အင်တာနက် ကနေ ကိုယ်လိုချင်တဲ့ဆော့ဝဲလ် တွေ app တွေ နဲ့ ရုပ်ရှင် ဖိုင်တွေ ကို မြန်မြန်ဆန်ဆန် ဒေါင်းဖို့ အကောင်းဆုံး ကဒေါင်းလုပ်မန်နေဂျာ ပဲလေ ။ ဖိုင်ဆိုက်ကြီးကြီး တွေ ကိုဒေါင်းလုပ်ချရင် အပိုင်းတွေ ပိုင်းပီးတင်ပေးတတ်ကြတယ် နောက်ဆုံးပိုင်းဒေါင်းနေရင်း Error တက်ပီးလင့်သေသွားခဲ့ရင် ကိုယ်အပင်ပန်းခံဒေါင်းထားတာလေး အစကပြန်ဒေါင်းလုပ်ချရရင်အချိန်ကုန်တယ်လေ။ ဒီနည်းလေးနဲ့ စမ်းသတ်ကြည့်ပါ ။
- ဒေါင်းလုပ်လင့်(Download Link) က စတင်ဒေါင်းလုပ်ဆွဲကတည်းက Resumeရဖို့ လိုပါတယ်
ဒီပုံလေးထဲကအတိုင်း Error ဖြစ်နေတဲ့လင့်ကို R-Click > Refresh Download Adress ကို Click လိုက်ပါ ဒါဆိုရင် မူလဒေါင်းလုပ် ယူခဲ့တဲ့ဒေါင်းလုပ် Page ကို Browser ကပွင့်လာပါလိ့မ်မယ်

- အရေးကြီးတာက အသစ်ပြန်ဆွဲမယ့် ဒေါင်းလုပ် ကိုတန်းပြီး ဒေါင်းလုပ် မလုပ်လိုက်ပါနဲ့
ဥပမာ- ဒေါင်းလုပ်လင့်ကိုပဲ Copy Link Location နဲ့ ယူပီး Note pad လေးဖွင့်ပီးယာယီမှတ်ထားပါ။
နောက်အဆင့်ကလွယ်ပါတယ် ဒေါင်းလုပ်မန်နေဂျာကိုဖွင့်လိုက်ပီးတော့ စောစောက Error ဖြစ်သွားတဲ့ ဒေါင်းလုပ်ကို Dabble Click ဖွင့်လိုက်ပါ။


R Click >Resume လုပ်လိုက်ပါ။ အိုကေသွားမှာပါ ကိုယ်ဒေါင်းလက်စ 50% မှာ Error တက်ပီး ဒေါင်းမတော့တဲ့နေရာကနေပြန်ပီး ဒေါင်းပေးပါလိမ့်မယ်။
အဆင်ပြေ ကြပါစေ...
No comments:
Post a Comment