အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Thursday, 8 August 2013

Flaming Pear : Flood ဖိုတိုရှော့ ပလပ်အင် ပုံနှင့်တကွရှင်း

(၁)
(၂)
(၃)
(၄)
 
(၅)
 
(၆)
 
 
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
လိုချင်ရင်ဒီမှာဒေါင်းနော်
အဆင်ပြေကြပါေ
 

Flash Song လင့်ချိတ်နည်း

Flash Song တစ်ပုဒ်ကို လင့်ချိန်မယ်ဆိုရင် ပထမ ဦးဆုံး Ning ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားဖို့တော့
လိုပါလိမ့်မယ် ..ဥပမာ MM-Flashsongsအရုးလွယ်အိပ်ပါဘယ် Ning ဆိုဒ်မှာ မဆို လင့်ချိတ်လို့ ရပါတယ်
သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ကို သွားလိုက်ပါ ။ ကွန်မန့် ဘောက် တစ်ခုကို တွေ့ပါလိမ့်မယ်။
ကိုယ့်အိမ်မှာလည်း ကွန်မန့်ဘောက်စ်ရှိပါတယ်.. ကိုယ်ကြိုက်တဲ့နေရာမှာ လုပ်ပါအောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ် .. Browse..ကို ထပ် နှိပ်ကိုယ်လင့်ချိတ်မယ့် Flash Song တစ်ပုဒ်ကို ရွေးပါ..Open ကို နှိပ်Loading လုပ်နေပါလိမ့်မယ် ခဏလေး စောင့်ပးလိုက်ပါ..
ကဲ အောက်က ပုံလေးလို ဖြစ်ပြီ ဆိုရင်တော့ လင့်ချိတ်လို့ ပြီးသွားပါပြီ
Link Url ဆိုတဲ့နောက်က အနီရောင်နဲ့ ကွင်းပြထားတာက ကိုယ်ချိတ်တဲ့ Flash Song ရဲ့ လင့်ပါပဲ..
Copy လုပ်ပြီး သင်သုံးနေတဲ့ Browser ရဲ့ Link address နေရာမှာ Paste ချပြီး ဖွင့်ကြည့်လိုက်ပါ
သူငယ်ချင်းများ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ကွန်တော်လည်း နားလည်သလို
ရှင်းပြလိုက်ပါတယ် လင့်ချိတ်နည်းတွေကတော့ အများကြီး ရှိပါတယ် ဒီနည်းလေးက အရမ်းလွယ်လို့
မသိသေးတဲ့သူငယ်ချင်းတွေ ချက်ချင်း သဘောပေါက် နားလည်အောင် ပုံလေးတွေနဲ့
တစ်ဆင့်ချင်း သေချာ ပြပေးထားပါတယ် အားလုံးပဲ ပျော်ရွှင်ပါစေ..

Format Factory 3.1.0 mp3/mp4 လုပ်ကြည့်ရအောင်

ပတမအဆင့်အနေဖြင့် MP3 လုပ်နည်းလေးကိုအရင်ကြည့်ကြပါစို့ .......
                                                                                 ပုံ(၁)
ပုံ(၂)
ပုံ(3)
ပုံ(၄)
ပုံ(၅)
ပုံ(၆)
ပုံ(၇)
ပုံ(၈)
အထက်ပါအချက်(၈)ချက်အတိုင်း MP3လုပ်မယ်။
ဒုတိယအဆင့်အနေဖြင့် MP4 လုပ်နည်းလေးကိုကြည့်ကြပါစို့ .......
ပုံ(၁)
ပုံ(၂)
ပုံ(၃)
ပုံ(၄)
ပုံ(၅)
ပုံ(၆)
ပုံ(၇) 
ပုံ(၈)
အထက်ပါအချက်(၈)ချက်အတိုင်း MP4လုပ်မယ်။
ဒီဆော့ဝဲလေးကို အောက်မှာယူပါ။
 
အဆင်ပြေကြပါစေ...

ဆီးချို ပျောက်တဲ့နည်းတဲ့ အင်မတန်မှ လွယ်ကူတဲ့ နည်းလေးပါ

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင် (မန်း)

အဆောက်အအုံ ဒီဇိုင်း တွေ ရေးဆွဲနိုင်မယ့် Google Sketch 8.0

ဒီဇိုင်းရေးဆွဲဖို့ အတွက် ဆိုတော်တော်လေး သုံးလို့ ကောင်းပါတယ် ......
3D မြင်ကွင်းအမျိုးမျိုးကို ဒီဇိုင်းဆွဲ နေရင်းလှည့်ပတ် စိတ်ကြိုက် ကြည့်ရှု့ နိုင်ပါတယ်
ဒေါင်းလုပ်ယူနိုင်ဖို့ Mediafire မှာတင်ထားပါတယ် Zip ဖိုင်ကိုဖြည်တာနဲ့ Full version အတွက် key ကို
Text ဖိုင်လေးထဲမှာ ရှာထည့်လိုက်ပါ
အဆင်ပြေကြပါစေ...

