အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Saturday 1 June 2013

“တောမြိုင်ခြေလမ်း”



သာယာငယ် ဆန်းတော့၊
တောင်တန်းကညိုညို၊
စိမ့်စမ်းကစိုသည်၊
သုတ်လေချို သွင်သွင်ဖြူးပါတဲ့၊
... ကြည်နူးဖွယ့်သည်မြိုင်ယံမှာ၊
ကျေးငှက်သံ ကျံကျံကြွေးတော့တယ်လေး။ ။

ပင်သပြေ၀ယ်၊
လင်းမြွေရစ်ပတ်၊
ဆီးခြုံစပ်မှာတော့၊
ပတတ်ကနှစ်ကောင်၊
ရှို့ တောင်ယာဟိုတ၀ိုက်
ယုန်ပိုက်ကိုထောင်ကြရဲ့၊
ပညောင်ညို့ ရိပ်သာ၊
ပလွေညင်းလို့ 
သီချင်းငယ်ညာ၊
ဘာသာအလိုက်၊
နွားကျောင်းသူငယ်၊
ပျော်ရေးကြွယ်၊
တုတ်ငယ်ရိုက်လို့ ၊
ကြုံကြိုက်ရသည်အခါမှာ၊
တူမပါသက်လျာဖြန်းကို၊
အိုခင်ရဲ့ လွမ်းလှတယ်လေး။ ။


၁၂၊ ၄၊ ၂၉
မင်းသုဝဏ်
ပန်းချီ usawhlaing

No comments:

Post a Comment