။ Android ဖုန်းအတွက်ဆော့ဝဲလ်လေးတွေပဲ ထပ်တင်ပေးလိုက်ပါတယ်။

Advanced Task Manager 3.0.3 For Android

 Advanced Task Manager လေး Update ထွက်လာလို့  တင်ပေးလိုက်တာပါ။

Update ထွက်လာတဲ့ရက်က 2013-01-21
Version  က 3.0.3
ဖိုင်ဆိုဒ် က 1.64MB
အသုံးပြုနိုင်တဲ့ Android ဖုန်းအမျိုးအစားက  2.1 နှင့် အထက် 
 
လိုအပ်ခဲ့လျှင် ဒီကနေသွားပြီးဒေါင်းလိုက်ပါ။
နိုင်ငံခြာကသူငယ်ချင်းတွေက တော့ မိမိတို့ ဖုန်းနဲ့ ပဲ ဒီလင့်  လေးကနေသွားပြီး ဂူဂဲလ်ပလေး က အင်စတောလုပ်နိုင်ပါတယ်။

APP Lock 1.61 For Android

မြန်မာသတင်း ပေါင်းစုံ ကို Android ဖုန်းပေါ်က နေ ဖတ်နိုင်မဲ့ MM News 1.3 For Android

မြန်မာသတင်း၊ဘလော့၊အားကစားသတင်း ပေါင်းစုံကို ဒီ apk လေးအသုံးပြု၍ ဖတ်နိုင်ပါသည်။
ဒီ apk လေးကို ဖန်တီးပေးထားတာကတော့ ကိုအောင်ခိုင်ဖြိုးပါ။


နောက်ဆုံး Update ထွက်ရှိခဲ့တဲ့နေ့ က December 23, 2012 ကပါ။
 Version က 1.3 ပါ။

Android Phone များအတွက် SNC Online Radio


ယခုလောလောဆယ်မှာတော့ Android OS ကိုအသုံးပြုထားတဲ့ Mobile Phone တွေမှာ ထည့်သွင်းနားဆင်နိုင်မှာဖြစ်ပါတယ်။

iOS နဲ့ အခြား Mobile Version များမှာ ထည့်သွင်းနားဆင်နိုင်ဖို့အတွက်
ကိုလဲ
ကြိုးပမ်းနေပါတယ်လို့ သတင်းကောင်းပါးအပ်လိုက်ပါတယ်။

Android Phone များအတွက် SNC Online Radio ကို အောက်ပါ Link မှာ download လုပ်ပြီး လူကြီးမင်းတို့ရဲ့ ဖုန်းထဲမှာ ထည့်သွင်းနားဆင်နိုင်ပါပြီ။

www.shwenaychi.net/download

Download လုပ်ဖို့ ကတော့ အပေါ်ကလင့်ကနေသွားလိုက်ရင် ၄င်းရေဒီယို ဝက်ဆိုဒ်ရောက်ပါတယ်။ရောက်ရင် Come Live on Global အောက်က Free Download buttom လေးကို ကလစ်ပြီးဒေါင်းနိုင်ပါတယ်။

android ဖုန်း Version မရွေးအသုံးပြုနိုင်မယ်လို့ တော့ထင်ပါတယ်။ကျွန်တော် စမ်းသပ်ပြီးတဲ့ဖုန်းကတော့ Version 2.3.6 ဖုန်း နှင့် 2.1 ဖုန်းပါ။
အဆင်ပြေပါစေ။

Tuesday, 28 May 2013

android သမားတွေ အတွက် ဖွက်ချင်တာ ဖွက်မယ် . . .





ဒီ .apk  လေးကတော့ တော်တော်ကို အဆင်ပြေတယ် . . . . 

go sms ထက်လည်းသာတယ်

go sms က message လေးတစ်ခုပဲ ဖွက်လို့ရတယ် . . . .

နောက်ပြီး Gallery lock ကလည်း ဓါတ်ပုံပဲ ဖွက်လို့ရတယ် . . . .

ဒီကောင်လေးကတော့ အပေါ်က နှစ်မျိုးစလုံးကိုဖွက်လို့ရတယ် . . . . 




.



 ကဲ လိုချင်ရင်တော့ အောက်မှာ ဒေါင်းသွားဗျာ . . . .

အဆင်ပြေပါစေ... 