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း


နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။


နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။


နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။


မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။


မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။


မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။


ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။ (ကလေးမစားရ)


ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။


ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။


ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။


ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။


တရုတ် ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊ သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။


ကျန်းမာပျော်ရွှင်သောဘ၀လေးကိုပိုင်ဆိုင်နိုင်ကြပါစေ... 

စိတ်ဖိစီးမှုဒဏ်ကို ယောဂနည်းဖြင့် ဖြေရှင်းနည်း



ှ               ဒီတစ်ခါ တင်ပြမှာလေးကတော့  စိတ်ဖိစီးမှုဖြစ်တဲ့အခါ ယောဂနည်းနဲ့ ကုသဖြေရှင်းနည်းများပါ။
ဒီနည်းတွေက SURESH K.S ရဲ့ နည်းကလေးတွေပါပဲ။ သူဟာ ယောဂ လေ့ကျင့်ခန်းများကို သင်ကြားပြသ
ပေးသော ဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ယောဂ လေ့ကျင့်ခန်းများကို အသက် ၁၆ နှစ်သားခန့်က
စတင် လိုက်စားခဲ့တာ ခုဆို သူ့ရဲ့အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။ သူက စိတ်ဖိစီးမှုများကို ခံစားနေရချိန်တွင်
တည်ငြိမ်မှု ရှိနေအောင် တစ်ဆင့်ပြီးတစ်ဆင့်မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုတာကို နည်းပေးထားပါတယ်။
  ၁။ သင့်ကို မနှောင့်ယှက်နိုင်သည့် ဆိတ်ငြိမ်သော နေရာတစ်နေရာကို ရှာပါ။
  ၂။ သင့်ခန္ဓာကိုယ်အား သက်တောင့်သက်သာ ရှိစေအောင် တင်ပျဉ်ခွေ၍ ထိုင်ပါ။ ခြေသလုံးများကို
      တစ်ခုပေါ် တစ်ခု မထပ်စေဘဲ အနည်းငယ်ခွဲ၍ ထိုင်ပါ။
  ၃။ မျက်စိကို မှိတ်ထားပါ။ ကျောရိုးကို မတ်မတ်ထားပါ။ သင်၏ မျက်နှာ၊ ပုခုံးနှင့် လက်မောင်းများမှ  
      ကြွက်သားများနှင့် အကြောအခြင်မျာားကို လုံးဝ ဖြေလျှော့ထားပါ။
  ၄။ သင့်ပတ်ဝန်းကျင်မှ အသံများကို တစ်မိနစ်ခန့် အာရုံစိုက်၍ နားထောင်ပါ။
  ၅။ ထို့နောက် သင်၏ စိတ်အား သင့်ခန္ဓာကိုယ်၏ အနေအထားကို သတိပြုမိလာအောင် တစ်မိနစ်ခန့်
      အာရုံ  စိုက်ခိုင်းထားပါ။
  ၆။ ယခုအချိန်တွင် သင် အသက်ရှူ၊ ထုတ် လုပ်နေသည့်ပုံစံ သင့်ဝမ်းဗိုက်၏ ဖေါင်းလိုက်ပိန်လိုက်
      ဖြစ်နေမှုနှင့် သင်၏ ရင်ဘတ် အနေအထားတို့ကို အာရုံစူးစိုက်၍ သတိကပ်ထားပါ။ ၂ မိနစ်ခန့်
      ကြာအောင် ပြုလုပ်ပါ။
  ၇။ သင်၏ နှလုံးခုံမှုကို အာရုံစိုက်ထားပါ။ သင့်အနေနှင့် နှလုံးသွေးခုန်မှုကို နှလုံးခုန်သံ တစ်ချက်ချင်း
      သိနေရပါမည်။ ၃ မိနစ်ကြာအောင် ပြုလုပ်ပါ။
  ၈။ ထို့နောက် သင်၏ အသက်ရှူမှုကို ၂ မိနစ်ခန့်ကြာအောင် ပြန်လည်၍ အာရုံစိုက်ပါ။
  ၉။ သင်၏ ထိုင်နေပုံ အနေအထားကို ကွက်ကွက်ကွင်းကွင်း အာရုံထဲ၌ မြင်ယောင်လာအောင် ၁ မိနစ်ခန့်
      အာရုံ စိုက်ကြည့်ပါ။
 ၁၀။ သင်၏ ပတ်ဝန်းကျင်မှ အသံဗလံများကို ၁ မိနစ်ခန့်ကြာအောင် အာရုံစိုက်ကြည့်ပါ။
 ၁၁။ သုံးကြိမ်တိတိ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းပါ။
 ၁၂။ သင်၏ လက်ဖ၀ါးနှစ်ဖက်ကို အချင်းချင်း ပွတ်သတ်ပြီးနောက် သင်၏ မျက်လုံးများပေါ်၌ ဖုံးအုပ်ထားပါ။
       ထို့နောက် မျက်ခွံများကို လက်ဖ၀ါးနှင့် ညင်သာစွာ ပွတ်သပ်ပေးပါ။
 ၁၃။ သင့်မျက်စိများကို ဖြည်းညင်းစွာ ပြန်ဖွင့်ပါ။

                                                    သူငယ်ချင်းတို့ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးကြပါစေ