အဆင်ပြေကြပါစေ...(aungscc.blogspot.com) အဆင်ပြေကြပါစေ...(aungscc.blogspot.com)

friends18.com orkut scraps
အဆင်ပြေကြပါစေ...(aungscc.blogspot.com)
အဆင်ပြေကြပါစေ...(aungscc.blogspot.com)

Tuesday 13 August 2013

G mail လုံခြုံဖို့ နည်းလမ်းလေးတွေပါ...

ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခု လုံခြုံဖို့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊
G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…

1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ
G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့
G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေ
လို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာ
သော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။
ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့
အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location
တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင်ဒီနေရာမှာကလစ်လိုက်လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။

2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ
Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု ဆိုတာ
သိပြီး ပြီးဟုတ်။ Keystrokes တွေ အားလုံးကို မှတ်တယ်။ Text File လေးအဖြစ် သိမ်းတယ် ပြီးတော့
Email address တစ်ခု ဒါမဟုတ် FTP sever ကိုပို့တယ် နောက်ဖက်မှာ Run နေတဲ့ Process တစ်ခုလုံးကို
တကယ်ကို ကျွန်တော် တို့ သတိ မမူမိဘူးနော်။ ကျွန်တော် တို့က E mail စစ်ဖို့ Local Internet café တစ်ခု
ကိုသွားမယ် Café Staff ကလည်း ကွန်ပျူတာတိုင်း မှာ အဲဒါ တပ်ထားမယ် ဆိုရင် User Name နဲ့ Passward
လည်း ရိုက်ရော စတင် အလုပ်လုပ်ပြီး တစ်ခြား E mail ထဲ ပို့လိုက်ပြန်ရော ဆိုင်ကလည်း ပြန်ရော ကိုယ့်
အကောင့်ကို Hack ခံလိုက်ရပြန်ရော။ဒါကြောင့် ကိုယ့် ရဲ့ ထိန်းချုပ်မှု မရှိတဲ့ Public places တွေနဲ့ local café
တွေ မှာ Mail မစစ်ပါနဲ့၊ ( ဆိုင်မှာပဲ သုံးရတဲ့ သူတွေ ဘယ်နှယ့်လုပ်ရပါ့ ) ဟီးးးး
3. ဒုတိယ E mail အကောင့်ထဲကို E mail တွေ ကို Forward လုပ်ပေးပါ။
Local Internet café တွေ Public Computer တွေမှာ E mail လည်းစစ်ရမယ် Keylogger တွေ တပ်ထားမှာလည်း
ကြောက်ရတယ်ဆိုရင်တော့ ဒီအချက်လေး တွေ ကိုကြည့်ပါအုံး

Passward အသစ်နဲ့ တစ်ခြား G mail အကောင့်တစ်ခု ဖွင့်ပါ။
အရင် အကောင့်ရဲ့ Password နဲ့ လုံဝမတူသင့်ပါဘူး။

အရင်အကောင့်နဲ့ G mail ကို Log In ၀င် Setting ကိုသွား “Forwarding and POP/IMAP” tab. ကိုတွေ့
တယ်ဟုတ် အဲဒိက Forward a copy incoming mail to မှာ ခုနက အကောင့် သစ်ကို ထည့် လိုက်။
ပြီးတော့ Save လိုက်။ ဒါဆိုရင် Primary G mail ထဲကို ၀င်လာသမျှ mail တွေ Secondary Mail address ထဲကို
Auto ရောက်လာပါလိမ့်မယ်။

Public Computer မှာ Mail စစ်တဲ့ အခါတိုင်း Secondary Email ကိုပဲ သုံးပါ ဒါဆိုရင် hack ချင်တဲ့ သူတိုင်း အဲဒီ
Secondary Email ကို ပဲ ဟတ်ပါစေတော့လေ။ ဒါပေမယ့် အဲဒီ ယာယီ အကောင့် ထဲမှာ အရေးကြီးတဲ့
E mail password နဲ့ user name တွေ ကိုတော့ သိသိသာသာ ကြီး မချန်ခဲ့ပါနဲ့ဗျာ။

အရေး ကြီးဆုံးက ပုံမှန် ဆိုသလို ချိုကြားချိုကြား မေးတွေ ဖျက်ပေးပါအုံး။ ရယ်စရာများကောင်းနေမလားဗျာ
ဒါပေမယ့် လုံခြုံတဲ့ ဘက်မှာဖြစ်ဖို့တော့ ပိုမိုကောင်းမှာပါ။

