အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Wednesday 17 July 2013

ငါ့ဘဝက အချစ်တစ်ခုကလွဲပီး ဘာမှ မပြည့်စုံတာ…………။

တိမ်တွေလို လွှင့်မျှော်လိုက်ချင်တယ်
ဒါပေမယ့် ငါသူတို့လောက်မှ မပေါ့ပါးတာ
ငှက်တွေလို ပျံဝဲလိုက်ချင်ရဲ့
ဒါပေမယ့် ငါအတောင်ပံမှ မပါတာ
တစ်ခါတစ်ရံ ကျောက်ဆောင်ကျောက်သားတွေလို
မားမားမတ်မတ်ကြီး နင့်ရှေ့မှာရပ်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မမာကျောတာ
ပင်လယ်ပြင်ကြီးလိုလဲ ငြိမ်သက်နေချင်ရဲ့
ဒါပေမယ့် ငါသူတို့လောက်မှ မနက်ရှိုင်းတာ
ငါလေ နင့်ကို ရင်ခွင်ထဲမှာ အမြဲထည့်ထားချင်ပါတယ်
ဒါပေမယ့် ကောင်မလေးရေ………………….
ငါ့ဘဝက အချစ်တစ်ခုကလွဲပီး
ဘာမှ မပြည့်စုံတာ…………………….။

No comments:

Post a Comment