Download - Here

Sunday, 19 May 2013

Tap4Call - free phone calls V1.3.4 For Android


Android သမားတွေအတွက် အရမ်းလန်းတဲ့ Free Call ခေါ်လို့ရတဲ့ ဆော့ဝဲအလန်းလေးပါ ။
ထိုဆော့ဝဲကို အသုံးပြုရာတွင်လဲ ဘာအကောင့်မှလုပ်စရာမလိုပါဘူး ။ မိမိဖုန်းခေါ်လိုသော ဖုန်းနံပါတ်ကိုနှိပ်ပြီး တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ် ။ ကိုယ်ခေါ်ဆိုသော တစ်ဘက်ဖုန်းမှာ အင်တာနက်ရော ထိုဆော့ဝဲရောရှိစရာ လုံးဝမလိုပါဘူး ။
သင်ထိုဆော့ဝဲကို အသုံးပြုရာတွင် သင့်အား $.30 ကျပ်ပေးထားပါတယ် ထိုပိုက်ဆံနှင့် သင်ခေါ်ဆိုခြင်းဖြစ်ပါတယ် အကယ်၍Freeပေးထားသော ထိုပိုက်ဆံကုန်သွားပါက ပိုက်ဆံထက်ဝယ်စရာမလိုပါဘူး သင့်ဖုန်းSettings ထဲသွားပြီး Clear Data သို့မဟုတ် Uninstall လုပ်ပေးလိုက်ပါက အရင်တိုင်းပိုက်ဆံပြန်ရောက်လာပါတယ် ။

မရောက်လာဘူးဆိုပါက သူ့ဆော့ဝဲထဲမှာ Get free credits for calls ဆိုတာရှိပါတယ် ဝင်လိုက်ပါ ။ အဲဒီမှာ Free ပေးထားတဲ့ဂိမ်းတစ်ခုခုကို ဒေါင်းလိုက်ပါ ။  ပြီးသွားရင် ပိုက်ဆံအမောက်ပြထားတဲ့ဘေးက Reflash လုပ်တဲ့ မြှားအဝိုင်းလေးတွေ့ပါမယ် အဲတာလေးကိုနှိပ်ပေးလိုက်ပါ ပိုက်ဆံတိုးလာပါလိမ့် ပထမဖရီးပေးတဲ့ ပိုက်ဆံထက်တောင် ပိုများလာတတ်ပါတယ် 

Market မှာ အခုနောက်ဆုံထွက်ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ
Market ကို ဝင်လို့ရသူများက Play Store မှာဖရီးပေးထားပါတယ် သွားရောက်ဒေါင်းယူနိုင်ပါတယ်


  Download - Tap4 Call


V Z O Chat For Android / PC


Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။
 

တကယ်တော့ VZO Chat ဆော့ဝဲကိုဟာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။
ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာDeveloper များ ထွက်ရှိပေးလို့ လာပါပြီ ။

VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည် ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။

www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။

"""" သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" 

မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံအလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/

VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။




PC အတွက် VZO ဆော့ဝဲကိုတော့ ဒီမှာနှိပ်၍ သွားရောက်ဒေါင်းယူပါ ။

Android အတွက် VZO ဆော့ဝဲကို ဒီမှာနှိပ်၍ Play Store သို့ သွားရောက်ဒေါင်းယူပါ ။

Play Store ဝင်မရသော သူများကတော့ ဒီမှာနှိပ်၍ ဒေါင်းယူပါ ။ 


website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။

Friday, 17 May 2013

လက်နဲထောက်ရုံနဲအော်တိုပြောင်းပေးမဲ့ silent or vibrator mode


 ကဲသူငယ်ချင်းတို့အတွက် phone vibrator လေးတစ်ခုပြော
ပြချင်ပါတယ်..သူကတော့သိပ်မထူးဆန်းလှပေမဲ့ကောင်းတယ်
လို့ဘဲပြောရမှာပေါ့..မိမိတို့ဖုန်းကိုညအိပ်ချိန်ဘဲဖြစ်ဖြစ်..
အလုပ်ထဲ..အစည်းဝေးခန်းထဲမှာဘဲဖြစ်ဖြစ်..မလိုအပ်လို့
အရေးပေါ်အသံတိုးချင်တော့အခုကျွှန်တော်တင်ပေးတဲ့ apk 
လေးကအထောက်ကူပေးမှာပါ..သူကိုလက်လေးနဲ့ထောက်ရုံ
နဲ့ ringtone ကို auto ပိတ်သွားအောင်လုပ်ပေးမှာပါ
အကယ်လို့ဒါလေးမရှိရင်တော့ ဖုန်းရဲ့ အပေါ် ဘားသော်၎င်း
  setting>>>silentmood>>>vibrate>>>volume တွေစသည်ဖြင့်အဆင့်ဆင့်ဝင်ပြီး
ပိတ်နေရင်အလုပ်ရှုပ်တာပေါ့နော်ဒီလိုအဆင့်တွေကိုဝင်စရာမလိုအောင်ဒီ apk လေးကိုသုံးကြည့်ပါ....

ဒါပေမဲ့ play store မှာတော့ဆော့ဝဲကenglish version နဲ့ပေးထားပါတယ်....အနော်ကသယ်ရင်းတို့ကို
 ဆော့ဝဲတိုက်ရိုက်ပေးချင်လို့အခြားနေရာကနေဆွဲတာတရုပ်ဗားရှင်းနဲ့ဘဲရတယ်...
ကျွှန်တော်လင့်နှစ်ခုပေးထားပါတယ်..ကြိုက်တာကိုဆွဲလိုက်ပါ..အောက်ကပုံလေးတွေကြည့်ပြီးလုပ်ကြည့်
ကြပါနော်....အဆင်ပြေပါစေ
ဒီနေရာကိုပြီးပြီဆိုရင်ဖုန်းရှေ့ desktop ကိုပြန်ထွက်ပါ
menu ကိုနှိပ်ပြီး add>>>widgets ကိုရှာပါ
 phone vibrator လေးကိုရွေးလိုက်ရင်ဖုန်းdesktop ပေါ်ကိုauto ရောက်လာပြီပေါ့
 ကဲစမ်းကြည့်ပေါ့နော်
ဆော့ဝဲကိုသိမ်းချင်သူများအတွက် အဆင်ပြေရင်အင်္ဂလိပ်ဗားရှင်းပြန်ချိန်းပေးပါ့မယ်
 
 
 

Monday, 13 May 2013

( Anti-Mosquito ) ခြင်ပြေးတဲ့ ဆော့ဖ်ဝဲလေး ပါ.

ကွန်ပြူတာသုံးရင်း ခြင်ကိုက်သူများအတွက်  ခြေပြေးတဲ့ဆော့ဖ်ဝဲလေးပါ။

( Anti-Mosquito ) ခြင်ပြေးတဲ့ ဆော့ဖ်ဝဲလေး ပါ.

ဒီ software လေး run ထားလိုက်ရင် CPU စပီကာ
ကနေ လူတွေနားနဲ့ မကြားနှိင်တဲ့ ultrasound တမျိုး ထုတ်လွှင့်ပေးနေပါတယ်..ခြင်တွေဟာ အဲ ဒီ အသံလိုင်းကို မခံနှိင်ပါဘူး...ဒါကြောင့် ကွန်ဖြူတာသုံးနေတဲ့ အချိန် ကိုယ်အနားကို ခြင်တွေမလာတော့ပါဘူး..စမ်းသုံးကြည့်ပါ..ထူးထူးဆန်းဆန်းလေးမို့ တင်ပေးလိုက်ပါတယ်...    
Download -   Here       

Sunday, 12 May 2013

အလန်းဇယား window8 launcher apk


 Best Blogger Tips
သူကတော့ယခုတလော
မှာရေပန်းစားနေတဲ့ laptop.pc တွေမှာအသစ်ထွက်ရှိလာတဲ့
window8 ကို android မှာ launcher အဖြစ်အသုံးပြုမှာပါ။
playstore မှာရှိတဲ့ launcher ကအလုပ်သိပ်မလုပ်ပါဘူး..အခု
ကျန်တော်တင်ပေးမှာလေးကတော့ full version လေးဖြစ်တာကြောင့်
အကုန်လုံးအလုပ်လုပ်ပါတယ်ဗျာ...နောက်ပြီး
android မှာ version မရွေးပါဘူး..အနိမ့်ဆုံး 2.3 ကနေစပြီး
အသုံးပြုလို့ရပါတယ်...ကျွန်တော်ကိုယ်တိုင်စမ်းပြီးပါပြီ။
အားလုံးသောသူငယ်ချင်းများလည်းကြိုက်နှစ်သက်လိမ့်
မယ်လို့လဲမျှော်လင့်မိပါတယ်...

အောက်ကပုံလေးတွေကြည့်လိုက်ပါဦးနော်
ဒါကတော့  desktop မှာပေါ်နေမဲ့  logo လေးပါ
ကြိုက်တဲ့ဟာကိုထောက်..အလုပ်လုပ်ပါတယ်
 ဒါကတော့ မိမိဖုန်းမှာရှိပြီးသား application တွေပါဘဲ
မိမိစိတ်ကြိုက်အရောင်ပြောင်းသုံးလို့ရပါတယ်
 ဒါကတော့ မိမိရဲ့ icon ဆိုဒ်ကိုလိုချင်သလောက်ညှိယူပေါ့
 ကဲဒီလောက်လန်းနေတာကို
ဒီနေရာမှာ ဒေါင်းလုပ် လုပ်ရန်အဆင်ပြေပါစေနော်.....