အရေးကြီးဆုံးတော့ Secondary E mail ကို Primary E mail account ရဲ့ Password recovery option မှာ
လုံးဝ မထားဖို့ပါပဲ။ အဲဒီ Secondary account က Public computer တွေ မှာ မေး စစ်ဖို့ အတွက်ပါပဲ။

4. ပုံမှန် G mail အကောင့်ရဲ့ လုပ်ဆောင်ချက်တွေ ကို စစ်ပေးပါ။
ကျွန်တော် တို့တွေ ကိုယ့် G mail အကောင့်ကို Log In ၀င်ဖို့ သုံးတဲ့ ကွန်ပျူတာရဲ့ IP address ကို စစ်ကြည့်
နိုင်ပါတယ်။ IP ရှာဖို့က G mail ကို Log In ၀င် လိုက်တာနဲ့ အောက်ခြေနားလေးမှာ Account activity detail
ကို Click ကြည့်ပါ။ ပုံမှာ ပြထားသလိုပါ။

ဒါက ကျွန်တော် တို့ရဲ့ Gmail account ကို Log In ၀င်ဖို့ သုံးခဲ့တဲ့ နောက်ဆုံး IP address ကိုပြနေပါတယ်။
ဒါက ကျွန်တော် တို့ g mail ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တွေ ရဲ့ အချိန်၊ နေ့စွဲ ၊ နိုင်ငံနဲ့ ပြည်နယ် တွေ ကို
ကျွန်တော် တို့ သတိ ထားကြည့်မိပါလိမ့်မယ်။ တစ်ခြား ကို မသိတဲ့ IP တွေ၊ နေရာ အမည်တွေ တွေ့တယ်ဆိုရင်
တော့ တစ်နေရာရာ ကနေ တစ်ယောက်ယောက်က ကျွန်တော် တို့ရဲ့ account ကို
သုံးနေတယ် ဆိုတာ သေချာနေပြီပေါ့။

ဒါကို ဖြေရှင်းဖို့တော့ Sign out of all other sessions ကို Click လိုက်ပါ
G mail က တစ်ခြား Active ဖြစ်နေတဲ့ Session တွေကို အလိုအလျှောက် Delete လုပ်သွားပေးပါလိမ့်မယ်။
ပြီးတော့မှ Password ကို ချက်ချင်းပြောင်းလိုက်ပါ။

5. Filters တွေကိုလည်း စစ်ကြည့်ပါ
Gmail ရဲ့ Filters တွေကို ကျွန်တော် တို့အကောင့်မှာ တစ်ချို့ ကိုခွဲခြားသတ်မှတ် ထားဖို့ သုံးတယ် ဟုတ်၊ တစ်ခြား
ခွဲခြားထားချင် တဲ့ မေး တွေကို တစ်ခြား အကောင့်ထဲကို Auto Forward လုပ်လို့ လည်း ရတယ် ၊ဖျက်လို့ရသလို
တစ်ခြား များစွာသော Task တွေကို လုပ်လို့ရပါတယ် ၊ စိတ် မကောင်းစွာပဲ Filters တွေ ဟာ G mail account
security ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု လည်း ဖြစ်နိုင်ပါတယ်။
အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ပါ ကိုယ်က Collage က Computer မှာ Mail စစ် ခဲ့တယ် Log out လုပ်ဖို့မေ့ပြီး
အခန်းပြန်လာတယ် သယ်ချင်းတစ်ယောက်က တွေ့သွားပြီး ကိုယ့်မေးထဲမှာ သူ့မေးထဲဝင်ဖို့ Filter လေး ခွဲခဲ့မယ် ၊
အဲဒါ လေးက ကိုယ့်ထဲလာသမျှ ကို သူ့ထဲကို Auto Forward လုပ်ပေးနေပါလိမ့်မယ်။

သူလုပ်ချင်ရင် ကိုယ့်အကောင့်ကို ပါ Reset လုပ်ကောင်းလုပ်မှာပါ။
ဒါကြောင့် ကိုယ် ဖန်တီးထားတာ မဟုတ်တဲ့ G mail setting ထဲက Filters တွေ ကိုစစ်ကြည့်ပါအုံး၊
သံသယ ရှိရင်တော့ ဖျက်ပစ်လိုက်ပါ။

6. သံသယဖြစ်ဖွယ် Link တွေကို မနှိပ်မိပါစေနဲ့
ဘယ် E mail address ကိုမဆို တစ်ယောက်ယောက်က ဟန်ဆောင် E mail တွေ ပို့လို့ ရတဲ့ Wedsides တွေ
ရှိနေပါတယ်၊ အဆိုးဆုံးကတော့ ပို့တဲ့ သူက From address ကို customize လုပ်လို့ရတာပါ noreply@gmail.com
တို့ gmailteam@google.com တို့ပါ။

အခြေအနေ တစ်ခု ကို စဉ်းစားကြည့်ရအောင်ပါ Mr X က Webside တစ်ချို့ကို သုံးပြီး Mail တစ်ဆောင်
ကျွန်တော် ကို ပို့ပါမယ် Security Reason ကြောင့် G mail password ပြောင်းဖို့ပါ။

support@gmail.com လိုမျိုးတစ်ခုခု အဖြစ် From ဆိုတဲ့ Address Field လေး ကို ကြည့်ကြည့်ပါအုံး G mail
ကရော ဟုတ်ရဲ့လားလို့ မဟုတ်ပါဘူး အဲဒါ G mail က၊ Password ချိန်းဖို့ ဒါမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာ
သေချာ ဖို့ Log In ၀င်ကြည့်ဖို့ Mail တွေ များ ကိုယ့်ရဲ့ inbox ထဲမှာ ရနေတယ် ဆိုရင် ရပ်လိုက်ပါနော်။ ကိုယ့်ရဲ့
Inbox ထဲက အဲလို သံသယ ဖြစ်ဖွယ် လင့် တွေကို မနှိပ်မိပါစေနဲ့နော်။ G mail က အကြောင်းပြချက်မရှိဘဲနဲ့
အဲဒီလိုတွေ ဘယ်တော့မှ ခိုင်းမှာ ဟုတ်ပါဘူးတဲ့၊ ဒါကြောင့် ကိုယ့်ကို Password ပြောင်းဖို့ Google ကနေ
ဖြစ်ဟန် ရှိပြီး ပြောလာတဲ့ မေး တွေ ရတယ်ဆိုရင် ကိုယ့်ကိုများ တစ်ယောက်ယောက်က ဟတ် ဖို့ ကြိုးစားနေပြီ
လား ဆိုတာ သံသယ လေး ၀င်ကြည့်ပါအုံးနော်။

7. ဂဏန်းတွေ နဲ့အက္ခရာ ရောနေတဲ့ password တွေသုံးပါ။
နံပါတ်တွေနဲ့ အက္ခရာတွေ နှစ်ခုလုံးပါတဲ့ password ကိုရွေးချယ်ပါ။ Symbols လေးတွေနဲ့ Special characters
လေးတွေ သုံးမယ် ဆိုရင် ပိုကောင်းမှာပါ။ ( !, <, >, / , # etc…)
ကိုယ့်ရဲ့ ဖုန်းနံပါတ်တို့ မိဘနာမည်တွေ Credit card No တွေကို တော့ ကို အကောင့် Password အဖြစ် မသုံးပါနဲ့။
ဖြစ်နိုင်မယ် ဆိုရင် ၁၀ လုံးထက်ကျော်တဲ့ Password ရှည်ရှည် လေး တွေ သုံးပေးပါ။
ကိုယ့်ရဲ့ Password ကိုစာရွက်တွေ ပေါ်မှာ ဒါမဟုတ် ကွန်ပျူတာ ထဲမှာ Text File လေးတွေလုပ်ပြီး အသိမ်းပါနဲ့ဗျာ။
ကိုယ့်ရဲ့ အကောင့်ကို ဟတ် ဖို့ ကြိုးစားနေတဲ့ တစ်ယောက်က password တွေကို ခန့်မှန်းဖို့ ခက်ခဲသွားမှာပါ ။
ပိုရှုပ်လေလေ ပိုပြီး လုံခြုံလေ လေ ပိုကောင်းလေ လေ ပေါ့ဗျာ။ ကျွန်တော်တို့ G mail အကောင့်နဲ့ ကိုယ့်ရဲ့ ဖုန်းနံပါတ်
နဲ့ ဆက်သွယ်ထားသင့်ပါတယ်။ ကျွန်တော် တို့ Password မေ့ပြီး Log In ၀င်လို့ မရတော့ဘူးဆိုရင် အသုံးတဲ့လာမှာပါ။

အဆင်ပြေကြပါစေ...
LCCT -လေဆိပ်မှအိမ်အပြန်ည အမှတ်တရ..၁၄-၈-၂၀၁၃

Clothes PSD လေးနဲ့လန်းရအောင် (ဖိုတိုရှော့စ်သင်ခန်းစာ)

ကျွန်တော်ဒီတစ်ခါ အဆင်သင့်အသုံးပြုနိုင်မယ့် ဘွဲ့ဝတ်စုံလေးတွေ ၊ ပြီးတော့ ၀ါးတီးကုတ်လေးတွေ
ကို PSD ဖိုင်ဖြင့်တင်ပေးလိုက်ပါတယ်။ အဲဘာတွေလုပ်ရလဲဆိုတော့ အဆင်သင့်ဘွဲ့ဝတ်စုံလေးမှာ
ကိုယ့်မျက်နှာတပ်လိုက်ရုံပါပဲ။
ကဲ..ဘယ်လောက်အဆင်ပြေလဲကြည့်ပါအုန်း။

မိမိ ပုံလေးကို ဘွဲ့ဝတ်စုံလေးနဲ့ဧည့်ခန်းမှာထားလိုက်မယ်ဆိုရင် ဟိ..ဟိ.. ဘာရယ်ဘာရယ်တော့

မဟုတ်ပါဘူး လူရှိန်တာပေါ့..။ အများကြီးမပြောတော့ဘူးနော်...အောက်မှဆွဲလိုက်..

                   Download Filecould | Zippyshare | Dropbox

အဆင်ပြေကြပါစေ... လေဆိပ်မှာညအိပ်မရလို့...

LCCT-၁၄-၈-၂၀၁၃ အိမ်အပြန်အမှတ်တရ...

Furious Wheel apk game

 Best Blogger Tips
သူငယ်ချင်းတို့အားလုံးမင်္ဂလာပါနော်
ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ကန္တရ
တောတောင်တွေကြားထဲမှာပြိုင်ကားမောင်းရမှာပါ
အရမ်းကိုကောင်းပါတယ်လို့ညွှန်းပါရစေ
ဒီဂိမ်းရဲ့ရုပ်ထွက်ပိုင်းဆိုင်ရကလည်းထင်သလောက်
မညံ့ပါဘူးဆိုတာscreenshot လေးတွေကိုကြည့်
ရင်သိသာလောက်ပါတယ်..
အားလုံးဘဲကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်မိ
ပါတယ်....ကျွှန်တော်ကတော့ဒီကားကိုမောင်းရင်းနဲ့လမ်းပျောက်ပျောက်သွားတာအကြိမ်ရေမနည်းပါဘူး
တိုက်ပြီးမှောက်တာလဲခဏခဏပါဘဲ..တော်သေးတယ်ပြင်ဆင်စရိတ်ကမကုန်ကျလို့သာ..

အဆင်ပြေကြပါစေ...
LCCT - လေဆိပ်မှအိမ်အပြန်အမှတ်တရ....၁၄-၄-၂၀၁၃

Thursday 8 August 2013

လေပွခြင်းကို သက်သာစေမည့် နည်းလမ်းအချို့

  အစာခြောက်တွေကို အစားများတာကြောင့် အစာမကြေဘဲ လေပွတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ လေပွတာကို အလွယ်တကူ သက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ သင်နေ့စဉ်စားနေကျ အစားအစာတွေကို သတ်မှတ်ထားပြီး အစာစားပြီးတိုင်း ဖြစ်ပေါ်တတ်တဲ့ သင့်ကျန်းမာရေး အခြေအနေကို လေ့လာနိုင်ပါတယ်။ နေ့တိုင်း လေပွတယ်လို့ ခံစားနေရရင် သင်စားနေကျ အစားအစာတွေရဲ့ အစာစားနည်းပုံစံကို ငါးရက်လောက်ပြောင်းကာ စားပေးပါ။

ရေများများသောက်ပါ


တစ်နေ့တာအတွက် လိုအပ်တဲ့ ရေပမာဏထက် နည်းတာကြောင့် အစာမကြေတာနဲ့ မူးဝေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို ရေခြောက်ဖန်ခွက်လောက် သောက်ပေးပါ။ လေပွတာကိုလည်း သက်သာစေနိုင်ပါတယ်။


မနက်စာ စားပါ


အုတ်ဂျုံပါဝင်တဲ့ အစားအစာတွေနဲ့ ဥအမျိုးမျိုး၊ အစေ့အဆန်၊ ဘယ်ရီသီး၊ ဒိန်ချဉ် စတာတွေကို နံနက်ပိုင်းအစားအစာမှာ ပါဝင်အောင် စားပေးပါ။ မနက်စာ စားသူတွေ အနေနဲ့ တစ်နေ့တာ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး၊ စွမ်းအင်တွေကိုလည်း ရရှိစေနိုင်ပါတယ်။


အစာအချို့ကို လျှော့စားပါ


အရောင်ချွတ်ထားပြီး ဖြူဖွေးအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ၊ သကြား၊ ကော်ဖီနဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ ဖျော်ရည်တွေကို လျှော့သောက်ပေးပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်နည်း ဖြစ်စေဖို့ စာအုပ်တွေကို လေ့လာပြီး ချက်ပြုတ်ပါ။


ဖိစီးမှုနည်းပါစေ


စိတ်ဖိစီးမှုကြောင့် သင့်ကို လေပွစေတာမျိုး မဟုတ်ပေမယ့်။ စိတ်ဖိစီးမှုကြောင့် အစာစားမှားရာကနေ လေပွစေတတ်ပါတယ်။ စိတ်ဖိစီးမှု လျော့ပါးစေဖို့ လမ်းလျှောက်လေ့ကျင့်ခန်း၊ တရားထိုင်တဲ့ လေ့ကျင့်ခန်း၊ ယောဂလေ့ကျင့်ခန်းတွေနဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။ အချိန်ပြည့်ဆိုသလို လေ့ကျင့်ခန်း ပြုလုပ်တာမျိုး မဟုတ်ဘဲ စိတ်ကို ပျော်ရွှင်စေဖို့ကို ဦးစားပေးပြီး လေ့ကျင့်ပေးပါ။ လေ့လာမှုတွေအရ အပေါင်းအသင်းတွေနဲ့အတူ လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် စိတ်ကို ပျော်ရွှင်စေနိုင်ပြီး တစ်ရက်မှာ ခြေလှမ်းပေါင်း တစ်သောင်းကျော်လောက် လျှောက်ပေးသင့်တယ်လို့ ဆိုပါတယ်။


အခြားကုသမှု နည်းလမ်းများ


လက်ဖက်စိမ်း လက်ဖက်ရည် ပူပူသောက်တာမျိုး၊ လာဗန်ဒါအရွက်ကို ရေနွေးပူပူနဲ့ သောက်တာမျိုးတွေက လေပွတာကို သက်သာစေနိုင်ပါတယ်။ ရေချိုးဆားနဲ့ ရေခပ်နွေးနွေးထဲမှာ စိမ်ချိုးပါ။ ကိုယ်ဝန်ဆောင်သည် ဆိုရင်တော့ ရေနွေးနဲ့ စိမ်ချိုးတာကို ရှောင်သင့်ပါတယ်။


ဆရာဝန်နှင့် တိုင်ပင်ပါ


အစာစားနည်း ပုံစံပြောင်းလဲပြီး ငါးရက်နဲ့ ၁၀ ရက်ကြာတဲ့အထိ လေပွတာက မသက်သာဘူးဆိုရင်တော့ နားလည်တဲ့ ဆရာဝန်တစ်ဦးရဲ့ အကြံကို ယူသင့်ပါတယ်။ သင့်မှာ တခြားကျန်းမာရေး ပြဿနာတွေ မရှိဘူးဆိုရင်တောင် ဝေဒနာသက်သာစေဖို့ တိတိကျကျ ကုသမှု ပေးနိုင်ပါလိမ့်မယ်။


ကျန်းမာပျော်ရွှင်သောဘ၀လေးကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေ... 

Viber ကနေ ကိုယ် ကိုမလိုချင်တဲ့ messages တွေ ph call တွေမလာအောင်လုပ်နည်း

အခု ကျနော် ပြောပြမှာကတော့ ယောက်ျားလေးများအတွက်အဓိကပေါ့ဗျာ:)
တော်တော်များများကလည်း သိပီးသားဖြစ်မှာပါ။
မသိသေးသောသူများအတွက်ပေါ့ဗျာ ရောင်းရင်းတို့ရာ...
Viber ကနေ ကိုယ် ကိုမလိုချင်တဲ့ messages တွေ ph call တွေဝင်နေ လာနေလို့ စိတ်အနှောက်အရှက်ဖြစ်နေရင် မလာအောင်လုပ်တဲ့နည်းလေးပါ။
အရင်ဆုံး ရှိပြီးသား viber ထဲကနေ exit(from more option)နဲ့ထွက်လိုက်ပါ။
နောက် ပြန်ပီးတော့ activate လုပ်ဖို့အတွက် မိမိဖုန်း နံပါတ်ပြန်ရိုက်ထည့်တဲ့အခါ မိမိဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတစ်လုံး အပိုထည့်ရိုက်လိုက်ပါ။e.g.09400000011 (နောက်ဆုံး 1 ကအပို တလုံးပါ)
Viber ကနေ code အတွက် ဖုန်းခေါ်တဲ့အခါ မိမိရဲ့ဖုန်းထဲကိုပဲ ဝင်ပါတယ်။နောက်ဆုံး ဂဏန်းက အကျုံးမဝင်ပါဘူး။
viber အချင်းချင်းအတွက်ကျတော့ အပိုထည့်လိုက်တဲ့ ဂဏန်းတလုံးက အကျုံးဝင်ပါတယ်။
အဲ..viber code ရပီဆိုရင်တော့ မိမိဆီကို messages,ph call တွေခေါ်စေချင်တဲ့သူကို ကိုကအရင် message ပို့လိုက်ပါ။
ဒါမှ မိမိ အပိုထဲ့ထားတဲ့ viber ph နံပါတ်ကိုသူတို့ကသိမှာပါ။
ဒါဆိုရင်တော့ မိမိဆီကို မပို့စေချင်တဲ့ messagesတွေ မလာစေချင်တဲ့ ဖုန်းcallတွေကို ကာကွယ်ပီးသား ဖြစ်ပြီး viber ကြောင့်စိတ်အနှောက်အရှက်ဖြစ်နေတဲ့ ရောင်းရင်းတို့လဲ အေးဆေးဖြစ်သွားပါလိမ့်မည်။:)

တန်ဖိုးသိမှ တန်ဖိုးရှိတာပါ

ဒီစာစောင်လေးကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် .....
အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။
ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။
သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။
အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။
ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။
အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။
အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား…
" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."
သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။ ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*
တန်းဖိုးသိမှ တန်ဖိုးရှိတယ်...
တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...
တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

facebook စာမျက်နှာမှ..မျှဝေသှ်။။

အဆင်ပြေကြပါစေ...

5_New_Bird_Brushes ဖိုတိုရှော့အတွက်ပါ

ဖိုတိုရှော့ ဝါသနာပါသော သူငယ်ချင်းများအတွက် တင်ပေးလိုက်ခြင်းဖြစ်ပါသည်.။
လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးသောသူများအတွက်ကတော့ လိုအပ်ပေလိမ့်မည်။
သိသလောက်လေး တင်ပေးလိုက်ပါသည်။ဝါသနာရှိရင်တော့ အဆင်ပြေပါတယ်။
BRUSHES လေးကိုဒေါင်းပြီးဖွင့်လိုက်ပါ။5New Bird Brushes ဆိုတာလေးကိုDesktop ပေါ်သို့ 
mouse ရဲ့ လက်ငြိုးခလုတ်လေးကိုဖိပြီးခဏခွဲထုတ်ထားလိုက်ပါ။
ကွန်ပြူတာထဲမှမိမိကြိုက်နှစ်သက်ရာပုံလေးကိုဖွင့်လိုက်ပါ။
 အောက်ပါပြထားသောပုံမှ Windows ကိုရွေးပြီး Brushes ကိုနှိပ်ပါ။
အောက်ပါပုံလေးပေါ်လာတာကိုတွေ့ ပါလိမ့်မည်။သုံးလို့ မရသေးဘဲအရောင်မှိန်နေပါလိမ့်မည်။
အောက်ကပုံလေးကိုတွေရမယ်။ဒါဆိုသုံးလို့ ရပြီ။
ဒီလောက်ဆိုဆက်လုပ်လို့ ရမယ်လို့ မျှော်လင့်ပါတယ်။
ဒီမှာဒေါင်းပါ။
အဆင်ပြေကြပါစေ...